/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, March 25, 2013

.

အနော်ရထာရပ်ကွက်မှာ ပလီတစ်ခုအပါအဝင် အိမ်ငါးလုံး ဖျက်ဆီးခံရ

မန္တလေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ မတ်လ ၂၄ ရက်နေ့ ညပိုင်းက နေအိမ်မီးရှို့ဖျက်ဆီးမှု တချို့ဖြစ်ပွားခဲ့တယ်လို့ RFA က စုံစမ်းသိရပါတယ်။

မန္တလေးတိုင်း တပ်ကုန်းမြို့နယ် ရွာသစ်ကြီးကျေးရွာ အနော်ရထာရပ်ကွက်မှာ ပလီတစ်ခုအပါအဝင် အိမ်ငါးလုံး ဖျက်ဆီးခံရတဲ့အတွက် နေပြည်တော်က ရဲတပ်ဖွဲ့တွေကိုပါ ခေါ်ယူပြီး အခြေအနေကို ထိန်းသိမ်းနေရတယ်လို့ အဲဒီနေရာကို ရောက်ရှိနေတဲ့ ရဲအရာရှိတစ်ဦးက RFA ကို ပြောကြားပါတယ်။

" ဒီနေ့ည သူတို့လာဖျက်စီးလို့ ပလီတစ်လုံးအပါအဝင်အိမ် လေးငါးခြောက်လုံးပါသွားတယ်။အခုတော့ သက်ဆိုင်ရာလူကြီးတွေ ဝိုင်းဝန်းထိန်းသိမ်းလို့ ငြိမ်သွားပါပြီ၊ ရဲတပ်ရင်းတော့ မဟုတ် ဘူးပေါ့၊ နေပြည်တော်ဘက်က ရဲတပ်ဖွဲ့ဝင်တွေ တော်တော်များများလာကြပါတယ်"

မနေ့ညကပဲ အမည်မသိ လူအုပ်စုတွေက ရွာသစ်ကြီးကျေးရွာ အနော်ရထာ ရပ်ကွက်၊ မြဝတီ ရပ်ကွက်နဲ့ ဗိုလ်မင်းရောင် ရပ်ကွက်တွေမှာ ဆူပူမှုတွေ ဖြစ်ပွားအောင် လှုံဆော်သွားခဲ့တယ်လို့ တပ်ကုန်းမြို့နယ် မီးသတ်တပ်ဖွဲ့ဝင် အရာရှိတစ်ဦးက ပြောပါတယ်။

" လုံခြုံရေး ရောက်သွားတဲ့ နေရာဆို သူတို့က ထွက်ပြေးတယ်၊ ဟိုဘက်ဝိုင်းလိုက်၊ ဒီဘက်ဝိုင်းလိုက် အဲ့လိုဖြစ်နေတာ၊ အနော်ရထာရယ်၊ မြဝတီရယ်၊ ဗိုလ်မင်းရောင်ရယ် ဒါလောက်ပဲ"

ပဲခူးတိုင်း အုတ်ဖိုမြို့နယ် အိုးသဲကုန်းကျေးရွာမှာလည်း အမည်မသိ လူအုပ်စုတွေ ဝင်ရောက်လာပြီး ရုန်းရင်း ဆန်ခတ်ဖြစ်အောင် လုပ်ဆောင်နေတာ ရှိတဲ့အတွက် နယ်မြေခံ စစ်တပ်အကူအညီနဲ့ သွားရောက် ထိန်းသိမ်း နေတယ်လို့ သာယာဝတီခရိုင်ရဲတပ်ဖွဲ့အရာရှိတဦးက RFA ကိုပြောပါတယ်။

" ကျွန်တော် သိသလောက်ကတော့ ပြောရင် သူတို့ဆီမှာသွားတာ အရပ်သားတွေက နည်းနည်းစုနေလို့ ကျွန်တော်တို့ဆီကနေ ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်တပ်တွေ အင်အားနဲ့ သွားဖြေရှင်းလိုက်တော့ ပြီးသွားပါပြီခင်ဗျ၊ ဘာမှမဖြစ်တော့ပါဘူး"

မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းတွေမှာ စနေ့နေ့ ညက ဖြစ်ပွါးခဲ့တဲ့ ဆူပူမငြိမ်မသက်မှုသတင်းတွေဖြစ်ပါတယ်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။