/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, March 19, 2013

.

ပျားအဆိပ်သည် HIV ပိုးကို တားဆီး ကာကွယ်နိုင်ကြောင်း သုတေသန ပညာရှင်များ လေ့လာ တွေ့ ရှိ


"melittin" အမည်ရှိ ပျားအဆိပ် တစ်မျိုးသညHIV ပိုးကို တိုက်ဖျက်နိုင်ပြီး ၎င်းပတ်ဝန်း ကျင်ရှိ အခြားဆဲလ် များ ကို ထိခိုက်စေခြင်း မရှိကြောင်း အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဆေးတက္ကသိုလ်မှ သုတေသန ပညာ ရှင်များက လေ့လာ တွေ့ရှိခဲ့သည်။

AIDS ရောဂါ ဖြစ်စေနိုင်သည့် HIV ပိုး ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်သည့် ga(ဂျဲလ်) တစ်မျိုးကို ထုတ်လုပ် ရာတွင် ပျားအဆိပ်သည် အရေး ပါသောကြောင့် အဆိုပါ လေ့လာတွေ့ ရှိမှုကို ချီးကျူး ဂုဏ်ပြုခဲ့ကြသည်။

"melittin" အမည်ရှိ ပျားအဆိပ်ကို သေးငယ်သော အမှုန်အစိတ် အပိုင်းများဖြစ်အောင် သိပ္ပံ ပညာရှင်များ က ဖန်တီးခဲ့ကြပြီး HIV ဆဲလ်များပေါ်သို့ ထည့်သွင်းလိုက်သည့် အခါတွင် HIV ဆဲလ်များ သေ ဆုံးခဲ့သည် ကို သိပ္ပံပညာ ရှင်များက လေ့လာ တွေ့ရှိခဲ့သည်။

အဆိုပါ လေ့လာမှုကို အမေရိကန် ပြည်ထောင်စု စိန့်လူးဝစ်မြို့ရှိ ဝါရှင်တန် ဆေးတက္ကသိုလ်မှ သုတေသန ပညာရှင် များ အဖွဲ့က လုပ်ဆောင်ခဲ့ပြီး HIV ပိုး ကူးစက် ပျံ့နှံ့ခြင်းကို ကာကွယ်ရန် အတွက် ပျားအဆိပ်ကို အမျိုး သမီး အင်္ဂါတွင် ထည့်သွင်းသည့် ဂျဲလ်ထဲတွင် ထည့်သွင်း အသုံးပြုနိုင်ကြောင်း သုတေသန ပညာရှင် ဒေါက် တာ ဂျို့စ်ဟွာ အယ်လ်ဟုဒ်က ပြောကြားခဲ့သည်။

HIVပိုးကနဦး ကူးစက်ခံရမှုကို ထိန်းချုပ်နိုင်ရန် ကာကွယ်ရေး အစီအစဉ် တစ်ရပ်အဖြစ် ပြည်သူများသည် ၎င်းဂျဲလ် ကို အသုံးပြုနိုင်မည် ဟု မျှော်မှန်းထားကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အမှန်စင် စစ်အားဖြင့် HIV ပိုးတိုက်ဖျက်သည့် ဆေးဝါး အများစုသည် ဗိုင်းရပ်စ်ပိုးများ မျိုးပွားခြင်းကို ဟန့် တား နိုင်စွမ်းသာရှိပြီး ပျားအဆိပ်များသည် ဗိုင်းရပ်စ်ပိုး ဖွဲ့စည်း တည်ဆောက်ပုံကို အမှန်တကယ် တိုက် ဖျက် နိုင်စွမ်းရှိ၍ ကူးစက်မှုကို ကာကွယ် နိုင်စွမ်းရှိသည် ကို သုတေသန ပညာရှင်များက တွေ့ရှိခဲ့သည်။

ထို့ပြင် ပျားအဆိပ် အမှုန်လေး များသည် အကျိတ်ဆဲလ်များကို သေစေရန် အသုံးပြုနိုင်သည့် ထိရောက်ေ သာ နည်းလမ်း တစ်ခုဖြစ်လာ နိုင်ဖွယ် ရှိကြောင်း ဒေါက်တာ အယ်လ်ဟုဒ်က ပြောကြားခဲ့သည်။

မြ၀တီ

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။