/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Saturday, March 9, 2013

.

လက်ကိုင်ဖုန်း နဲ့ ကင်ဆာရောဂါ


လက်ကိုင်ဖုန်း များသည် ဦးနှောက်ကင်ဆာ ရောဂါကို ရစေနိုင်ကြောင်း ပြောဆို ငြင်းခုန် မှုများသည် လွန်ခဲ့ သည့် ၁၅ နှစ်ခန့်ကပင် ရှိခဲ့သည်။

အမှန်တော့ လက်ကိုင် ဖုန်းများသည် ဦးနှောက်ကင် ဆာရောဂါကို ဖြစ်စေနိုင်သော အကြောင်းပြ ချက် ကောင်းကောင်း မရှိပါ။ လက်ကိုင်ဖုန်း များမှ ထုတ်သော ရေဒီယို လှိုင်းများသည် ဟိုအရင်ကတည်း က အသုံးပြုခဲ့သော ပစ္စည်းများ ဥပမာ - ရေဒီယို ၊ တီဗွီ (ကြိမ်နှုန်း အနည်းငယ် ပိုနိမ့် ) နှင့် မိုက်ခရို ဝေ့ မီးဖို ( ကြိမ်နှုန်း အနည်းငယ် ပိုမြင့် ) တို့က ထုတ်သော လှိုင်းများ နှင့် ဆင်တူပါသည် ။ ယင်းလှိုင်းများကို Non - ionising အမျိုးအစား ဟု ခေါ်ပြီး သူတို့က လူ့ခန္ဓာ ကိုယ်ဆဲလ် များကို မထိခိုက်စေပါ ။

ယင်းရောင်ခြည် လှိုင်းများသည် Ionising ဖြစ်စေရန် အတွက် လျှပ်စစ်သံလိုက် စက်ကွင်း သည် ဘီလီယံ ဆခန့် ပိုပြီး မြန်မြန် အတက်အကျ ဖြစ်ရန် လိုအပ်ပါသည်။ ဥပမာ - ဓါတ်ရောင်ခြည် ( X - ray radiation ) လိုမျိုးပါ ။

လျှပ်စစ် သံလိုက် စွမ်းအင်သည် အပူစွမ်းအင် ကို များစွာ ထုတ်လွှင့်ပေးပြီး ယင်း အပူက လူကိုယ် ခန္ဓာရှိ အစိတ်အပိုင်းများ ကို ထိခိုက်စေ နိုင်သည်မှာ မှန်ပါသည် ။ သို့သော် လက်ကိုင်ဖုန်း မှ ထုတ်လွှင့်ပေးသော အပူစွမ်းအားမှာ အလွန်နည်းလွန်း သဖြင့် လူ့ကိုယ်ခန္ဓာ ကို ထိခိုက်နိုင်ခြင်း မရှိပေ။

၂၀၀၁ ခုနှစ် တွင် အမေရိကန် အမျိုး သား ကင်ဆာရောဂါ ဌာနမှ သုတေသန ၂ ကြိမ် ပြုလုပ်ခဲ့ရာ လက်ကိုင် ဖုန်းသုံးခြင်း ဖြင့် အကျိတ် ဖြစ်ပေါ်စေမှု လုံးဝ မတွေ့ရှိရ ကြောင်း လူသိရှင်ကြား ထုတ်ဖော် ခဲ့သည် ။ သြစတြေးလျ ၊ ကနေဒါ ၊ ဒိန်းမတ် ၊ ဖင်လန် ၊ ပြင်သစ် ၊ ဂျာမနီ ၊ အစ္စရေး ၊ အီတလီ ၊ ဂျပန် ၊ နယူးဇီလန် ၊ နော်ဝေ ၊ ဆွီဒင် နှင့် ဗြိတိန် စသည့် ၁၃ နိုင်ငံ ပါဝင် ဖွဲ့စည်း ထားသည့် အပြည်ပြည် ဆိုင်ရာ ကင်ဆာ ရောဂါ သုတေသန အေဂျင်စီ အဖွဲ့ အစည်း ကလည်း ကင်ဆာ ဆဲလ်ကို စနစ်တကျ လေ့လာခဲ့ ကြရာ ရလာဒ်မှာ ယခင် အမျိုးသား ကင်ဆာ ဌာန၏ ရလာဒ် အဖြေနဲ့ သိပ်မကွာခြား လှပေ။ ဆဲလ် ဖုန်းသုံးစွဲ ခြင်းဖြင့် ဦးနှောက်တွင် အကျိတ်ဖြစ်စေ နိုင်သော အထောက်အထား ခိုင်ခိုင်လုံလုံ မတွေ့ရှိရပေ။

လျှပ်စစ် သံလိုက် စက်ကွင်းနှင့် ကင်ဆာရောဂါ တို့သည် ဆက်စပ်နေသည်မှာ မှန်ပါသည် ။ သို့သော် လက်ကိုင်ဖုန်း နှင့် ကင်ဆာ ရောဂါတို့မှာ မူ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေပေသည် ။

ထို့ကြောင့် လက်ကိုင် ဖုန်းကို သင့်အနေဖြင့် အမြဲတမ်း သုံးစွဲနေရမည် ဆိုပါက မည်သည့် အန္တရာယ်မှ မကျရောက်နိုင် သဖြင့် စိတ်ချ ယုံကြည်စွာ ဖြင့် သုံးစွဲနိုင် သည်ဟု ဆိုသည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။