နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဧပြီ ၂၉ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ကျင်းပသည့် ကုလ သမဂ္ဂက ကြီးမှူးကျင်းပသည့် ဒေသဆိုင်ရာဖွံ့ဖြိုးရေးမူဝါဒဆိုင်ရာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် လျက်ရှိကြောင်း သတင်းရရှိသည်။
အဆိုပါဆွေးနွေးပွဲတွင် စီးပွားရေးရိုက်ခတ်မှုများနှင့်သဘာဝဘေးအန္တရာယ်များ၏ခြိမ်းခြောက်မှုများအပေါ် တုံ့ပြန်နိုင်မည့်နည်းလမ်းများ ရှာဖွေရန်နှင့် အားလုံးပါဝင်ပြီး ရေရှည်ဖွံ့ဖြိုးမှုကို အရှိန်မြှင့်လုပ်ဆောင်နိုင် ရန်အတွက် ဆွေးနွေးမှုများ လုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း သိရသည်။
ကုလသမဂ္ဂအာရှ-ပစိဖိတ်ဒေသဆိုင်ရာစီးပွားရေးနှင့်လူမှုရေးကော်မရှင် (ESCAP) ၏ (၆၉) ကြိမ်မြောက် ဆွေးနွေးပွဲသို့ နိုင်ငံပေါင်း ၄၁ နိုင်ငံမှ အစိုးရထိပ်တန်းအရာရှိကြီးများတက်ရောက်ခဲ့ကြောင်း သိရသည်။
အလားတူ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဧပြီ ၃၀ ရက် ညနေ ၅ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန၌ ကျင်းပမည်ဖြစ် ရာ မြန်မာ့ရုပ်မြင်သံကြားမှ အဆိုပါ အခမ်းအနားကျင်းပပုံများကို တိုက်ရိုက် ထုတ်လွှင့်ပြသ မည်ဖြစ်ကြောင်း သိရသည်။
From...Eleven
Credit : Here
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။