/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, March 26, 2013

.

စမ်းသပ်သန်းခေါင် စာရင်းတွင် လူနေမှု အဆင့်အတန်း ကိုပါ စစ်တမ်း ကောက်ယူမည်

မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့ အထိ ကောက်ယူမယ့် စမ်းသပ် သန်းခေါင် စာရင်းမှာ လူနေမှုအဆင့်အတန်းနဲ့ သက်ဆိုင် တာတွေကိုပါ ကောက်ယူသွားမှာ ဖြစ်တယ်လို့ လူ ၀င်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ၀န်ကြီးဌာနမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရှိရပါတယ်။

အခုလို ကောက်ယူရာမှုမှာ စမ်းသပ် သန်းခေါင် စာရင်း ကောက်ယူ ရာမှာ မေးမယ့် မေးခွန်းများ ထဲမှာ အိမ်ထောင် စု အလိုက် နေတဲ့ အိမ်ဟာ ပျဉ်ထောင်အိမ်၊ တိုက်အိမ် အစရှိသည်နဲ့ အိမ်သာ အမျိုးအစား၊ မီး ဖိုေ ချာင်တွင် အသုံးပြုတဲ့ လောင်စာ အမျိုးအစား၊ သောက်သုံးရေ မှအစ လျှပ်စစ်မီး အစရှိတဲ့ လူနေထိုင်မှု အဆင့် အတန်း နဲ့ဆိုင်တဲ့ မေးခွန်း တွေကို ပါထည့်သွင်း ကောက်ယူ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အခြားသော မေးခွန်းများနဲ့ စုစုပေါင်း မေးခွန်း ၄၁ စုံကို လည်းမေးမြန်း သွားမှာဖြစ်ပြီး အခုလို လူေ န မှု အဆင့်အတန်း နဲ့ဆိုင်တဲ့ မေးခွန်းတွေကို ထည့်သွင်းမှုဟာ ပြည်တွင်းရဲ့လူနေမှု အဆင့်အတန်း အခြေ အနေကို သိရှိစေဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။ အခုလို စမ်းသပ် သန်းခေါင် စာရင်း အတွက် ပြုလုပ် ထားတဲ့ မေးခွန်းတွေကို စမ်းသပ်ကောက် ယူသွားမှာဖြစ်ပြီး အဆင်ပြေပါက ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူရာမှာလည်း အဆိုပါမေးခွန်းပုံစံအတိုင်း အသုံးပြုသွားဖို့ရှိတာဖြစ်တယ်လို့ သိရပါတယ်။

အခုလို စမ်းသပ် ကောက်ယူရာမှာ တစ်နိုင်ငံလုံး အနေနဲ့ မြို့နယ် ၂၀ မှာ ကောက်ယူမှာ ဖြစ်ပြီး ရန်ကုန် တိုင်း ဒေသကြီး အတွင်း မှာတော့ေ ရွှပြည်သာနဲ့ လမ်းမတော် မြို့နယ် တို့မှာ ကောက်ယူ သွားမှာဖြစ်တယ် လို့ သိရပါတယ်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။