/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, March 25, 2013

.

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆိုင်အားလုံးကို ညကိုးနာရီနောက်ဆုံးထား ပိတ်ရမယ်လို့ အမိန့်ထုတ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေးနဲ့လုံခြုံရေးအတွက် စားသောက်ဆိုင်၊ မီနီမားကတ် စတဲ့ ဈေးဆိုင်တွေကို ဒီကနေ့ညကစပြီး ည ၉ နာရီ နောက်ဆုံးထားပိတ်ရမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အမိန့်ထုတ်ပြန် လိုက်ပါတယ်။

ဒီအမိန့်ထုတ်ပြန်ရတာနဲ့ ပက်သက်ပြီး ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှုးက RFA ကိုအခုလိုပြောပါတယ်။

" စားသောက်ဆိုင်တွေကို ညကိုးနာရီထိပဲဖွင့်ဖို့ အမိန့်ထုတ်တာပါခင်ဗျာ၊ ကိုးနာရီကျော်တဲ့ အခါ ကျရင် သောက်စားမူးယစ်ပြီးတော့ တခြားပြဿနာတွေဖြစ်မှာစိုးလို့ ညကိုးနာရီထိသာဖွင့်ပါလို့ ကျွန်တော် တို့ အကြောင်းကြားထားတာပါခင်ဗျ"

မနေ့ညကလည်း ရန်ကုန်တိုင်းအတွင်းက အစ္စလာမ် ဘာသာဝင်တွေ အများဆုံးနေထိုင်တဲ့ မင်္ဂလာတောင်ညွှန့်မြို့နယ်မှာ လူစုလူဝေးနဲ့ ဆူပူဖို့ ကြိုးစားခဲ့တာတွေ ရှိပါတယ်။

Credit : RFA Burmese

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။