
ဒီလိုအခြေအနေကနေ မတ်လ ၂၅ ရက်နေ့ ညနေ ပိုင်းမှာ ပန်ဝါကနေ ဂန့်ဂွင်းဘက် ကိုရိက္ခာ ပို့ဆောင် ဘို့အတွက် လမ်းဖောက်နေတဲ့ တပ်မ(၈၈)က စစ်ကြောင်းကို KIA ရင်း(၁၀)အဖွဲ့တစ်ဖွဲ့ ကမိုင်းခွဲပြီး သေနတ်နဲ့ဝိုင်းပစ်ကြလို့ ရဲဘော် ၃ ယောက်လောက် သေဆုံး ဒဏ်ရာရသွား တယ်လို့ သိရပါတယ်။
“KIO/KIA အဖွဲ့ဟာ ဖိအားပေါင်းစုံကနေ မတတ်သာလို့ ငြိမ်းချမ်းရေး လမ်းကြောင်း ပေါ် တက် လာရတယ်၊ ဒီလမ်းက သွေဖယ်အောင်လို့ စစ်တပ်ကိုအပြစ်ရှာကြည့်မယ်၊ မဖြစ်လာရင်တော့ သူတို့ဘက်ကတစ်ခုခုနဲ့ ပျက်ယွင်းအောင်ကျိုးပမ်းနေမှာဘဲ” လို့ ကချင်အရေးလေ့လာသူ တစ်ဦး က ပြောပြလာပါတယ်။
Credit : Myawady News

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။