/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, February 28, 2013

.

NLD ညီလာခံအတွက် ဒေါ်အောင်ဆန်းစုကြည်ပေးတာဆိုလို့ တံဆိပ်တုံးနဲ့ စာရင်းစာအုပ်ပဲရှိသည်ဟု တော်ဝင်နှင်းဆီဥက္ကဌ ဦးစိုးညွန့်ပြော


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာညီလာခံအား မတ်လ ၈၊၉၊၁၀ တွင် ကျင်းပမည်ဖြစ်ပြီး ပါတီညီလာခံကျင်းပရန် အကြိုညှိနှိုင်းဆွေးနွေးပွဲအဖြစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ဗဟန်းမြို့နယ် အလယ် ရွှေဂုံတိုင်လမ်းမှာရှိသော တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ကျင်းပခဲ့ပါသည်။ ၎င်းဆွေးနွေး ပွဲတွင် အဓိက အားဖြင့် NLD ပါတီဗဟိုညီလာခံကို ဆန္ဒပြမည်ဆိုသောသတင်းများကြောင့် လုံခြုံရေးကို အထူးဂရုစိုက်ရန်နှင့် ယခုကတည်းက ကြိုတင်ပြင်ဆင် ဆောင်ရွက်ကြရမည့် အကြောင်း များအား ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

၎င်းဆွေးနွေးပွဲအား ညီလာခံဖြစ်မြောက်ရေး ကော်မတီဥက္ကဌ တော်ဝင်နှင်းဆီ စားသောက်ဆိုင် ပိုင်ရှင် ဦးစိုးညွန့်မှ ဦးဆောင်ဆွေးနွေးခဲ့ပြီး ပါတီညီလာခံဖြစ်မြောက်ရေးအတွက် ဦးစိုးညွှန့်က ၎င်း၏ ဆိုင်တွင် လက်ခံ ကျင်းပမည်ဖြစ်သောကြောင့် ၎င်းအနေဖြင့် အဓိကငွေကြေးစိုက်ထုတ်ပေးမှာဖြစ်ပြီး အခြားစီပွားရေး လုပ်ငန်းရှင် များကလည်း ငွေကြေးစိုက်ထုတ်ပေးထားသည့် အကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ ၎င်းပွဲအတွက် ပေးတာဆိုလို့ တံဆိပ်တုံးနှင့် စာရင်းစာအုပ်သာပေးထားကြောင်း ထည့်သွင်းပြောကြား သွားခဲ့ပါသည်။ ၎င်း၏ ပြောကြားချက်များနှင့်ပတ်သက်ပြီး အစည်းအဝေးကို တက်ရောက်ခဲ့သော ပါတီဝင် တစ်ဦးမှ ဘ၀င်မကျ သည့်အကြောင်းကို အောက်ပါ အတိုင်းပြော ကြား ခဲ့ပါသည်။

၎င်းသည် ဒီချုပ်စဖွဲ့ကတည်းကပါဝင်သည့် ပါတီဝင်တစ်ဦးဖြစ်ကြောင်း၊ ပါတီအနေဖြင့် အခက်အခဲ များ နှင့်ကြုံတွေ့ပြီးမှ ယနေ့အနေအထားသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ တရားဝင်ပါတီအဖြစ် ရပ် တည် လာမှသာ စီးပွားရေးလုပ်ငန်းရှင်များမှ စီးပွားရေးအကွက်မြင်ပြီး ပူးပေါင်းလာကြခြင်းဖြစ်ကြောင်း၊ ၎င်း တို့၏ အမြတ်အစွန်း ကိုတွက်ပြီးမှ NLD ကို လာကြခြင်းဖြစ်ကြောင်း၊ အမေစုနှင့်ပတ်သက်၍ ယခုပွဲကိုလုပ်တာ တံဆိပ်တုံးနှင့် စာရင်းစာအုပ်ပဲ ပေးတယ်ဆိုတဲ့စကားမျိုးကို ဦးစိုးညွန့်မှမပြော သင့်ကြောင်း ပြောဆိုခဲ့ပါ သည်။

ယခုနောက်ပိုင်း NLD ပါတီတွင်း အောက်ခြေ မြို့နယ်/ရပ်ကျေးအဖွဲ့အစည်းများတွင် အကွဲအပြဲများ၊ နေရာ လုယူမှုများ ဖြစ်နေကြပြီး ပါတီဝင်များအချင်းချင်း စုပေါင်းလက်မှတ်ရေးထိုးကာ လွှတ်တော်ကိုယ်စားလှယ် အချို့အား ဖြုတ်ချပေးရန်တောင်းဆိုမှုများ ဖြစ်ပွားလာခဲ့သည်။

NLD ပါတီဗဟိုညီလာခံအား ဆန္ဒပြမည့်ပါတီဝင်များရှိနေသောကြောင့် လုံခြုံရေးကို အထူးဂရု တစိုက် လုပ်ဆောင်ရန် ပြင်ဆင်လျက်ရှိသည်။ ညီလာခံအတွင်း အခြားပါတီဝင်မဟုတ်သောသူများကို လုံးဝ ဝင်ခွင့် ပြုမှာမဟုတ်ဘဲ လုံခြုံရေးအထူးတင်းကြပ်ထားကြောင်း သိရှိရသည်။ ယခုညီလာခံ အား အောင်မြင် စွာကျင်းပ နိုင်ရန်အတွက် ပံ့ပိုးကူညီနေသော စီးပွားရေးလုပ်ငန်းရှင်များနှင့် ကုမ္ပဏီများသည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD အနိုင်ရခဲ့လျှင်ဆိုသော မျှော်လင့် ချက်ဖြင့် ငွေကြေး လမ်း ခင်းနေခြင်းဖြစ်ကြောင်း၊ ၎င်းကုမ္မဏီများတွင် မူဆလင်ဘာသာဝင်များ ထူထောင်ထားသောကုမ္ပဏီများ ပါဝင်နေခြင်းကြောင့် ပါတီဝင် အချို့မှ ကြေနပ်မှုမရှိကြောင်း ပါတီဝင်တစ်ဦးမှ ပြောကြားသွားသည်။

မစိုးရိမ်ဆရာတော် ဆရာတော်အရှင်ဝီရသူမှလည်း တရားပွဲတစ်ပွဲတွင် NLD ပါတီအနေဖြင့် ““ခွပ်ဒေါင်း မှ မွတ်ဒေါင်းဖြစ်သွားပြီ”” ဟု ဝေဖန်ပြောဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဘေးတွင် မွတ်ဆလင်ဘာသာဝင် များ ၀န်းရံနေကြောင်း ထောက်ပြပြောဆိုခဲ့ပါသည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။