/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, April 29, 2013

.

ဗဟန်းမြို့နယ် ရွှေဂုံတိုင် ကမ္ဘောဇဘဏ်အနီး ရွှေဂုံတိုင်တာဝါ အနောက်ဘက်ရှိ နေအိမ်တစ်လုံးတွင် ယနေ့ နံနက် ၆ နာရီခွဲ ခန့်မှစ၍ မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွား


ဗဟန်းမြို့နယ် ရွှေဂုံတိုင် ကမ္ဘောဇဘဏ်အနီး ရွှေဂုံတိုင်တာဝါ အနောက်ဘက်ရှိ နေအိမ်တစ်လုံးတွင် ယနေ့ နံနက် ၆ နာရီခွဲ ခန့်မှစ၍ မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့သည်။


မီးလောင်ကျွမ်းမှု ဖြစ်ပွားသည့်နေရာမှာ အမှတ် ၅၄၊ ကိုယ်မင်းကိုယ်ချင်း ရပ်ကွက်၊ ဗဟန်းမြို့နယ်ရှိ RC ၂ ထပ်တိုက် ဖြစ်ပြီး နံနက် ၆ နာရီ မိနစ် ၄၀ အချိန်တွင် မီးသတ်ရုံးမှ စတင်သတင်းရရှိခဲ့ကြောင်း သိရသည်။

မီးလောင်မှုကို အုပ်ချုပ်မှုယာဉ် ၇ စီး၊ ထောက်ကူပြုယာဉ် ၂ စီး၊ မီးသတ်ယာဉ် ၄၁ စီးဖြင့် ငြိမ်းသတ်ခဲ့ကာ နံနက် ၇ နာရီ ၁၀ မိနစ် အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၇ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှု အကြောင်းအရင်းမှာ နေအိမ်အပေါ်ထပ်တွင် အမွှေးတိုင်ထွန်းရာမှ ဆိုဖာပေါ်သို့ မီးစကျပြီး စတင်လောင် ကျွမ်းခြင်းဖြစ်ကြောင်း မီးသတ်ဌာနမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။



Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။