/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, March 26, 2013

.

ပြည်မြို့တွင် ဘာသာရေးအဓိကရုဏ်း ကာကွယ်တားဆီးရေးကွန်ရက် ဖွဲ့စည်း

ပြည်မြို့တွင် ဘာသာရေးအဖွဲ့အစည်း၊ နိုင်ငံရေးပါတီ၊ နိုင်ငံရေးအကျဉ်းသားများနှင့် မြို့မိမြို့ဖများ ပါဝင်သော ဘာသာရေးအဓိကရုဏ်း ကာကွယ်တားဆီးရေးကွန်ရက်ကို ဖွဲ့စည်းလိုက်ကြောင်း သတင်း ရရှိသည်။

“အစိုးရအဖွဲ့ကလည်း ပူးပေါင်းဆောင်ရွက်ပါတယ်။ ညဆို တပ်မတော်၊ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ကျွန်တော်တို့အဖွဲ့နဲ့ပေါင်းပြီး တစ်ညလုံး ကင်းလှည့်ပါတယ်”ဟု အဆိုပါအဖွဲ့မှ ကိုကျော်ဆန်းကပြောသည်။

ထို့အပြင် စိုးရိမ်ထိတ်လန့်နေသော အစ္စလာမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များအား မကြောက်ကြရန်နှင့် အေးအေးချမ်းချမ်း အိပ်စက်ရန် အားပေးစကားများ ပြောထားပြီး တစ်စုံတစ်ရာ ထူးခြားမှုရှိပါက ၂၄ နာရီ ဖွင့်ထားသော ရုံးခန်းသို့ ဆက်သွယ်ရန် မှာကြားထားကြောင်း ကိုကျော်ဆန်းကပြောသည်။

ဘာသာရေးအဓိကရုဏ်း ကာကွယ်တားဆီးရေးကွန်ရက်အား မတ်လ ၂၁ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ ၀င်အင်အား ၄၀ ခန့်ရှိသည်။ ပြည်မြို့တွင် ၁၉၈၇၊ ၁၉၉၁၊ ၁၉၉၇ နှင့် ၂၀၀၁ ခုနှစ်များတွင် ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။

Credit :

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။