/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, March 19, 2013

.

နိုင်ငံတကာစည်းကမ်းအတိုင်းလိုက်နာဆောင်ရွက်လျှင် မြွေတောင်ဖားတောင်စီမံကိန်းကို လက်ခံသင့်ကြောင်း (၈၈) ကျောင်းသားခေါင်းဆောင်ပြောကြား


မင်းကိုနိုင်၊ ကိုကိုကြီးဦးဆောင် သော (၈၈) မျိုးဆက်ကျောင်းသား များ ယခု မတ်လ (၈) ရက်နေ့ က မြောက်ပိုင်းချင်းတောင်တီးတိန်မြို့ သို့ရောက်ရှိပြီးဒေသခံလူထုနှင့် တွေ့ဆုံကာ၊ ကလေး ချင်းတောင် ဒေသမြွေတောင် ဖားတောင်စီမံ ကိန်းနှင့် ပတ်သက်၍နိုင်ငံတကာ မှသတ်မှတ် ထားသောစံချိန်စံညွှန်း နှင့် အညီလုပ်ကိုင်တူးဖော်လျှင် သဘောတူလက်ခံသင့်ကြောင်း (၈၈) မျိုးဆက်ကျောင်းသားခေါင်း ဆောင်မှပြောကြားသည်။

“မြွေတောင်ဖားတောင်စီမံကိန်း နှင့် ပတ်သက်လို့လုပ်ကိုင်မယ်ဆို ရင်လုံးဝကန့်ကွတ်တာမျိုးမဟုတ် ဘဲ။ တူးဖော်မယ့်နိုင်ငံ၊ တူးဖော် မယ့်ကုမ္ပဏီပေါ့နော်။ နိုင်ငံတကာ မှာ အသုံးပြုပြင်ဋ္ဌာန်းထားတဲ့ စည်းကမ်း စံချိန်စံညွှန်းတွေနှင့် ကိုက်ညီမယ်ဆိုရင်လက်ခံသင့်ပါ တယ်”ဟု ယင်းကျောင်းသားခေါင်း ဆောင် တစ်ဦးဖြစ်သည့်မမာမာဦး မှပြောသည်။

ကလေး၊ ချင်းတောင်ဒေသ ရှိမြွေတောင် ဖားတောင်သတ္တုတူး ဖော်ရေးလုပ်ငန်းကို တရုတ်၊ ကုမ္ပဏီ ဖြစ်သည် “အာရှမီးနင်းစတား” ကုမ္ပဏီမှလာမည့် (၂၀၁၃) ဇူလိုင် လတွင်လုပ်ငန်းများစတင်တော့ မည် ဟု သိရသည်။ ဒေသခံတို့အနေ ဖြင့် မြွေတောင် ဖားတောင်နေရာ သည်ရှေးပဝေသဏီကာလမှ စတင် နေထိုင်ခဲ့သည့်နေရာဖြစ်သည့်အား လျှော်စွာ ယနေ့အချိန်ထိမြွေတောင် ဖားတောင်ပေါ်တွင် သစ်တောဝါး တောကြီးများ စိမ့်စမ်းလျှိုမြောင် ကြီးများရှိနေသေးသည့်နေရာဖြစ် သည်။

ထို့ကြောင့် ထိုစီမံကိန်း ကြောင့် သစ်ဝါးထုတ်လုပ်သည့် လုပ်ငန်းများ၊ လယ်ယာလုပ်ငန်း များပျက်စီ ဆုံးရှုံးကြရမည်ကိုစိုးရိမ် နေကြသည်။ စီမံကိန်းအထမြောက် အောင်မြင်သည်ဆိုလျှင်ပင်တိုင်း ပြည် အတွက် ဒေသခံတို့အတွက် ဒေသခံတို့နေထိုင်သည့်ပြည်နယ်၊ တိုင်းအတွက်အကျိုးခံစားခွင့် များ နှင့် ရေရှည်ခံစားရရှိကြရမည့် သဘာဝပတ်ဝန်းကျင်ပျက်စီးယို ယွင်းလာမှုနှင့် ဆိုးကျိုးတို့ကို တွက်ဆရန် လိုအပ်နေကြောင်း ဒေသခံ တို့ကပြောသည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။