/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, May 31, 2013

.

၁၂နှစ်ကြာမှ ရွှေကလောင်လက်ဝယ်ရခဲ့သည့် ဟံသာဝတီဦးဝင်းတင်


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm2XrqOH2_zHlhjdt4gBeq2p6F_VikO-Lx1XxD07UKtzA6Wgy6oOFNzNT5AwTe3MqcCgjka6vkUwFNYXi6E_LQC6SI6Md3qejlJm1hwBWmS3-Tr2_aZ1lefI7OKCdA9b-3yylPyjAXBxHJ/s320/306914_663940916954646_1113764568_n.jpg

World Association of Newspaper ကချီးမြှင့်သည့် Golden Pen of freedon ဆုကို သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်အားမေ ၃၀ ရက်က ၎င်းနေထိုင်ရာ ရန်ကင်းမြို့နယ်ရှိ နေအိမ်သို့ Ethical Journalisom Network Director Aidan White ကိုယ်တိုင်လာရောက်၍ ပေးအပ်ချီးမြှင့်ခဲ့သည်။


ယင်းဆုကို သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်အား ၂၀၀၁ ခုနှစ် ကတည်းက ပေးအပ်ခဲ့ချင်းဖြစ်ပြီး ဆရာကြီးထောင်ကျနေသည့်အတွက် ယခုမှပေးကပ်နိုင်ခဲ့သည်။ Golden Assiociation of Newspaper က နှစ်စဉ်ချီးမြှင့်သည့် Golden Pen of freedon ဆုကို မြန်မာနိုင်ငံက သတင်းစာဆရာကြီး ဦးစိန်ဝင်းက ၁၉၆၃ ခုနှစ်အတွက် ရွှေးချယ် ချီးမြှင့်ချင်းခံခဲ့ရပြီး Eleven Media Group ကလည်း ၂၀၁၂ ခုနှစ်အတွက် ရရှိခဲ့သည်။

ထို့ပြင်စာရေး ဆရာမ စန်းစန်းနွဲ့ ( သာယာဝတီ)လည်းရရှိခဲ့သည်။ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်အား Golden Pen of freedon ဆုလာရောက်ချီးမြှင့်သည့်နေ့သည် ဒီပဲယင်း ၁၀ နှစ်တင်းတင်း ပြည့်နေ့ လည်းဖြစ်သည်။



By: National League for Democracy

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။