/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Sunday, March 24, 2013

.

မိတ္ထီ လာဒေ သခံ ပြည်သူများ အတွက် စားသောက် ကုန် နှင့် ပိတ် စများ လှူဒါန်း

မန္တလေးတိုင်း ဒေသကြီး ၊ မိတ္ထီလာမြို့တွင် ဖြစ်ပေါ် ခဲ့သော အခြေအနေ အရပ်ရပ် ကြောင့် ဒေသ ခံ ပြည်သူ များ၏ နေအိမ်များ ၊ ပစ္စည်း ဥစ္စာများ ပျက်စီး ဆုံးရှုံး ခဲ့ရသဖြင့် လတ်တလော ရပ်တည် နိုင်ရန် အတွက် Peace Centre အစီအစဉ်ဖြင့် Grand Wynn Group of Companies မှ လှူဒါန်းသည့်ဆန် ၃၀ အိတ် ၊ ဆယ်ပိဿာဝင် ဆီပုံး ၅၀ ၊ တစ်လီတာ ရေသန့် ၃၀၀၀ ဘူး ၊ မားမား ခေါက်ဆွဲ ၁၁၈ ဖာ ( ၂၁၂၄၀ ထုတ် ) ၊ Saji Meeခေါက်ဆွဲ နှင့် Myo Jo ခေါက်ဆွဲ ၁၄၅ ဖာ ( ၈၇၀၀ ထုတ် ) ၊ ချောကလက် ဖာ ၂၀ ( ၄၈၀ ထုတ် ) ၊ ဘီစကစ် ဖာ ၂၀၀ ( ၂၄၀၀ ထုတ် ) နှင့် ပိတ်စ ၄ ထုတ် တို့အား လည်းကောင်း ၊ Sun Myanmar ကုမ္ပဏီမှ အမဲသား ၂၅ ကီလိုဝင် ၂ အိတ် နှင့် ငါးမြစ်ချင်း ကီလို ၂၀ ထုပ် (၁၂) ထုတ် အားလည်းကောင်း ၊ ဘာသာပေါင်းစုံ လှူဒါန်းသည့် ပိတ်ဖြူစ ၅၀ စုံ တို့အား တပ်မတော် အထူး လေယာဉ်ဖြင့် ရန်ကုန်မြို့ မှ သင်ဆောင်ကာ ယနေ့ မွန်းလွဲ ၁ နာရီ တွင် မိတ္ထီလာ မြို့သို့ ထွက်ခွာ သွားကြောင်း သိရှိရသည်။

မြ၀တီ

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။