/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, March 26, 2013

.

ပြည်တွင်း ဈေးကွက်အတွင်း တရုတ်၊ ထိုင်းနှင့်မလေးရှားနိုင်ငံများမှ တင်သွင်းနေသည့် ဓါတ်မြေသြဇာများ အရည်အသွေး ပြည့်မီခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိ

ပြည်တွင်း ဈေးကွက်အတွင်းသို့ တရုတ်၊ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံမှ တင်သွင်းလာသည့် ဓါတ်မြေသြဇာ များ အရည်အသွေးပြည့်မီခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိချက်အား မြန်မာနိုင်ငံတောင်သူလယ်သမား အသင်းမှ ထုတ်ပြန်ချက် အရ သိရှိရသည်။

''ဈေးကွက်အတွင်းကို တင်သွင်းလာတဲ့ ဓါတ်မြေသြဇာတွေမှာ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေ ပြည့်မီခြင်းမရှိဘူးဆိုတာ စစ်ဆေးတွေ့ရှိထားပါတယ်။ အများအားဖြင့်တော့ တရုတ်၊ထိုင်းနဲ့ မလေးရှားနိုင်ငံက တင်သွင်းကြတာဆိုတာလည်း သိရပါတယ်''ဟု မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်း၊ ဥက္ကဌဒေါက်တာ စိုးထွန်းက ပြောကြားခဲ့သည်။


ယင်းကဲ့သို့ ဈေးကွက်အတွင်းရှိ ဓါတ်မြေသြဇာများ စစ်ဆေးခြင်းကို မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်းနှင့် ဓါတ်မြေသြဇာ တင်သွင်းရောင်းချသူများ အသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် မြန်မာ့စိုက်ပျိုးရေး လုပ်ငန်းနှင့် ဓါတ်မြေသြဇာ တင်သွင်းရောင်းချသူများ အသင်းတို့ရှိ ဓါတ်ခွဲခန်းများတွင် စမ်းသပ် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။

ပြည်တွင်းဈေးကွက်အတွင်း တောင်သူများ ဝယ်ယူသုံးစွဲမှုများသည့် ဓါတ်မြေသြဇာ ၁၅မျိုး၊ ပိုးသတ်ဆေး ၁ဝမျိုးတို့ကို ၂ဝ၁၃ခု နှစ်၊ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်းက စမ်းသပ် စစ်ဆေးခဲ့ခြင်းဖြစ်ရာ ပိုးသတ်ဆေး ၈မျိုးကိုသာ ပြည်တွင်း၌ စစ်ဆေးနိုင်ခဲ့ပြီး ကျန်နှစ်မျိုးကိုမူ ထိုင်းနိုင်ငံတွင် စစ်ဆေးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါဓါတ်မြေသြဇာ(၁၅) မျိုးမှာ

(၁)Three Circle,GTSP၊
(၂)Panda(တရုတ်တံဆိပ်)၊
(၃) Golden Crop ၊
(၄) Compound Fertilizer ၊
(၅) Comet Natural Calcium Sulphate ၊
(၆)Comet (ရွက်ဖြန်းဓါတ်မြေသြဇာ)၊
(၇)အာမို (၂)(ရွက်ဖြန်း ဓါတ်မြေသြဇာအမှုန့်၊
(၈)Hyper Bloom ၊
(၉) Grow More ၊(၁ဝ)Mamigro(Soluable Folian) ၊ 
(၁၁) Comet Plus (ရွက်ဖြန်း ဓါတ်မြေသြဇာအမှုန့်၊အဝါရောင်)၊ 
(၁၂)Super N ၊
(၁၃)SUNRAY(ဇီဝအော်ဂဲနစ် ကွန်ပေါင်း ဓါတ်မြေသြဇာ၊
(၁၄) Cal One Gypsum (အော်ဂဲနစ်ဂျစ်ဆမ် ဓါတ်မြေသြဇာအမှုန့်)၊
(၁၅)Hrea ပုလဲတို့ဖြစ်ကြောင်းလည်း သိရှိရသည်။

ယင်းကဲ့သို့ စစ်ဆေးမှုများအား ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အရှေ့ နှင့် အနောက်ဒေသများတွင် တောင်သူများ အသုံးပြုနေကြသည့် ဓါတ်မြေသြဇာများကို စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း၊ လက်ရှိရရှိထားသော အရည်အသွေး ပြည့်မီခြင်းမရှိသည့် ရလဒ်များကို မြန်မာ့စိုက်ပျိုးရေး လုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့သို့ တင်ပြထားကြောင်း၊ မကြာမီကာလ အတွင်း ဓါတ်မြေသြဇာများ အရည်အသွေး ပြည့်မီခြင်းမရှိသည်နှင့် စပ်လျဉ်း၍ ထုတ်ပြန်သွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။

Credit :

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။