မြန်မာပြည်ရှိ သတင်းဂျာနယ်တိုက် တစ်တိုက်က သတင်းထောက်ပေါက်စတဦးအား ကားမှောက်မှူ တခုကို သတင်းယူရန် ပထမ ဆုံး တာဝန်ပေး၏။
အချိန်တန်တော့ ....အယ်ဒီတာထံ ယူလာသည့် သတင်းအား တင်လိုက်၏။
ယနေ့ယာဉ်မှောက်မှူ ဖြစ်ပွားရာ မသီသီတင့် အသက် ( ၂၁နှစ် ) အနည်းငယ် ဒဏ်ရာ ရရှိသွားသည်။
သို့သော် သူမ၏ ရင်သား မှ ပြတ်ရှ ဒဏ်ရာကို တိုက်နယ်ဆေးရုံတွင် ဂရုတစိုက် ကုသပေးလိုက်သဖြင့် အခြေအနေကောင်းသွားပြီဖြစ်သည်။
အယ်ဒီတာမှ ရေးထားသောသတင်းကို ဖတ်ကြည့်ပီး သတင်းထောက်ပေါက်စ လေးကို အသေအလဲ ဆူဆဲလေတော့၏။
" မင်းသိထားဖို့က ငါတို့ ဂျာနယ်က မိသားစုဆိုင်ရာ သတင်းဂျာနယ်ကွ....×××...ဒါကြောင့် ရင်သား ဆိုတဲ့ စကားလုံးကို မသုံးဖူး။
ဒီတော့ မင်းသိထားဖို့က ဒီထက်ပိုယဉ်ကျေးတဲ့စကားလုံး ပြောင်းပြီး ပြန်ပြင် ရေးပီး သတင်းထဲ့လိုက်..
.ကြားလားဟေ့ကောင်ေ×ာက်သုံးကိုမကျဖူး.....တောက်....".....ဟု ဒေါသကြီး စွာဖြင့်ကျိမ်းမောင်းပီး အိမ်ပြန်သွားလေ၏။
သတင်းထောက်ပေါက်စ လည်း ခေါင်းအတော်ချောက်သွား၏။
အချိန်အတန်ကြာစဉ်းစားပြီး ပြန်ရေးလိုက် ပြန်ပြင်လိုက်ဖြင့် အကောင်းဆုံးဖြစ်၇န်ကြိုးစားလေ၏။
သို့နှင့်......နောက်တရက်ထွက်ဂျာနယ်တွင် ပါလာသည့် သတင်းမှာ.......
ယနေ့ယာဉ်မှောက်မှူ ဖြစ်ပွားရာ မသီသီတင့် အသက် ( ၂၁နှစ် ) အနည်းငယ် ဒဏ်ရာ ရရှိသွားသည်။
သို့သော် သူမ၏ (.) (.) မှ ပြတ်ရှ ဒဏ်ရာကို တိုက်နယ်ဆေးရုံတွင် ဂရုတစိုက် ကုသပေးလိုက်သဖြင့် အခြေအနေကောင်းသွားပြီဖြစ်သည်။....တဲ့
တိန်
Credit : Here
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။