/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, March 26, 2013

.

NLD အမတ် ဦးအုန်းကြိုင်ရဲ ဦးနှောက်ကို ဆေးကုပြီ


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်သည် ဦးနှောက်ပိုင်း ဆိုင်ရာ ရောဂါတစ်ခုကြောင့် ယနေ့နံနက်ပိုင်းတွင်အာရှတော်ဝင်ဆေးရုံ၌ အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်းသိရသည်။


" ဒီနေ့မနက် ၉ နာရီလောက်မှာ အာရှတော်ဝင်ကို ရောက်တာပါ၊ ဦးခေါင်းပိုင်းကို ဆေးစစ်ဖို့ လုပ်နေတယ်၊သောက်နေတဲ့ ဆေးတွေ ပြင်းလွန်းလို့ ထိတာလို့သိရတယ်"၊ဟု ဒီလှိုင်းဂျာနယ်မှတာဝန်ရှိသူ တစ်ဦးက ယနေ့ နေလည်တွင် ပြောသည်။

၎င်း၏ပြောကြားချက်အရ ဦးအုန်းကြိုင်သည် သွေးတိုးရောဂါရှိသောကြောင့် ဆေးများ ပုံမှန်သောက် သုံးနေရကြောင်းသိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးဇေယျာသော် မှာလည်း ဆေးကုသမှုခံယူနေရသဖြင့် လွှတ်တော်အစည်းအဝေးမှ အနားယူလိုက်ရသည်။

Credit : Here

1 comment:

  1. သူလဲအနားယူသင့်ပြီနော်

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။