/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Saturday, March 9, 2013

.

နိုင်ငံတော်သမ္မတကိုယ်တိုင် ချီးမြှင့်မည့် ပညာရပ်ဆိုင်ရာ ထူးချွန်ဆု ယခုနှစ် စတင်မည်

အဆင့်မြင့်ပညာရေး ကဏ္ဍအတွက် နိုင်ငံတော်သမ္မတကိုယ်တိုင် သီးသန့်ချီးမြှင့်သော ပညာရပ်ဆိုင်ရာ ထူးချွန်ဆုကို ယခုနှစ်တွင် ပထမအကြိမ် စတင်မည်ဖြစ်ကြောင်း ပညာရေးသုတေသနအဖွဲ့ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။ “အများပြည်သူကို အကျိုးပြုတဲ့၊ လူမှုစီး ပွားရေး နယ်ပယ် တိုးတက်ဖို့အတွက် အကျိုးပြု အသုံးချနိုင်တဲ့ တီထွင်ကြံဆတဲ့ ပညာရပ်ဆိုင်ရာ ဆုပေးဖို့ ရည်ရွယ်ပြီး ပေးတာပါ” ဟု ၎င်းကဆက်လက် ပြောကြားသည်။

အဆိုပါဆုကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ယခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ချီးမြှင့်မည်ဖြစ်ကြောင်း မတ်လ ၈ ရက်နေ့က ပြုလုပ်သော အဆိုပါဆုအတွက် ပဏာမ ရွေး ချယ်ထားသူများကို အကဲဖြတ်သည့် ရွေးချယ်ပွဲတွင် ဒေါက်တာ မျိုးသိမ်းကြီးက ပြောကြားသည်။

“ဒီလိုပြိုင်ပွဲတွေ လုပ်တဲ့အတွက် ယှဉ်ပြိုင်ရတာကလည်း တစ်ပိုင်းပေါ့။ ဆရာ၊ ဆရာမတွေကလည်း သုတေသနပိုင်းတွေမှာ အားပေးလာတာ တွေ့ရတဲ့အတွက် ပိုပြီး အဲဒီဘက်မှာ အားသန်လာတာပေါ့” ဟု ယင်းပညာရပ်ဆိုင်ရာ ရွေးချယ်ပွဲတွင် ပါဝင်သော စာတမ်းရှင် ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနမှ ပါမောက္ခ ဒေါက်တာဦးအုန်းသွင်က ပြောကြားသည်။

အဆိုပါ ပညာရပ်ဆိုင်ရာ ဆုချီးမြှင့်ရေး အတွက် တိုင်းဒေသကြီး အသီးသီးက ဘာသာရပ်နယ်ပယ် ၁၃ ခုမှ ဗဟိုသို့ တင်သွင်းလာသည့် သုတေသန စာတမ်းပြုစုသူ ပညာရှင်များထဲက တစ်ဦးကိုသာလျှင် သမ္မတက ဆုချီးမြှင့်မည်ဖြစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးများကလည်း ဆုများ ချီးမြှင့်ရန်ရှိကြောင်း ဒေါက်တာ မျိုးသိမ်းကြီးက ရှင်းပြသည်။ ထိုပညာရပ်ဆိုင်ရာ ဆုချီးမြှင့်ရေးကို ယခုလ ၁၂ ရက်နေ့ နောက်ဆုံးထားကာ အကဲဖြတ် ဆုံးဖြတ်သွားမည် ဖြစ်ပြီး နှစ်စဉ်ကျင်းပသွားမည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၁၁ ရက်နေ့ ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။