/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Saturday, March 9, 2013

.

ထူးဆန်းသော တိုင်းပြည်

သောက်ရေသန့် ဘူးထိုင်ရှိခိုးတဲ့ တိုင်းပြည်မှာ သမ္မတရားစွဲမယ်ဆိုပြီး ထလုပ်တဲ့ လူရှိတာ ဆန်းတော့ မဆန်းဘူး။

ဆန်းတာက ဘာအလုပ်ဘာအကိုင်မှမရှိပဲ လက်ပန်းတောင်းတောင်ကကောင်မလေး လည်ပင်း ဆွဲကြိုးကြီး ဟီးထ လာတာဆန်းတယ်...။


ကိုယ့်လူမျိုးကိုယ့်ဘာသာချစ်တာမဆန်းဘူး

ရှိတာပေါင်ပြီး ကုလားတိုင်းပြည်သွားအလုပ်လုပ်နေကြတဲ့ လူအများစုရှိတဲ့တိုင်းပြည်က ၉၆၉ ဆိုပြီး ကုလားဆိုင်း မ၀ယ်ရေးဆိုပြီး ကရောင်ကတန်း ထလုပ်နေတာဆန်းတယ်..။

လူတွေ NLD ကိုကြိုက်တာ မဆန်းဘူး.



သူတို့  ညီလာခံကြီးက ဗိုလ်ချုပ်ပုံနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘုရားလို့ လုပ်ထားပြီး ပြည်သူတွေ ကို မြုနေတာဆန်းတယ်။

NLD ကို အားပေးတာမဆန်းဘူး..ဒေါ်အောင်ဆန်းစုကြည်သာမရှိရင် ဘာတွေဖြစ်ကြမလဲလို့ မဝေဖန် မတွေးတော မဆင်ခြင်ကြတာဆန်းတယ်...။

ဒီမိုကရေစီ ဒီမိုကရေစီဆိုတပြီး တောင်းတနေတာ မဆန်းဘူး..

ဒီမိုကရေစီ ကို အလုပ်လုပ်ယူရမယ် မသိပဲ လက်ဘက်ရည်ဆိုင်၊အချိန်ပြည့်ထိုင်၊ အရက်ဆိုင်ဘီယာဆိုင် အချိန်ပြည့်ထိုင်ပြီး.. ဖေ့ဘွတ်ပေါ်ကနေ ဒီမိုကရေစီအော်နေကြတာဆန်းတယ်.. အစိုးရကို ဆန့် ကျင်မှ ဒီမိုကရေစီထင်နေကြတာဆန်းတယ်...။



လူတိုင်းငြိမ်းချမ်းရေး လိုချင်တာမဆန်းဘူး..

ငြိမ်းချမ်းရေးကို စစ်တပ် အစိုးကရမှ ဖျက်စီးနေတယ်လို့ ထင်နေတာဆန်းတယ် ...

ငြိမ်းချမ်းရေးကို လမ်းလျှောက်ယူရမယ် လို့ ထင်နေတာဆန်းတယ် ..

ငြိမ်းချမ်းရေး ကို ပန့် ဆံပင်နဲ့ ဂျင်းဘောင်ဘီဂွပြဲနဲ့  လက်နက်ပေါင်းစုံကိုင်ပြီး ယိုင်ထိုးနေတဲ့ လူတွေ က တောင်း ဆိုတာဆန်းတယ်။





အားနည်းတဲ့သူကို ကူညီချင်တဲ့စိတ်ဓါတ်ရှိသင့်တာ မထူးဆန်းဘူး..

ပိုက်ဆံရှိတဲ့လူတိုင်း ခရိုနီထင်ပြီး.. လူတန်းစားခွဲခြားနေတာဆန်းတယ်..

ဒီမိုကရေစီအော်ပြီး ကွန်မြုနစ်လိုကျင့်သုံးနေတာဆန်းတယ်...။


ဒေါ်စုကိုဆန္ဒပြလို့ ကားပေါ်ကနေဆင်းရိုက်တဲ့ NLD

စာပေဟောပြောပွဲလုပ်တာ မဆန်းဘူး

အစိုးရမကောင်းကြောင်းလေးပြောပြီးမှ လက်ခုပ်သံယူတတ်တာဆန်းတယ်...။

အစိုးရ ဒီမိုကရေစီကို အကောင်အထည်ဖေါ်နေတာ မဆန်းဘူး..

ပြည်သူလူထုက ပေးနေတာကို မယူတတ် မခံစားတတ်... မရဘူးထင်နေတာ ဆန်းတယ်..။

Credit : Here

1 comment:

  1. စစ်တပ်က၈၉လောက်ကတည်းကအရပ်ဖက်ကိုအုပ်ချုပ်
    လိုက်တာအချင်းချင်းပြန်ဆော်နေကြတာနဲ့ ပြုတ်သွား
    တဲ့လူတွေလည်းမရေတွက်နိုင်အောင်ပဲ အချင်းချင်း
    မတည့်တာနဲ့ပြည်သူတွေနဲ့အရပ်ဘက်ဝန်ထမ်းတွေ
    လည်းလိုက်ပျက်တာဆန်းလားလို့

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။