/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, April 29, 2013

.

ဟန်ဝင်းအောင်နှင့် အဖွဲ့အား အလိုရှိသည် ကြော်ငြာများ ကပ်၍ ဖမ်းဆီးပြီ

လက်ပံတောင်း ဒေသတွင် ရွာသူရွာသားများ အကြား သွေးထိုး မြှောက်ပင့်ကာ ဆူပူမှုများ ဖြစ်စေသည့် ဟန်ဝင်းအောင်နှင့် အဖွဲ့ အား အလိုရှိသည် ကြော်ငြာများ နေရာအနှံ့ကပ်၍ ဖမ်းဆီးမှု စတင်နေပြီ ဖြစ်ကြောင်း သိရသည်။

အစောပိုင်း ဝေငှခဲ့သည့် စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့၏ ကြေညာချက်၌ အမှုဖွင့်ခံရသူများကို သ တင်းပေး တိုင်ကြားရန် ပျက်ကွက် သူများအား ထောင်ဒဏ် ၆ လ အထိ ချမှတ်ခံရ နိုင်ကြောင်း၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၇၆ တွင် ပြဋ္ဌာန်းထား ကြောင်း၊ သေဒဏ်ပြစ်မှု ကျူးလွန်သူကို လက်ခံထားပါက ၅ နှစ် ထောင် ဒဏ်၊ တစ်ကျွန်း သို့မဟုတ် ၁၀ နှစ် ပြစ်မှုကျူးလွန်သူကို လက်ခံထားက ထောင်ဒဏ် ၃ နှစ်အထိ၊ တစ်နှ စ်နှင့် ဆယ်နှစ် အကြား ထောင်ဒဏ်ထိုက်သင့် သူကို လက်ခံထားပါက ပြဋ္ဌာန်း ကာလ၏ ၄ ပုံ ၁ ပုံကို အပြစ်ေ ပးနိုင်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၁၂ တွင် ပြဋ္ဌာန်းထားကြောင်း ဖော်ပြထားသည်။


ဟန်ဝင်းအောင် နှင့် အဖွဲ့သည် အခွင့်အရေး အပြည့်အ၀ ရမည်ဟူသော မက် လုံးဖြင့် ရွာတစ်ရွာအား စည်း ရုံး ထားပြီး အခိုင်အမာ အခြေချ နေထိုင်လျှက် ရှိကြောင်း သိရသည်။ ဆူပူသူများအား ဖမ်းဆီးနိုင်ရေး အ တွက် ခရိုင်ရဲတပ်ဖွဲ့ အား အတိုက်အခံ ပါတီကြီး တစ်ခုမှ အကူအညီ ပေးလျှက် ရှိပြီး ပြည်သူများ ကလည်း ပူးပေါင်း ဆောင်ရွက်လျှက် ရှိသည်။


Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။