“အရမ်းဝမ်းသာတယ်၊ ဒီလို ပင်ပင်ပန်းပန်းကြီး ငြိမ်းချမ်းရေးခရီးစဉ်ကို တွန်းအားတစ်ခု အနေနဲ့ဖော်ဆောင် တာပေါ့၊ ပြည်သူတယောက် အနေနဲ့ ကြိုးပမ်းခဲ့ တာလေ၊ ကေအိုင်အေဘက်ကလဲ ငြိမ်းချမ်းရေးအတွက် ဒီလိုလာတာကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုတယ်၊” ဟု အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုဇော်မင်းထွန်းက ယခုကဲ့သို့ အောင်မြင်စွာ ပြန်လည် ရောက်ရှိလာခဲ့ခြင်းနှင့်ငြိမ်းချမ်းရေးကို အတိုင်းအတာ တစ်ခု အထိ ဖော်ဆောင်ခွင့်ရရှိခဲ့ခြင်းအပေါ် ၎င်း၏ ခံစားချက် ကို ပြောကြားသည်။
ထို့ပြင် ၎င်းသည်ပါတီဝင် တစ်ဦးဖြစ်သော်လည်း ပါတီ၏သွားပါဟူသော အတင်းဖိအားပေး တိုက်တွန်း မှုကြောင့် မဟုတ်ဘဲ မိမိတို့ ဆန္ဒအလျောက် ငြိမ်းချမ်းရေး ဖော်ဆောင်မှုတစ်ခုအနေဖြင့် သွားရောက် ခဲ့ခြင်းဖြစ်ပြီး ယခုပြန်လည်ရောက်ရှိချိန်တွင်လည်း ဆက်လက်လုပ်ကိုင်စရာများ ရှိနေသေးကြောင်းကို ဆက်လက် ပြောကြားသွားခဲ့သည်။
ဝေယံ
The Myanma Age
Credit : Here

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။