/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Sunday, March 24, 2013

.

ဥပဒေမဲ့လုပ်ရပ်များ တွင် ပြည်သူလူထုပါဝင်ခြင်း မပြုရန် မေတ္တာရပ်ခံ


ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့က မတ်၂၀ ရက်နေ့တွင် မိထ္တီလာ မြို့၌ ဖြစ်ပွား ခဲ့သည့် ဖြစ် စဉ်နှင့်ပတ်သက်၍ သဘောထားကြေညာချက်တစ်စောင်ကိုမတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာ လိုက်ကြောင်း သတင်းရရှိသည်။အဆိုပါကြေညာချက်တွင် မန္တလေးတိုင်းဒေသကြီးမိထ္တီလာမြို့တွင် မတ်လ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သော အရောင်းအ၀ယ်အငြင်းပွားမှု မှ အစပြုကာ ဘာသာရေး အဓိကရုဏ်း အသွင်ကျယ်ပြန့်သွားသည့် အရေးကိစ္စအပေါ်၌ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ သာသ နာ့ခေါင်းဆောင်များမှ ဆုံးရှုံးထိခိုက်နစ်နာသွားသူများအပေါ်များစွာ ထောက်ထား၊စာနာ၊ဂရုဏာထား၍ ဤ သဘောထားကြေညာချက်ကို အတူတကွထုတ်ပြန်ကြေညာပါကြောင်း၊ရှေးဦးစွာ ဆရာတော်သံဃာတော် အရှင်သူမြတ်များအား ယခုအခါမိထ္တီလာမြို့တွင်ဘာသာရေးပဋိပက္ခ အသွင်ဖြစ်နေသော အရေးကိစ္စ ကို ပြေလည်ပြေပျောက်ငြိမ်းချမ်းသွားစေရန် မေတ္တာရှေ့ထား၍ ကာကွယ်တားဆီးပဲ့ပြင်ဆုံးမသြ၀ါဒများ ချီးမြှင့်ပေးပါရန် ရိုသေလေးစားစွာလျှောက်ထားအပ်ပါသည်ဘုရား။

တပည့်တော်တို့ဘက်ကလည်း အမှားများရှိပါက ကျောသားရင်သားမခွဲခြားပဲ ခွင့်လွှတ်တော် မူပေးကြ ပါရန် ရိုသေစွာဖြင့်လျှောက်ထားအပ်ပါသည်ဘုရား။နိုင်ငံတော်အစိုးရအဖွဲ့အစည်းများ မှလည်း လုံလောက်သော လုံခြုံရေးအစီအစဉ်များ ချမှတ်ဆောင်ရွက်ပေးကြပါရန်နှင့် ဒုက္ခရောက်နေ ကြသော နှစ်ဖက်ပြည်သူများကို လုံခြုံရေးအကာ အကွယ်များဆောင်ရွက်ပေး ကြပါရန်နှင့် အဆိုပါကိစ္စများ ကို ဆောလျှင်စွာဆောင်ရွက်ပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါကြောင်း။

ပည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းနေထိုင်ကြသော ဘာသာကြီး(၄)ပါး အပါအ၀င် ဘာသာဝင် အသီးသီးမှမိမိတို့ ဘာသာဝင်အသီးသီးကို ဥပဒေနှင့်အညီနေထိုင်ကြဖို့ ဆုံးမစကားများ ကိုပြောကြားပေးပါရန် မေတ္တာကိုအခြေခံ၍ ငြိမ်းချမ်းစွာနေထိုင်ကြပါရန်နှင့် မလိုလားအပ်သော ပဋိပက္ခများ တွင်ပါဝင်ပတ်သက်မှုမရှိစေရေး စောင့်ထိန်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း။သတင်းမီဒီယာများ စာနယ်ဇင်းများမှလည်း ပြည်သူတို့သိသင့်သောမှန်ကန်သည့် သတင်းများကိုသာထုတ်ပြန်ပေးသကဲ့သို့ ပဋိပက္ခဖြစ်စေနိုင်သော ကောလာဟာလသတင်းများကိုတားဆီးပေးပါရန်မေတ္တာရပ်ခံအပ်ပါကြောင်း။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည်ဖွံ့ဖြိုးတိုးတက်ခြင်းလမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီဖြစ်ရာ မလိုလားအပ်သောပဋိပက္ခ အတားအဆီးမျိုးစုံသည် အသွင်ပေါင်းစုံဖြင့်နိုင်ငံတော်ပျက်စီးရာပျက်စီးကြောင်း လုပ်ဆောင်လျက်ရှိရာ ပြည်သူလူထုအနေဖြင့် ဥပဒေမဲ့လုပ်ရပ်များတွင် ပါဝင်ခြင်းမပြုလုပ် ပဲ ကောင်း စွာသောအသိ၊သတိများဖြင့် ညီညွတ်စွာတားဆီးကြရန် မေတ္တာရပ်ခံပါကြောင်းဖေါ်ပြထားသည်။

အဆိုပါကြေညာချက်ကို ဦးရွှေ(ဟိန္ဒူဘာသာ)နာယက၊ ဦးစိန်ဝင်းအောင်(ဗုဒ္ဓဘာသာ)ဥက္ကဌ၊ ဦးညွန့်မောင် (အစ္စလာမ်ဘာသာ)ဒုတိယဥက္ကဌ ၊ဒေါက်တာသာဥာဏ်(ခရစ်ယာန်ဘာသာ)အတွင်းရေးမှုးတို့က လက် မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။