/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, April 29, 2013

.

မြန်မာနိုင်ငံ၏ သမ္မတများ


၁။စ၀်ရွှေသိုက်(၁၈၉၆-၁၉၆၂)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပထမဆုံးသမ္မတအဖြစ် လူသိများ လေသည်။ သမ္မတတာဝန်ကို (၄.၁.၁၉၄၈)မှ (၁၆.၃.၁၉၅၂)ထိ ထမ်းဆောင်ခဲ့သည်။စ၀်ရွှေသိုက်ကို ၁၈၉၆ခု အောက်တိုဘာလ ၁၆ရက် သောကြာနေ့ရှမ်းပြည်နယ် ညောင်ရွှေမြို့ အဖစ၀်ချုံ၊အမိ ဒေါ်စ၀်နန်းဆာတို့မှ ဖွားမြင်သည်။ ငယ် အမည်မှာ စပ်ရွှေဆိုက် ဖြစ်ကာ ရှမ်းတိုင်းရင်းသား ဖြစ်လေသည်။ ၁၉၃၇ခု၊ဇွန်လတွင် မြောက်ပိုင်း သိန္နီစော်ဘွား၏နှမတော် စ၀်ဟုန်ခမ်းနှင့် လက်ထပ်ခဲ့ပြီး သားသမီး၁၁ယောက် ထွန်းကားခဲ့သည်။ စ၀်ရွှေသိုက်သည် (၂၁.၁၁.၁၉၆၂) အသက်၆၆နှစ်တွင် ကွယ်လွန်ခဲ့သည်။

x x x x x x x x


၂။ဒေါက်တာဘဦး(၁၈၈၇-၁၉၆၃)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဒုတိယမြောက် သမ္မတ ဖြစ်လေသည်။သမ္မတ တာဝန်ကို (၁၆.၃.၁၉၅၂)မှ (၁၃.၃.၁၉၅၇)ထိ ထမ်းဆောင်ခဲ့လေသည်။ဒေါက်တာဘဦးကို ၁၈၈၇ခု မေလ ၂၆ရက် ကြာသပတေး နေ့ ဧရာဝတီတိုင်း။ပုသိမ်မြို့တွင် အဖ ဦးဘိုးလှ၊အမိ ဒေါ်ညွန့် တို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်းကိုးယောက် အနက် အကြီးဆုံးသားဖြစ်သည်။ ဘိုးဘေးများမှာမင်းမျိုးမင်းနွယ်ဖြစ်လေသည်။ ၁၉၁၃ခုတွင် ဒေါ်ငြိမ်းငြိမ်း နှင့်လက်ထပ်ပြီးသား၂ယောက်ထွန်းကားခဲ့သည်။ ၁၉၂၂တွင် ဒေါ်ငြိမ်းငြိမ်း အဆုတ်ရောဂါနှင့် ကွယ်လွန် ပြီးနောက် ၁၉၂၃တွင် ဒေါ်အေးနှင့်လက်ထပ်ခဲ့ရာ သားသမီး၅ယောက် ထွန်းကားခဲ့သည်။ ဒေါက်တာဘဦး သည် (၉.၁၁.၁၉၆၃) အသက် ၇၆နှစ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန် ခဲ့သည်။

x x x x x x x x

၃။ဦးဝင်းမောင်(ခ)မန်းဝင်းမောင်(၁၉၁၆-၁၉၈၉)

ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ တတိယမြောက်သမ္မတဖြစ်လေသည်။ သမ္မတတာဝန်ကို (၁၃.၃.၁၉၅၇) မှ (၂.၃.၁၉၆၂)ထိ ထမ်းဆောင်ခဲ့သည်။ ဦးဝင်းမောင်ကို ၁၉၁၆ခု၊ ဧပြီလ၊၁၇ရက် တနင်္လာနေ့ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ လှည်းဆိပ်ရွာတွင် အဖဦးရွှေရင်၊ အမိဒေါ်သာယာတို့မှ ဖွားမြင်ခဲ့သည်။ ကရင်တိုင်းရင်းသားဖြစ်ကာ နိုင်ငံရေးတွင် မန်းဝင်းမောင်ဟု ထင်ရှားလေသည်။ ၁၉၄၂ခုတွင် ဒေါ်မြမေနှင့် လက်ထပ်ကာသားသမီး ၆ယောက် ထွန်းကားခဲ့သည်။ မန်းဝင်းမောင်သည် (၄.၇.၁၉၈၉)အသက်၇၃နှစ် တွင် ကွယ်လွန်ခဲ့သည်။

x x x x x x x x

၎။ဦးနေ၀င်း(၁၉၁၁-၂၀၀၂)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ စတုတ္ထမြောက် သမ္မတ ဖြစ်လေသည်။သမ္မတ တာဝန်ကို (၂.၃.၁၉၇၄)မှ (၉.၁၁.၁၉၈၁)ထိ ထမ်းဆောင်ခဲ့သည်။ ရဲဘော်သုံးကျိပ်ဝင် တစ်ဦးလည်း ဖြစ်လေသည်။ ဦးနေ၀င်းကို ၁၉၁၁ခု၊မေလ၊၂၄ရက်၊ဗုဒ္ဒဟူးနေ့၊ ပြည်ခရိုင်၊ပေါင်းတလည်မြို့တွင် အဖဦးဖိုးခ ၊အမိဒေါ်မိလေးတို့မှ ဖွားမြင်သော သားဦးဖြစ်လေသည်။ ငယ်အမည်မှာ မောင်ရှုမောင်ဖြစ်သည်။ပထမဆုံး ဒေါ်သန်းညွန့်နှင့် လက်ထပ်ကာ သား၁ယောက်၊ ဒုတိယ ဒေါ်တင်တင်နှင့်လက်ထပ်ကာ သား၂ယောက်၊ တတိယ ဒေါ်ခင်မေသန်းနှင့်လက်ထက်ကာ သားသမီး ၃ယောက် ထွန်းကားခဲ့သည်။ ၁၉၇၂ခုတွင် ဒေါ်ခင်မေသန်း ကွယ်လွန်ပြီး ၁၉၇၃ ခုတွင် ဒေါ်နီနီမြင့်နှင့်လက်ထပ်ခဲ့သည်။ ထို့နောက် ၁၉၇၆ခုတွင်ကနောင်မင်း၏ အနွယ်တော် ရတနာနတ်မယ်နှင့်လက်ထပ်ပြီး ငါးလသာပေါင်းသင်းနေထိုင်ခဲ့သည်။ ဦးနေ၀င်းသည် (၅.၁၂.၂၀၀၂) အသက် ၉၂နှစ်တွင်ကွယ်လွန်ခဲ့သည်။

x x x x x x x x

၅။ဦးစန်းယု(၁၉၁၈-၁၉၉၆)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပဉ္စမမြောက် သမ္မတ ဖြစ်လေသည်။သမ္မတ တာဝန်ကို (၉.၁၁.၁၉၈၁)မှ (၂၅.၇.၁၉၈၈)ထိ ထမ်းဆောင်ခဲ့သည်။ဦးစန်းယုကို ၁၉၁၈ခု၊ မတ်လ ၃ရက်၊ တနင်္ဂနွေနေ့၊ ပြည်ခရိုင်၊ သဲကုန်းမြို့ တွင် အဖဦးစံဖေ၊အမိဒေါ်ရွှေလဲ့တို့မှ ဖွားမြင်လေသည်။၁၉၄၇ခုတွင် အင်းစိန် အစိုးရကျောင်း ဆရာမ ဒေါ်သန်းရှိန်နှင့်လက်ထက်ခဲ့ပြီး သမီး၎ယောက် ထွန်းကားခဲ့သည်။ဦးစန်းယုသည် (၂၈.၁.၁၉၉၆) အသက်၇၈နှစ်တွင် ကွယ်လွန်ခဲ့သည်။

x x x x x x x x

၆။ဦးစိန်လွင်(၁၉၂၄-၂၀၀၄)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဆဋ္ဌမမြောက် သမ္မတ ဖြစ်လေသည်။သမ္မတ တာဝန်ကို (၂၅.၇.၁၉၈၈)မှ (၁၂.၈.၁၉၈၈)ထိ ထမ်းဆောင်ခဲ့သည်။ ဦးစိန်လွင်ကို ၁၉၂၄ခု၊ဇန်န၀ါရီလ၊၂၇ရက်၊တနင်္ဂနွေနေ့၊ ပေါင်မြို့တွင် အဖ ဦးရွှေရင်၊ အမိ ဒေါ်မမကြီးမှ ဖွားမြင်လေသည်။ဒေါ်ရွှေတင်(ခ)ဒေါ်တင်တင်လှိုင်နှင့် လက်ထပ်ခဲ့ပြီး သားသမီး ၅ယောက် ထွန်းကားခဲ့သည်။ ဦးစိန်လွင်သည် (၉.၄.၂၀၀၄) အသက်၈၁နှစ်တွင် ကွယ်လွန်ခဲ့သည်။

x x x x x x x x

၇။ဒေါက်တာမောင်မောင်(၁၉၂၅-၁၉၉၄)

ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ သတ္တမမြောက်သမ္မတဖြစ်လေသည်။ သမ္မတ တာဝန်ကို (၁၉.၈.၁၉၈၈)မှ (၁၈.၉.၁၉၈၈)ထိ ထမ်းဆောင်ခဲ့သည်။ဒေါက်တာမောင်မောင်ကို ၁၉၂၅ခု၊ဇန်န၀ါရီလ၊၃၁ရက်၊စနေနေ့၊ မန္တလေးမြို့တွင် အဖဦးဆင့်၊အမိ ဒေါ်အေးတင်တို့မှဖွားမြင်လေသည်။မွေးချင်းအနက် တစ်ဦးတည်းသော သားဖြစ်သည်။၁၉၄၇ခုတွင် ဒေါ်ခင်မြင့်နှင့်လက်ထပ်ခဲ့ရာမှ သားသမီး ၇ယောက်ထွန်းကား ခဲ့သည်။ ဒေါက်တာမောင်မောင်သည် (၂.၇.၁၉၉၄) အသက် ၇၀နှစ်တွင် ကွယ်လွန်ခဲ့သည်။

x x x x x x x x

၈။ဦးသိန်းစိန်(၁၉၄၅)

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အဋ္ဌမမြောက် သမ္မတ ဖြစ်လေသည်။၂၀၀၈ခု၊ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်ဝင်လာပြီးနောက် ပထမဆုံးရွေးချယ်ခံရသော သမ္မတဖြစ်သည်။(၄.၂.၂၀၁၁)တွင် သမ္မတ တာဝန်ကို ထမ်းဆောင်ရသည်။ဦိးသိန်းစိန်ကို ၁၉၄၅ခု ဧပြီလ ၂၀ရက် သောကြာနေ့ ပုသိမ်ခရိုင်၊ ငပုတော မြို့နယ်၊ ကျုံကူးရွာတွင် အဖဦးမောင်ဖြိုး အမိ ဒေါ်ခင်ညွန့်တို့မှ ဖွားမြင်လေသည်။ ဦးသိန်းစိန်မှာ ဒေါ် ခင်ခင်ဝင်းနှင့် လက်ထပ်ပြီးသားသမီး ၃ယောက်ထွန်းကားလေ သည်။ ယခုအခါ နေပြည်တော် ရှိ နိုင်ငံတော် သမ္မတ အိမ်တော်တွင် နေထိုင်လျက်ရှိသည်။

https://www.facebook.com/sanay.minthar

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။