/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Saturday, March 9, 2013

.

ပြောတော့မိုး ထိုးတော့ မြေကြီး (သို့မဟုတ်) အာဏာရှင်လက်သစ် ကုလားမ ဒေါ်စုကြည်

အခုတလော ဒေါ်စုရဲ့ အာဏာလိုချင်တယ်၊ ၂၀၁၅ မှာ သမ္မတ လုပ်ချင်တယ်ဆိုတဲ့ စကားတွေကို မကြာ မကြာကြားနေရ ပါတယ်။ ဒါကလည်း လူ့သဘောသဘာဝမို့ ဘာမှမပြောလိုပါဘူး။ ဒါပေမယ့် ဒေါ်စုကြည် အမေ ဒ်ါခင်ကြည်နေမကောင်း လို့ မြန်မာနိုင်ငံကိုပြန်လာတဲ့ အချိန်တုန်း ကပြောခဲ့တဲ့ စကားလေးတွေကိုတော့ ပြန်ပြီး ကြားယောင်မိပါသေးတယ်…

ဒေါ်စုကြည်ဟာ ၈၈ အရေးအခင်းကာလကြီးမှာ စင်ပေါ် တက်လာသူဖြစ်ပြီး အစိုးရလုပ်ရပ်မှန်သမျှ ဆန့်ကျင် ခဲ့သူဖြစ် ပါတယ်။ ``ကျမက အာဏာလိုချင် လို့ မဟုတ်ပါဘူး၊ ကျမနိုင်ငံ တိုးတက်ရေးအတွက်ပဲ လုပ်မှာပါလို့ တွင် တွင်ကြီး ပြောပြီး လူထုထောက်ခံမှုကို ရယူခဲ့တာဖြစ်ပါတယ်။သူမပထမဆုံး စပြီး ထောင် ခဲ့တဲ့ ပါတီက အောင်စုတင် ပါတီ ဖြစ်ပါ တယ်။ အဲဒီပါတီထောင် ပြီး လပိုင်းအတွင်းမှာပဲ ကွဲကြပြဲကြ နဲ့ဖြစ် ပြီး နောက် ဆုံး မှာ မဆလပါတီက အာဏာ ရှင်ဟောင်းတွေ ဖြစ်တဲ့ သူရ ဦးတင် ဦး၊ ဦးအောင်ရွှေ၊ ဦးအောင်လွင်တို့ရဲ့ ပါဝင်မှုနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဆိုပြီး ပြောင်းလဲ တည်ထောင် လာခဲ့တာပါ။

ဒီ/ချုပ်ပါတီဟာ ခံစားချက် တူညီသူတွေ ပေါင်းစည်းထားတဲ့ ပါတီမို့လို့ ၂၀၁၁ ခုနှစ် မတိုင်မီအထိ အလွန်ပဲ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ရှိခဲ့ပါတယ်။ ဒါပေမယ့်လို့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ပြီးတဲ့ နောက်ပိုင်း မှာ ပါတီတွင်းအာဏာ လုပွဲတွေ၊ နေရာ လုပွဲတွေ၊ ငွေကြေး အရှုပ်အရှင်းတွေဖြစ် လာတာမို့ ပါတီရဲ့စည်းလုံး ညီညွတ်မှုဟာ အချိန်မရွေး ကျကွဲသွားနိုင်တဲ့ ဖန်ခွက်တစ် လုံးလို ဖြစ် လာပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် ပါတီတွင်းနေရာပေးရွေးချယ်မှုမှာ ဒီမိုကရေစီ စနစ်မပီပြင်တဲ့ ကိုယ်စား လှယ်အဖြစ် တင်သွင်းခြင်း မခံလိုက်ရတဲ့ သက်တမ်းရင့် ပါတီဝင်တွေအဖို့ နာကျည်း ဖွယ်ရာ ဖြစ်လာခဲ့ပါ တယ်။ ဇေယျာသော်တို့လို လူမသိသူမသိ ဟစ်ဟော့ဂီတသမားတွေ၊ စန္ဒာမင်း လို လူမှုရေး အရှုပ်အရှင်း ရှိသူတွေ နေရာ ရလာတဲ့အခါမှာ ရိုးသားကြိုးစား ပြီး ပါတီအရေးကို တစိုက် မတ်မတ်လုပ်ဆောင်နေ တဲ့ သူတွေအဖို့ ရင်တွင်းမှာ အကြိတ်အခဲတစ်ခုအဖြစ် တည်ရှိလာခဲ့ပါတယ်။

အဲဒီကမှတစ်ဆင့် ပါတီတွင်း ဆန္ဒပြ မှုတွေ၊ အစုအဖွဲ့လိုက် နှုတ်ထွက်မှုတွေ၊ တစ်ဦးအပေါ်တစ်ဦး တိုင်ကြားမှုတွေ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာခဲ့ပါတယ်။ ပြောရမယ် ဆိုရင် ပါတီအနေနဲ့ ရာနှုန်းပြည့် အနိုင်မရသေးတဲ့အခြေအနေ မှာတောင် ခုလိုမျိုး အကွဲအပြဲတွေပြင်းထန် နေရင်...လာမယ့် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲမှာများ အနိုင်ရခဲ့ ရင် အခြေအနေဟာ ဒီထက် ဆိုးဖို့ပဲ ရှိပါတယ်။

ဒါ့အပြင် အခုလက်ရှိအနေအထားမှာ အမျိုးသားဒီမိုကရေစီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင် ချက်တွေပေါ်ကြည့်ပြီး NLD ပါတီရဲ့ အနာဂတ်အဆိုးအကောင်းပေါ်ထွန်းလာမှာလို့လဲ ပြောကြပါတယ်။ လက်ရှိ အနေအထားအထိတော့ ဒေါ်စုကြည် ရဲ့လုပ်ဆောင်ချက်တွေ ဟာ ပြည်သူတွေရဲ့ အကျိုးစီး ပွား ထက် ဦးသိန်းစိန် အစိုးရအကြိုက် လုပ်ဆောင် မှုတွေ များနေတယ်လို့လဲ ဆိုကြပါတယ်။ ရခိုင် အရေး ပြည်နယ် အရေး ကိစ္စလို၊ လက်ပံတောင်း သပိတ်ဖြိုခွဲတဲ့ကိစ္စလို၊ ဒါ့အပြင် ကချင်ပြည်နယ် မှာ စစ်တပ်တွေက ထိုးစစ်ဆင်နေတာတွေနဲ့ ပတ်သက်လို့ ထိထိမိမိ ပြောဆိုတာ၊ ကန့်ကွက်တာမျိုးတွေ မရှိသေးပါဘူး။

အရင်တုန်းက အာဏာမမက်မောပါဘူးဆိုတဲ့ စကားတွေ အထပ်ထပ် အခါ ခါပြောဆိုခဲ့ပေမယ့် ဒီကနေ့ တော့ ဒေါ်စုကိုယ်တိုင်က ၂၀၁၅ ခုနှစ်မှာ သမ္မတ လုပ်ချင်ပါတယ်လို့ ထုတ်ဖော်ပြောဆိုလာပါပြီ။ ဒါဟာ ဒေါ် စု ကြည် လဲ လူထဲကလူတစ်ယောက်မို့ အာဏာရူးတာ၊ အာဏာလိုချင်တာ မဆန်းဘူး လို့ ဆိုနိုင်ပေမယ့် ``ထိုင်နေ ရ င် အကောင်းသား ထသွားမှ ကျိုးမှန်းသိ`` ဆိုသ လို ဖြစ်သွားမှာကိုတော့ ၀ါရင့်နိုင်ငံရေး အသိုင်း အ၀ိုင်းက ပူပန် နေကြ ပါ တယ် ။ အရင်တုန်းက ဒေါ်အောင်ဆန်းစုကြည် အပေါ် ပြည် သူရဲ့ယုံကြည် ကိုးစားမှုနဲ့ အခုလက်ရှိအနေ အထားကို နှိုင်းယှဉ်ကြည့်ရင်တောင်မှ သိသိသာ သာ ထောက်ခံမှုလျော့နည်း လာတဲ့ အခြေအနေ ဖြစ်နေပါတယ်။

ဒေါ်စုကြည်အနေနဲ့ ၂၀၁၅ မှာသမ္မတလုပ်မယ်လို့ ကြေညာခဲ့တာမှန်ပေမယ့် လက်ရှိဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ပြောရမယ်ဆိုရင်တော့ သမ္မတဖြစ်ဖို့ ဆိုရင် အခြေခံဥပဒေကိုပြင်ဆင်မှ ရပါလိမ့်မယ်။ အခြေခံ ဥပဒေ မှာ ပြဌာန်း ထား တဲ့အတိုင်းဆိုရင်တော့ သားသမီးအရင်းအခြာတွေဟာ ပြည် ပနိုင်ငံ သားအဖြစ် ခံယူထားသူ မဖြစ်ရဘူး ဆိုတဲ့ အချက်ပါရှိပါတယ်။

ဒီအချက်ကြောင့်ပဲ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးမြင့်ဆွေ ဒုတိယသမ္မ တဖြစ် မလာခဲ့ တာပါပဲ။ ဒါကြောင့် မို့ ဒေါ်စုကြည်သမ္မတဖြစ်ဖို့ဆိုရင် အခြေခံဥပဒေ ကို မပြင်ဆင်ဘဲ မဖြစ်လာနိုင်ပါ ဘူး။ နောက်တစ်ခုက ကျွန်တော်တို့နိုင်ငံ မှာ ဗေဒင်ဆရာစံဇာဏီဘိုက ယုံတမ်းစကားလိုလို ပုံပြင်လိုလိုနဲ့ ၂၀၁၄ မှာ ဒေါ်စုကြည် အာဏာ ရလာဖို့ သမ္မတဖြစ်လာဖို့ရှိတယ် လို့ ဟော ကိန်း ထုတ် ထားတာကို တွေ့လိုက်ရပါတယ်။ ဒါတွေ ဟာ သွေးထိုး လှုံ့ဆော်မှု တစ်ခုလို့ပဲ ထင်မြင်နေမိပါတယ်။ လက်ရှိအစိုးရနဲ့ ဒေါ်စုကြည်ကို ရန်တိုက်ပေး ချင်တာ လား. ဒါမှမဟုတ် စံဇာဏီဘို နဲ့ ဒေါ်စုကြည် တို့ နှစ်ပေါက်တစ်ပေါက်ရိုက်ပြီး လူထု သိအောင် ပြောတားလား ဆိုတာ ကတော့ အနာဂတ် က ဆုံးဖြတ်အဖြေပေးပါလိမ့်မယ်။

ပြည်သူတွေရဲ့ ယုံကြည်ကိုးစားထောက်ခံမှု လျော့မသွားဖို့ ၂၀၁၅ မှာ သမ္မတလုပ်မယ်ဆိုရင် ပြည်သူတွေ အကြိုက်၊ ပြည်သူတွေ အတွက် ပြောစရာ လုပ်စရာတွေကိုတော့ ပြတ်ပြတ်သားသား ပြောဆိုလုပ်ကိုင်ဖို့ လိုပါလိမ့် မယ်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်နေတဲ့ဖြစ်စဉ်ဖြစ်ရပ်တွေမှာ တိုင်းရင်းသားရခိုင်တွေဘက်က ထင်ထင်ရှား ရှား ရပ်တည်ပြောနိုင်ဖို့ လိုအပ်နေသလို ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းမှာဖြစ်ပျက်နေ တဲ့ စစ်ပွဲတွေနဲ့ပတ်သက်လို့လဲ ရဲရဲဝံ့ဝံ့ရပ်တည်ပြောဆိုရပါမယ်။

ဒါမှလဲ ပြည်သူတွေက တကယ့်ကို လေး စားထိုက် တဲ့ ခေါင်းဆောင်အဖြစ် အားကိုးကြမှာဖြစ်ပါတယ်။ ၂၀၁၅ မှာ သမ္မတဖြစ်ရေး ရည်မှန်းချက်နဲ့ ဘာတစ်ခုမှ အားကိုးစရာ မရှိတဲ့လုပ် ရပ်တွေ လျှောက် လုပ်မနေသင့် ပါဘူး။ ဒီလအတွင်း ပြီးခဲ့တဲ့ ဒေါ်စုကြည် ရဲ့ မြိတ်ခရီးစဉ်မှာ ဒေါ်စုရဲ့ အနီးကပ် ကိုယ်ရံတော် NLD အဖွဲ့ ရဲ့ ရိုင်းစိုင်းမှုတွေကြောင့် နယ်ခံ NLD တွေနဲ့ အဆင်မပြေဖြစ်ခဲ့တာတွေ၊ ရပ်ကြေးညီ လာခံတွေ မှာလည်း NLD ပါတီဝင်တွေ တစ်ယောက်နှင့်တစ်ယောက် ထထိုးနေကြတဲ့ မြင်ကွင်းတွေ ဟာ အာဏာ ရှင်ဖြစ်လိုတဲ့ ဒေါ်စုအတွက် ရင်လေးစရာတွေပါပဲ။

အဓိကအကျဆုံးအချက်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီတွင်း စည်းလုံးညီညွတ်ရေးကို ခိုင်မာအောင်တည်ဆောက်ဖို့လိုပါလိမ့်မယ်။ ပါတီတွင်းမှာ ဒီမိုကရေစီနည်းလမ်းကျကျ ပြတ်ပြတ်သားသား လုပ် ဆောင်ဖို့ လိုပါလိမ့်မယ်။ ဒီလိုမှမဟုတ်ရင်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုတဲ့ လှေ ကွဲကြီးကို စီး ပြီး ခရီးသွား နေရသလိုဖြစ်နေပါလိမ့်မယ်။ ဒါဆိုရင် ဒေါ်စုကြည်ဖြစ်ချင်တဲ့ ၂၀၁၅ မှာ နိုင်ငံတော်အာဏာ လိုချင်တယ် ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင် ကို ရောက် မှာမဟုတ် ဘူး လို့ ပြောပြချင်ပါတယ်။

From:လူထု မောင်ကာဠု

Credit : Here

2 comments:

  1. ဘာပဲပြောပြောကိုတောင်မလုပ်နိုင်တာ။
    ဝေဖန်ခြင်းက1ခါ1လေကောင်းပေမဲ့1ခါ1လေကျတော့မကောင်းဘူးလေ။ပွဲလန့်တုန်းဖျာခင်းတဲ့လူတွေကလည်းများတယ်လေ။သတိထားယုံပေါ့နော်။

    ReplyDelete
  2. နိုင်ငံရေး ဆိုတာကပြောရခက်ပါတယ်။ ဒါပေမယ်ဗျာ ထားလိုက်ပါတော့ Daw Su တစ်ယောက် ကို့အမျိုးသားအရေး ကို ဦးစားပေးတွေးနိုင်တဲ့ မိန်းမကောင်းတစ်ယောက်ဖြစ်နိုင်ပါစေ။

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။