/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Saturday, March 9, 2013

.

ပြည်မြို့တွင် NLD ပါတီဝင် အချင်းချင်း ဆန္ဒပြမှုဖြစ်ပွား

(၇၊ ၃၊ ၂၀၁၃)ည ၆ နာရီခွဲခန့်က ပြည်မြို့ NLD ပါတီရုံးရှေ့တွင် NLD ပါတီအဖွဲ့ဝင်တစ်ဦးပင်ဖြစ်သူ ဦးကျော်ဆန်း ဦးဆောင်သော လူဦးရေ (၁၀၀)ခန့်က ပြည်မြို့ NLD ပါတီဥက္ကဌ Dr ခင်မောင်ဝင်းအား မကျေနပ်သောကြောင့် ဆန္ဒပြခဲ့ကြကြောင်း CJMyanmar က သတင်းရသည်။

ပြည် NLD ပါတီဥက္ကဌ Dr ခင်မောင်ဝင်းသည် ခရိုင်ညီလာခံ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရပြီး အဆိုပါ ရွေးချယ်ခံရခြင်းအပေါ် မကျေနပ်သဖြင့်လည်းကောင်း၊ အခြားပုဂ္ဂိုလ်ရေးမကျေနပ်ချက် များကြောင့် လည်းကောင်း ယခုကဲ့သို့ ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း ပြည်မြို့ခံ တစ်ဦးက CJMyanmar သို့ပြော သည်။

ဆန္ဒပြသူများက ဗီနိုင်းပိုစတာများကိုင်ဆောင်ကာ လက်ကိုင်စပီကာဖြင့်ကြွေးကြော်သံများ အော်ဟစ် ခဲ့ကြကြောင်း သိရပါသည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။