/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, March 19, 2013

.

သတင်းမှားဟု စွပ်စွဲခံရသည့် 1st Music News ဂျာနယ်နှင့် အာကျယ် မသွဲ့သွဲ့ဝင်းတို့ ပြဿနာ

“မသွဲ့သွဲ့ဝင်း သတင်းမှား ရေးသားသူ မုံရွာမောင်သုံ နှင့် The First Music News- ဂျာနယ်အား မသွဲ့သွဲ့ ဝင်းက ရှင်းလင်းခွင့်ပြန်တောင်း”
**********************************************

The First Music New- ဂျာနယ် အမှတ်(၃၂၆) ၁၉-၃-၂၀၁၃-ရက်စွဲပါ “မြောက်ပိုင်း ပါချောင်ဒေသမှာ ကျောင်း သားအများအပြားကို သတ်ဖြတ်ခဲ့တဲ့ အမှုမှာ တာဝန်မကင်းသူ ABSDF-က နိုင်အောင်၊ ဇနီး ခင်ဥမ္မာ နဲ့ မိုးသီးဇွန်တို့က ကမကထပြုပြီး လက်ပံတောင်းတောင် ကြေးနီ စံမံကိန်း သပိတ်က- မသွဲ့သွဲ့ ဝင်းကို ထိုင်းနိုင်ငံသို့ ဖိတ်ခေါ်ကာ (၁၂)ကြိမ်မြောက် အမျိုးသမီး နှီးနှော ဖလှယ်ပွဲ တက်ရောက်ေ စခဲ့ကြောင်း သိရ”

ခေါင်းစဉ်နှင့် ရေးသားထားသော သတင်းအချက်အလက်များမှာ မသွဲ့သွဲ့ဝင်းနှင့် လုံးဝမသက်ဆိုင်သော သတင်း မှားများ ဖြစ်နေကြောင်း၊ မသွဲ့သွဲ့ဝင်းမှာ အပြီးသတ် အစီရင်ခံစာ ထွက်ပြီးသည်မှ ယနေ့ အချိန် ထိ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုမရှိသေးကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် ဂုံတော၊ ကံကုန်း၊ ကျော် ရွာ၊ ဝက်မှေး၊ ကန်တောရွာသစ်၊ တုံသပိတ်စခန်း၊ ဆည်တည်း၊ ဇီးတော၊ မိုးကြိုးပြင် သုံးရွာနှင့် ဝမ်ေ ပါင် ကုမ္ပဏီတို့သို့ (၂)ရက်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ကြောင်း၊ မသွဲ့သွဲ့ဝင်းတို့ နေထိုင်ရာ ဝက်မှေးရွာေ ဟာင်း သို့ မလာရောက်ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်မရှိ သလို ဒေါ်အောင်ဆန်း စုကြည်ကို ဆန္ဒပြရာတွင်လည်း ဝက်မှေးရွာဟောင်း မပါ ဝင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်တွင် အတူ လိုက်ပါလာသော NLD-ဦးစိုးဝင်းက “ညည်းတို့ ညီအစ်မနှစ်ယောက် ဦးဆောင်ပြီး ဒေါ်စုကို ဆန္ဒပြ တာလား-ဟု ဖုန်းဆက်၍ မေးကြောင်း၊ ကျွန်မတို့ ရွာက ဆန္ဒပြရာတွင်လည်း မပါကြောင်း၊ ကျွန်မတို့ ကိုယ် တိုင် လည်း ဆန္ဒပြရာတွင် မပါဝင်ကြောင်း၊ ပြန်ပြောမှ NLD-ဦးစိုးဝင်းက ပြန်လည်တောင်းပန်ခဲ့ကြောင်း” အထင်အမြင် လွဲမှားမှုသာ ဖြစ်ကြောင်း၊ ဒေါ်စုကိုလေး စားကြောင်း၊ ဒေါ်စုကသာ ဒီလိုအဖြေ မထုတ်ခဲ့ရင် ရွာသူရွာသားတို့ ဆင်းရဲတာရှည်နိုင်ကြောင်း၊ ဒေါ်စု ကို ကျေးဇူးအထူးတင်ကြောင်း ဦးဝီရသူထံ လာရောက်လျှောက်ထား ပါသည်။ ထို့အပြင် ဒေါက်တာနိုင်အောင်ကို မမြင်ဖူးသလို အဆက်အသွယ်လည်း မရှိကြောင်း ထပ်မံ လျှောက်ထား လာပါသည်။

အများပြည်သူတို့ အထင်အမြင်လွဲမှားအောင် သတင်းမှားများပေးပို့သော မုံရွာ မောင်သုံနှင့် အဆိုပါ ဂျာနယ်လ် -တို့အား တရားဝင် ပြန်လည်တောင်းပန် ခိုင်းဖို့ ဆန္ဒရှိကြောင်းလည်း ဆက်လက်လျှောက်ထား ပါသည်။

“The First Music News- ဂျာနယ်၏ တုန့်ပြန်ချက်”
×××××××××××××××××××××××××××

ယနေ့ (၁၈-၃-၂၀၁၃- pm ၁၂း၁၅-နာရီခန့်က) ၎င်းဂျာနယ်တိုက် ဖုန်း-၀၁-၃၇၈၀၉၀-သို့ ဆက် သွယ်ပြော ကြား ရာ အယ်ဒီတာချုပ်မရှိသေး၍ နောက်တစ်နာရီအကြာမှာ ပြန်ဆက်ပါဟု ဆိုပါသည်။

(၁း၅၀)ခန့်မှာ ပြန်ဆက်ရာ ဆရာတော်ဦးဝီရသူကို လေးစားကြောင်း၊ မသွဲ့သွဲ့ဝင်းကိုတော့ လုံးဝ မတောင်း ပန်နိုင်ေ ကြာင်း၊ မသွဲ့သွဲ့ဝင်းတို့ရွာသား (မုံရွာသား)များကိုယ်တိုင် ပေးပို့တာ ဖြစ်ကြောင်း၊ အထောက်အ ထားနှစ် ခု အခိုင်အမာရှိကြောင်း၊ ပြန်လည်ပြောကြားပါသည်။ မသွဲ့သွဲ့ဝင်း အနားမှာရှိတယ် ပြောဦးမ လား မေးသော်လည်း ဖုန်းချသွားပါသည်။

မသွဲ့သွဲ့ဝင်းက လုံးဝမကြေနပ်ပါ။ သူလုံးဝမပြောဖူးပါဟု ဆိုပါသည်။
-----------------------------------------------------------

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။