/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, March 25, 2013

.

မိတ္ထီလာ ပြည်သူများမှ တပ်မတော်သားများကို တိုးမြှင့်ချထားရန် တောင်းဆို


ကိုးကွယ်ယုံကြည်သူအမျိုးမျိုး စုပေါင်းနေထိုင်နေကြတဲ့ မြန်မာနိုင်ငံမှာ ပြည်သူအားလုံး ချစ်ကြည်ငြိမ်း ချမ်း နေထိုင်ကြဖို့၊ အစိုးရအနေနဲ့ လုံခြုံရေးကိစ္စ တိုးမြှင့်ဆောင်ရွက်ဖို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီ ညွတ်ရေး အ ဖွဲ့က ဒီကနေ့ သဘောထား ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

နှစ်ဦးနှစ်ဖက် ချစ်ချစ်ခင်ခင် ပြန်လည်နေထိုင်ကြဖို့အတွက် ကြေညာချက်ထုတ်ပြန် ရတာဖြစ်ကြောင်း ဘာ သာ ပေါင်း စုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ခရစ်ယာန်ဘာသာ အတွင်းရေးမှူး ဒေါက်တာ သာဥာဏ်က RFA ကို ပြော ပါတယ်။

" ယခုဖြစ်တာသာမာန်အရောင်းအဝယ် အငြင်းပွားမှုပဲလေ အဲ့ဒါဘာသာရေး အထိနွယ်သွားစရာ အကြောင်း မ ရှိဘူး၊ အဲ့လိုမဖြစ်အောင် အတူသော ဘာသာဝင်တွေက ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့ပဲ၊ ဘာကြောင့် ဒီလိုဖြစ်နေရတာလဲ၊ ဘာကြောင့် တစ်ယောက်နဲ့ တစ်ယောက် အဆင်မပြေချင်နေရတာလဲ အဲ့ဒီအဓိ အကြောင်းအရင်းကို ရှာဖို့ ကြိုးစားပါမယ်"

ဘာသာပေါင်းစုံက ခေါင်းဆောင်တွေပါဝင်တဲ့ အဲဒီထုတ်ပြန်ကြေညာချက်မှာ အစိုးရဘက် က နှစ်ဖက်ပြည် သူ တွေ ရဲ့ လုံခြုံရေး ကို ထားရှိဖို့၊ ဒီကိစ္စတွေရပ်တွေကို ဥပဒေကြောင်းအရ စစ်ဆေးအရေး ယူဆောင် ရွက်ပေး ဖို့၊ ပြည် သူလူထုအနေနဲ့ မေတ္တာကို အခြေခံပြီး ငြိမ်းချမ်းစွာနေထိုင်ဖို့၊ မလိုလားအပ်တဲ့ ပဋိပ က္ခတွေ မှာ မပါဝင်ကြ ဖို့နဲ့ ဥပဒေမဲ့ လုပ်ရပ်တွေမှာလည်း မပါဝင်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။

From:RFA

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။