/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, April 29, 2013

.

သုံးဘီးဆိုင်ကယ်ဖြင့် မူးယစ်ဆေးဝါး၊ ဘိန်းဖြူ၊ စိတ်ကြွဆေးပြား သယ်ဆောင် လာသူများအား ဖမ်းဆီးအရေးယူ

၂၇-၄-၂၀၁၃ ရက်နေ့ ၁၆၀၅ အချိန် ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ ဗလမင်းထင် ပူးပေါင်းစစ်ဆေးရေး ဂိတ်တာဝန်ကျ ပူးပေါင်းအဖွဲ့သည် သတင်းအရ ၀ိုင်းမော်မှ မြစ်ကြီးနားသို့ မောင်းနှင်သည့် ခရီးသည်တင် သုံးဘီးဆိုင်ကယ်အား ရှာဖွေစစ်ဆေးခဲ့သည်။


ထိုသို့စစ်ဆေးရာ သုံးဘီးဆိုင်ကယ်ပေါ်တွင် မြစ်ကြီးနားမြို့နယ်၊ လယ်ကုန်းရပ်ကွက်၊ နယ်မြေ(၅ )နေ ဒေါ် ချန်းနန် (၄၅)နှစ်နှင့် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ တွယ်ဆန်နယ်မြေနေ ဦးဖိုးထိုက်(၄၀)နှစ်တို့ ထိုင်နေသည့် ၀ဲဘက်ထိုင် ခုံအောက်မှ မြွေရေခွံအိတ်အတွင်း တရုတ်စာတမ်းပါ စက္ကူဂျပ်ဖာအတွင်း ထည့်လျက် LOVE Is FLower စာတမ်းပါ ရောင်စုံဆပ်ပြာခွက်အတွင်း ပလပ်စတစ် အိတ်များဖြင့် ထည့် ထားသည့် ဘိန်းဖြူအလေးချိန် ၁၃ ဂရမ်ခန့်စီပါ ဆပ်ပြာခွက်(၁၀)ခွက်၊ စုစုပေါင်း အလေးချိန် (၁၃၀) ဂရမ်ခန့်၊ အပြာရောင်ပလပ်စတစ် ကပ်ခွာအိတ်ဖြင့်ထည့်လျက် WY စာတမ်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၁၉၂ ပြားစီပါ ၁၉ ထုပ်၊ စုစုပေါင်းဆေးပြား ၃၆၄၈ ပြားအလေးချိန် ၃၆၄.၈ ဂရမ်ပါ ၁ ထုပ်၊ အဖြူရောင်ကြွပ်ကြွပ် အိတ် အတွင်း အနက်ရောင် ကြွပ်ကြွပ်အိတ်ဖြင့်ထည့်၍ အ၀ါရောင်တိပ်ဖြင့် ပတ်ထားသည့် FLower စာတမ်းပါ ရောင်စုံဆပ်ပြာခွက် များအတွင်း ပလပ်စတစ်အိတ်များဖြင့်ထည့်လျက် ဘိန်းဖြူ ၁၃ ဂရမ်စီပါ ဆပ်ပြာ ခွက်(၁၁)ခွက်၊ အလေးချိန် ၁၄၃ ဂရမ်ခန့်ပါ (၁)ထုပ်တွေ့ရှိခဲ့၍ ဘိန်းဖြူ ဆပ်ပြာခွက် စုစုပေါင်း(၂၁)ခွက်၊ ဘိန်းဖြူ စုစုပေါင်းအလေးချိန် ၂၇၃ ဂရမ်ခန့်၊ တန်ဘိုးငွေကျပ် ၁၃၆၅၀၀၀၀ိ/- နှင့် စိတ်ကြွဆေးပြား စုစုပေါင်း ၃၆၄၈ ပြား၊ တန်ဘိုးငွေကျပ် ၁၀၉၄၄၀၀၀ိ/-၊ ဘိန်းဖြူ/စိတ်ကြွဆေးပြား စုစုပေါင်းတန်ဘိုးငွေကျပ် ၂၄၅၉၄၀၀၀ိ/- တို့အား သိမ်းဆည်းရမိခဲ့သည်။



စစ်ဆေးချက်အရ သုံးဘီးဆိုင်ကယ်အား ၀ိုင်းမော်မှ မြစ်ကြီးနားသို့ အခကြေးငွေပေး၍ ငှားရမ်းလာခြင်း ဖြစ်ပြီး မူးယစ်ဆေးဝါး၊ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများအား လက်ဝယ်တွေ့ရှိသူ ဒေါ်ချန်းနန်နှင့် ဖိုးထိုက်တို့ (၂)ဦးအား ၀ိုင်းမော်ရဲစခန်း မယ(ပ)၆၆/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉ (က)/၂၁ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။

ရဲဇာနည်

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။