/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, March 26, 2013

.

ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဗိုလ်ချုပ်မှူးကြီးအဆင့် တိုးမြှင့်ခန့်အပ်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်အား ဗိုလ်ချူပ်မှူးကြီး အဆင့်သို့ လည်းကောင်း၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းအား ဒုတိယဗိုလ်ချူပ်မှူးကြီး အဆင့်သို့လည်းကောင်း မတ် ၂၅ရက်က တိုးမြှင့်လိုက်ကြောင်းသိရသည်။


အဆိုပါရာထူးအဆင့်အသစ်များဖြင့် ၆၈နှစ်မြောက်တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်မည် ဖြစ် ကြောင်းလည်း တပ်မတော်နှင့်နီးစပ်သော အသိုင်းအ၀န်းမှ သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၁၉၅၆ ခုနှစ်မှာ မွေးဖွားသူဖြစ်ပြီး မေမြို့ စစ်တက္ကသိုလ် အပတ်စဉ် ၁၉ ကျောင်းဆင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုနှစ်ပေါင်း ၂၀ ကျော် တည်ငြိမ်အေးချမ်းအောင် အုပ်ချုပ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနားယူသွားပြီးနောက် အရပ်သားအစိုးရလက်ထက် ပထမဆုံး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာသော ဦးမင်းအောင်လှိုင်သည် တိကျပြတ်သားမှုနှင့် လဘ်ပေးလဘ်ယူ လုံးဝ ကင်းရှင်းမှုတွင် အထူးနာမည်ကောင်းထွက်သူဖြစ်သည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။