/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, March 19, 2013

.

Samsung Galaxy S4 အကြောင်း သိကောင်းစရာ

Samsung Galaxy S4 ထွက်လာခြင်းဟာ ရင်ခုန်မှု တခုထက် ပိုတဲ့ မျှော်လင့်ခြင်းတွေနဲ့ ပါလို့  Samsung Galaxy ပရိသတ်တယောက်က ပြောပါတယ် ။

Galaxy S4 နဲ့  Galaxy S3 တို့ ရဲ့ကွာခြားချက်နှိုင်းယှဉ်ပြထားပုံ ( ဓာတ်ပုံ -CNet)

မထင်မှတ်လောက်အောင်အောင်မြင်မှုရခဲ့တဲ့ Galaxy S 3 ကြောင့် Samsung ဖုန်းပရိသတ်တွေဟာ ထွက်ရှိလာမယ့် Galaxy S4 ကို မျှော်လင့်တကြီး စောင့်ကြည့်ခဲ့ကြပါတယ်။

Samsung ကုမ္မဏီ ကလည်း အရင်တုန်းကလို အာရှနိုင်ငံကြီးတွေမှာသာ မိတ်ဆက်ပွဲ ပြုလုပ်ခြင်းကနေ အခုတော့ လမ်းဖောက်ထွက်ပြီး ထူးခြားတဲ့အစီအစဉ်တွေ နဲ့ နယူးယောက် မြို့ မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

၂၀၁၂ ရဲ့ အရောင်းရဆုံးဖုန်းဖြစ်ခဲ့တဲ့ Samsung Galaxy S 3 ရဲ့နောက်ထပ်မျိုးဆက်သစ် Galaxy S4 ဟာ Andriod 4.2.2 Jelly Bean အသုံးပြုထားပြီး ကိုယ်ထည်အစိတ်အပိုင်း ( Hardware) ပိုင်းမှာ တော်တော် အဆင့်မြှင့်ထားသလို ၊ ထူးခြားဆန်းသစ်တဲ့ နည်းပညာတွေ ထည့်သွင်းထားပါတယ်။

နောက်ပြီး ဒီဖုန်းဟာ 7.9mm deep (0.31 inch), 130g (4.6 ounces) သာ ရှိတာကြောင့် ပိုမိုပါးလွှာပြီး ၊ ပိုမိုလည်း ပေါ့ပါးလာပါတယ်။

နဂိုမူလ Galaxy S3နဲ့ ကိုယ်ထည်အတိုင်းအတာ အတူတူပါပဲ။ ဖုန်းမျက်နှာပြင်သာ အနည်းငယ် ကြီးလာတာပါ။

ဒါ့အပြင် ဖန်သားပြင်ကြည်လင်မှုအနေနဲ့ resoultion (1080) ရှိလာပြီး ဘတ်ထရီ ကလည်း ( 2,600 mAh) အထိ တိုးတက်လာပါတယ်။

အရေးကြီးတဲ့ Processor ကတော့ ( 1.9 GHz quad-core or 1.6 GHz octa-core) ဖြစ်လာပါတယ်။

ဓာတ်ပုံရိုက်တာနှစ်ခြိုက်သူတွေအတွက်တော့ 13 mega pixels ထိ မြှင့်တင်ပေးထားတဲ့အတွက် Apple ရဲ့ iPhone တွေထက် နှာတဖျားသာအောင် စွမ်းဆောင်ထားတာလို့ ဆိုရပါမယ်။

ကောလာဟလတွေ ထွက်ခဲ့သလိုပါပဲ - ထူးခြားတဲ့ စွမ်းဆောင်ရည်တွေအနေနဲ့  Eye-tracking စနစ် ပါဝင်လာပြီး စာဖတ်နေတဲ့အခါ သို့မဟုတ် ဗီဒီယို ကြည့်နေတဲ့အခါ မျက်လုံးရဲ့ စေစားရာကိုလိုက်ပြီး အလုပ် လုပ်ပေးမှာဖြစ်ပါတယ်။

ဥပမာ အနေနဲ့  ဗီဒီယို ကြည့်နေတုန်း အခြားဘက်ကို မျက်စိလွှဲလိုက်ပါ က ဖုန်းရဲ့ Eye-tracking စနစ်က ဗီဒီယိုကို အလိုအလျောက် ခေတ္တရပ်တန့် ပေးထားမှာဖြစ်ပါတယ်။

ဒါမှမဟုတ် - စာဖတ်နေတယ်ဆိုလျှင်လည်း နောက်တမျက်နှာကို လက်ဖြင့် နှိပ်စရာမလိုဘဲ မျက်လုံးက စာမျက်နှာရဲ့ အောက်ဆုံးကို ရောက်သွားတာနဲ့  နောက်စာမျက်နှာကို အလိုအလျောက် ပြောင်းရွှေ့ ပေးမှာ ဖြစ်ပါတယ်။


Samsung Galaxy S4 ဟာ သူ့ရဲ့ ယှဉ်ပြိုင်ဘက် ကုမ္မဏီတွေရဲ့ HTC One, Nokia Lumia 920 နဲ့ iPhone 5 တို့ နဲ့ ဈေးကွက် ယှဉ်ပြိုင်လုရမှာဖြစ်ပါတယ်။

လာမယ့်လမှာ စတင်ရောင်းချသွားမယ့် ဒီဖုန်းရဲ့ ဈေးနှုန်း ဘယ်လောက် ရှိမယ် ဆိုတာကိုတော့ Samsung က ကြေညာခြင်းမရှိသေးပါဘူး။ Samsung Galaxy S4 က ကြော်ငြာအား တော်တော်ကောင်းပါတယ်။ ဒီအကြောင်း ဧရာဝတီ ဘလော့ http://blog.irrawaddy.org/2013/03/samsung-galaxy-s4.html မှာ ဖော်ပြခဲ့ပြီးပါပြီ။ ဘယ်တော့ မိတ်ဆက်ပွဲလုပ်မယ်၊ ဘယ်လို နည်းပညာသစ်တွေ ပါမယ် စသဖြင့် ဒီဖုန်းသစ်အကြောင်းကို အိုင်တီသတင်းအများအပြားမှာ တွေ့ခဲ့ရပါတယ်။

ကြော်ငြာတွေကြီးကျယ်ခဲ့သလို ပရိသတ်ရဲ့ စောင့်စားခဲ့တဲ့ Samsung Galaxy S4 ဟာ လူတွေရဲ့ နည်းပညာသစ်တွေ ထည့်သွင်းနိုင်မှု မျှော်လင့်ချက်ကို ဖြည့်ဆည်းနိုင်ခဲ့ပါပြီ။ ဒါပေမယ့် ဖုန်းကိုယ်ထည် ဒီဇိုင်းပိုင်းမှာ အခြားဖုန်းတွေထက် အားနည်းချက်တွေရှိတယ်လို့  မိုဘိုင်းဖုန်း နည်းပညာသမားတွေက ဆိုပါတယ်။

ဒါ့အပြင် LG Nexus 4 နဲ့ Nokia Lumia Series ဖုန်းတွေမှာလို wireless charging စနစ် ပါဝင်ဖို့ ဖုန်းချစ်သူပရိသတ်တွေက လိုလားနေပါတယ်။

Samsung အနေနဲ့  ဒီနည်းပညာကို ထည့်သွင်းပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

အားလုံးခြုံကြည့်ရင်တော့ မိုဘိုင်းဖုန်းလောကမှာ အဆင့်အမြင့်ဆုံးဖုန်းတွေထဲက တလုံးဖြစ်ပြီး ထူးခြား ဆန်းသစ်တဲ့ နည်းပညာကို အသုံးပြုလိုသူတွေ နှစ်ခြိုက်မယ့် ဖုန်းတလုံးပါ။


ဝယ်ယူချင်လို့၊ လေ့လာချင်လို့ Samsung ရဲ့ ကြော်ငြာကို ကြည့်ချင်တယ်ဆိုရင်တော့ အထက်ပါ ရုပ်သံမှာ ကြည့်နိုင်ပါပြီ။ လောလောဆယ်တော့ ကြည့်ရှုသူ ပရိသတ် သုံးသန်း ရှိသွားပါပြီ။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။