/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, March 25, 2013

.

မိတ္ထီလာမြို့၌ တည်ငြိမ်အေးချမ်းမှုများပြန်လည်ရရှိနေပြီဖြစ် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည့် ဒုက္ခသည်များအား ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်၍ နေရာချထား ဆောင်ရွက်ပေးလျက်ရှိ ဒုက္ခသည်များ၏ စားသောက်နေထိုင်ရေးအတွက် လိုအပ်သည့် ကိစ္စအဝဝကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးထား

နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်

နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၃) ဖြင့် အရေးပေါ် အခြေအနေကြေညာခြင်းကို မတ် ၂၂ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် မိတ္ထီလာမြို့၏ အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းခဲ့ရာမတ် ၂၂ ရက် ညပိုင်းမှ စတင်၍ အခြေအနေမှာ တည်ငြိမ်အေးချမ်းနေပြီဖြစ်သည်။ မီးလောင်ပျက်စီးဆုံးရှုံးခဲ့သော ဒုက္ခသည်များအား ကယ်ဆယ်ရေးစခန်းများဖွင့် လှစ်၍ နေရာချ ထား ဆောင်ရွက်ပေးလျက်ရှိပြီး ၎င်းတို့အတွက် အခြေခံစားသောက်ကုန်များ ဖြစ်သော ဆန်၊ ဆား၊ ပဲနှင့် ထောက်ပံ့ရေးပစ္စည်းများဖြန့်ဝေပေးလျက်ရှိသည်။

ကယ်ဆယ်ရေး လုပ်ငန်းများကို တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဘုန်းဆွေနှင့် တာဝန်ရှိသူ များက ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။

အလားတူ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့် ဦးစီးသည့် အစိုးရအဖွဲ့မှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးစခန်းအသီးသီးရှိဒုက္ခသည်များ၏ စားသောက် နေထိုင်ရေးအတွက် လိုအပ်သည့် ကိစ္စအဝဝ ကိုကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပြီး မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူးရုံးတွင် အလှူခံဌာနဖွင့်လှစ် ထားရှိ၍ စီစဉ် ဆောင်ရွက်ပေးလျက် ရှိသည်။

ထို့ပြင် ယနေ့ နံနက်ပိုင်းတွင် ဒုက္ခသည်များအားရေသန့်၊ ခေါက်ဆွဲခြောက်နှင့် စားသောက်ကုန် များကို ဖြန့်ဝေပေးလျက်ရှိပြီး၊ စေတနာရှင်၊ အလှူရှင်များကလာရောက် လှူဒါန်းလျက်ရှိရာ ဧဒင်ကုမ္ပဏီ၊ မန္တလေးမြို့ရှိသံဃာများနှင့် အလှူရှင်များ၊ The Action Time Foundation၊ Sky Net ရုပ်သံ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဦးအောင်ကျော်ဦး၊ ရမည်းသင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဦးတို့ကခေါက်ဆွဲခြောက်ထုပ်များ၊ မုန့်မျိုးစုံ၊ ရေသန့်ဗူးများ၊ အအေးဗူးများ၊ ဆန်အိတ်များ၊ ဆေးဝါးများ၊ မိုးကာတဲများ၊ အထည်မျိုးစုံ၊ ကော်ဖီမစ်ထုပ်များ၊ ဓါတ်ဆားထုပ်များနှင့် အလှူငွေများကိုလာရောက်လှူဒါန်းခဲ့ကြကြောင်းသိရသည်။

ကယ်ဆယ်ရေးစခန်းများ၌ ယာယီနေထိုင်လျက်ရှိသော ဒုက္ခသည်များအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ပေးပို့သည့် ထောက်ပံ့ရေးပစ္စည်း များသည် ရန်ကုန်မြို့မှ မိတ္ထီလာမြို့သို့ ၂၃.၃.၂၀၀၃ ရက်နေ့တွင် Y-8 လေယာဉ်ဖြင့် ရောက်ရှိလာသည်။

ကယ်ဆယ်ရေးစခန်းများမှာ နေရပ်အသီးသီးရှိ မိမိတို့ နေအိမ်သို့ ပြန်လိုသူများကိုလည်း သက်ဆိုင်ရာက လုံခြုံရေးတာဝန်ယူ၍ လိုက်ပါပို့ဆောင်လျက်ရှိကြောင်း သိရှိရသည်။လုံခြုံရေးတာဝန်ကျ ဝန်ထမ်းများ သည် ဒေသတည်ငြိမ်အေးချမ်းရေးကို အပြည့်အဝ ဆောင်ရွက်နိုင်ခဲ့ပြီးနောက် နယ်မြေရှင်းလင်းရေး လုပ်ငန်းများကို 
၂၃.၃.၂၀၀၃ နံနက်ပိုင်းမှ စတင် ဆောင်ရွက်လျက်ရှိရာ ရပ်ကွက် အပျက်အစီးများ အတွင်းမှ စုစုပေါင်း သေဆုံးသူ (၂၁) ဦး၏ ရုပ်အလောင်းများကို ထပ်မံရှာဖွေတွေ့ရှိခဲ့သည်။

အဆိုပါ ရုပ်အလောင်းများသည် ရုပ်ဆင်းအင်္ဂါ ပျက်ယွင်းနေပြီးအမည်နှင့် လူမျိုးဘာသာ ခွဲခြားနိုင်ခြင်း မရှိတော့ကြောင်း သိရသည်။ မိတ္ထီလာမြို့၌ ဖြစ်ပွားသည့် ဆူပူအကြမ်းဖက်မှုဖြစ်စဉ်ကြောင့် 
၂၃.၃.၂၀၀၃ ရက်နေ့ညနေပိုင်းအထိ ရရှိသော သတင်းများအရ သေဆုံးသူစုစုပေါင်း (၃၂) ဦးရှိပြီ ဖြစ်ကြောင်းသိရသည်။

Credit : နိုင်ငံတော်သမ္မတရုံး

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။