/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, April 29, 2013

.

မြန်မာနိုင်ငံ၏ ပထမဦးဆုံးအဖြစ် Huawei Showroom စတင်ဖွင့်လှစ်မည်ဖြစ်ပြီး တစ်နိုင်ငံလုံးအနှံ့ ဖွင့်လှစ်သွားရန် စီစဉ်

မြန်မာနိုင်ငံ၏ ပထမဦးဆုံးအဖြစ် Huawei Showroom ကို မေလ ၅ ရက်နေ့တွင် စတင်ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးအနှံ့ Showroom အများအပြားကို ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူက ပြောသည်။


“ရန်ကုန်မြို့မှာချည်းပဲ Showroom (၂၀) ကို ယခုနှစ်အတွင်း ဖွင့်လှစ်သွားနိုင်ဖို့ စီစဉ်ထားပါတယ်။ နောက်ပိုင်း မြန်မာနိုင်ငံရဲ့ အချက်အချာ မြို့ကြီးတွေမှာ ဆက်လက် ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ Branded Shop အဖြစ် ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်” ဟု Huawei မှ တာဝန်ရှိသူက ပြောသည်။

အသစ်ဖွင့်မည့် Huawei Showroom တွင် Handset များအပြင် Huawei Media Pad နှင့် MBB (Mobile Broad Band) များလည်း ဝယ်ယူရရှိမည် ဖြစ်ကြောင်းလည်း သိရသည်။ 

Huawei အနေဖြင့် ပြည်တွင်းမိုဘိုင်း အရောင်းကုမ္ပဏီများနှင့် ပူးပေါင်း၍ Huawei ဝန်ဆောင်မှု စင်တာ များကို မြန်မာနိုင်ငံအနှံ့ မြို့ကြီးများတွင် ဖွင့်လှစ်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

ပြည်တွင်းမိုဘိုင်း အရောင်းကုမ္ပဏီများနှင့် ပူးပေါင်း၍ Huawei ဝန်ဆောင်မှု စင်တာများ ဖွင့်လှစ်ဆောင် ရွက် ပေးရာ၌ တရားဝင် တင်သွင်းသော ထုတ်ကုန်များအတွက်သာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ Huawei ထုတ်ကုန်များမှာ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၀ ကျော်ကို ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။ 

လက်ရှိ စတင်ဖွင့်လှစ်တော့မည့် Huawei Showroom များတွင် Huawei တံဆိပ်နှင့် ပတ်သက်၍ ထုတ်ကုန်များကို သီးသန့်ရောင်းချသွားခြင်း ဖြစ်ကြောင်း မေလ ၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ဖွင့်လှစ်မည့် Huawei Showroom တွင်လည်း Huawei ၏ နောက်ဆုံးပေါ် မော်ဒယ်ဖြစ်သည့် D2 နှင့် Mate များအား အရေအတွက် အကန့်အသတ်ဖြင့် ရောင်းချပေးသွားမည်ဟု Huawei မှ တာဝန်ရှိသူက ဆိုသည်။

အဆိုပါ Showroom ကို ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းရှိ ရွှေပြည်အေးကွန်ဒိုတွင် ဖွင့်လှစ် မည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်က Huawei Smart Phone (၃၆) သန်းအား တစ်ကမ္ဘာလုံး နေရာအနှံ့အပြားသို့ ရောင်းချနိုင်ခဲ့ပြီး မြန်မာနိုင်ငံမှ ဝယ်လိုအား (၁) သန်းရှိခဲ့ကြောင်း ၂၀၁၃ ခုနှစ် မေလ ၅ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။