/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, February 28, 2013

.

၈ လေးလုံးကဲ့သို့ တစ်နိုင်ငံလုံး အုံကြွမှုအတွက် ဖန်တီးသူများ ရှိနေပြီလား.


၂၀၁၀ ရွေးကောက်ပွဲအပြီး ကာလအတွင်း ပြဿနာ မရှိသေး။ ၉.၈.၈၈ မှ စပြီး ပြောခဲ့လုပ်ခဲ့သည့်အတိုင်း အ သား ကျလျှက် ပြည်သူများ၊ အစိုးရ အကြီးအကဲများ ပုံမှန်လုပ်ငန်းဆောင်ရွက်ချက်များ ရှိနေခဲ့သည်။ သို့ေ သာ် ယခုနောက်ပိုင်း ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက် ရင်ဆိုင်ယုံသာမက သတင်းမှားများ လွှင့်ထုတ်မှု တို့ ကို မီဒီယာများမှ တွေ့ရသည့်အခါတွင်တော့ တစ်နိုင်ငံလုံး ၈ လေးလုံးကဲ့သို့ အုံကြွမှုမျိုး ဖြစ်လာအောင် ရည် ရွယ် ချက် ရှိရှိ လုပ်ဆောင်နေသလားဟု တွေးစရာ ဖြစ်လာသည်။

လက်ပံတောင်း ကြေးနီ စီမံကိန်းမှ အစ၊ ကျောက်ပန်းတောင်း လျှပ်စစ်မီး ကိစ္စ၊ ယခု နောက်ဆုံး မအူပင် ကိစ္စ တို့အထိ ပြည်သူ့ရဲ တပ်ဖွဲ့ဝင်များအပေါ် သိသိသာသာ တိုက်ခိုက်မှုများ ပြုလုပ် လာသည်။ တစ်ချိန် တ ည်း တွင် အမည်မဖော်သည့် ဘာသာရေး သွေးခွဲသူများက တစ်မျိုး၊ အမည်ဖော်သည့် ဘာသာရေး သမား များက တစ်မျိုးဖြင့် မငြိမ်မသက်မှုများလည်း အချိန်ကိုက် ဖြစ်ပေါ်လျှက် ရှိသည်။

ပြည်တွင်း အခြေအနေများ မငြိမ်သက်စဉ်တွင် နယ်စပ်ရှိ ဘင်္ဂလီတို့ ပုံမှန် လှုပ်ရှားမှုများသာ ရှိပြီး၊ ပြည် တွင်း တွင် ငြိမ်သက်သွားပါက ဘင်္ဂလီများ ရွာမီးရှို့ခြင်း၊ လူသတ်ခြင်း တို့ ပြုလုပ်လေ့ရှိသည်။ ထို ဘင်္ဂလီ များ ပြဿနာ ရှာပြီးနောက်တွင် ကုလသမဂ္ဂ သို့မဟုတ် အဖွဲ့အစည်းကြီးကြီး တစ်ခုမှ အရေးကြီး ပုဂ္ဂိုလ် များ မြန်မာ နိုင်ငံကို အချိန်ကိုက် ရောက်လာကြသည်။

စစ်တပ်မှ အကြီးအကဲ ဟောင်းများ အများစု ပါဝင်သည့် အစိုးရလက်ထက် တွင် စစ်တပ်မှ အာဏာသိမ်းရန် အကြောင်း မရှိ။သမ္မတကြီး သွားလေရာ တပ်ချုပ်(သို့မဟုတ်) ဒုတပ်ချုပ် ပါသည့်နောက်တွင်တော့ အစိုး ရနှင့် တပ်မတော် စည်းလုံးမှု၊ အပြန်အလှန် နားလည်မှုက ပြောစရာ မလိုတော့။ ဒါဖြင့် ဘယ်သူတွေက ထို သို့သော အဓိကရုဏ်းကြီးမျိုး ဖန်တီးရန် ကြံစည်နေကြသနည်း။

လက်ညှိုးထိုး၍ ထင်ရာ စွပ်စွဲပါက အန်အယ်လ်ဒီမှ အကွက်ချ စီမံခြင်းဟု စွပ်စွဲနိုင်သည်။ အခြေခံ ဥပဒေ ပြင် ဆင်ရေး၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အရေးနှင့် အကြွင်းမဲ့အာဏာ များအတွက် ၈ လေး လုံးကဲ့သို့ ဆူပူမှု ဖန်တီးပြီး အပြောင်းအလဲ တစ်ခု ဖော်ဆောင်နိုင်သည်။ သို့သော် ဒေါ်အောင်ဆန်း စုကြည် ၏ လက်တွေ့ပြောဆို လုပ်ဆောင်ချက်များ သည် ထိုသို့လုပ်နိုင်ဖွယ် မရှိဟု ထင်မှတ်စရာ ရှိသည်။ NLD တွင် အပိုင်းများ ကွဲနေပြီလား ဆိုသည်မှာ လည်း တွေး စရာပင် ဖြစ်သည်။

၈၈ ကျောင်းသားနှင့် ဗကသ များဟု တွေးဆစရာလည်း ရှိသည်။ ပညာမတတ် ထောင်ထွက် များ နိုင်ငံရေး ခေါင်းေ ဆာင် ဖြစ်သည့်ခေတ်မှ ပညာတတ် အရည်အသွေးမြင့် နိုင်ငံရေးခေါင်းဆောင် များ ခေတ်ကို ရောက် လာ ချိန်တွင် ကျောင်းသားခေါင်းစဉ်အောက်မှ ထိုသူများအတွက် နေရာမရှိ။ ၁၉၆၂ ၊ ၁၉၈၈ နောက် ပိုင်း ပညာသင် ၍ နိုင်ငံရေး နယ်ပယ်၊ အုပ်ချုပ်ရေးနယ်ပယ် တို့တွင် နေရာအခိုင်အမာ ရနေသည့် လူများ စွာ ရှိနေသည်။ မင်းသားမလုပ်ရရင် ပတ်မကြီး ထိုးဖောက်မယ်ဆိုသည့် အတွေးဖြင့် ဆူပူမှုများ ဖြစ်ေ အာင် နောက်ကွယ်က ဖန်တီးသည်ဟု စွပ်စွဲနိုင်သည်။ အစိုးရ အပုပ်ချခြင်း၊ ရန်တိုက် စကားများ ပြော ဆိုခြင်း တို့ဖြင့် လောလောဆယ် ၀င်ငွေ တိုးပွားစေယုံသာမက အဓိကရုဏ်း များ ဖြစ်ပြီး သေခဲ့လျှင်ပင် သူရဲေ ကာင်းအဖြစ် မှတ်တမ်းဝင်နိုင်သဖြင့် ဖန်တီးသည်ဟု ယူဆနိုင်သည်။

ကြံ့ခိုင်ရေးပါတီ အနေဖြင့်တော့ လှုပ်ရှားမှု သိပ်မတွေ့ရ။ အလှူငွေ ပေးအပ်ခြင်း၊ လမ်းဖောက်ခြင်း တို့ အပြင် သီးခြားလှုပ်ရှားမှုများ ပေါ်ပေါ်ထင်ထင် သိပ်မရှိသည်ကို တွေ့ရသည်။ ပါတီအတွင်း အရည် အချင်း ရှိ သူများ အပြည့်ရှိနေသည့်အပြင် ထိုင်ခုံနေရာအတွက်လည်း စနစ်တကျ စီမံခန့်ခွဲမှုများ ရှိသည့်အတွက် အဓိကရုဏ်းကို ဖန်တီးရန် စိတ်မပါဆုံးမှာ ကြံ့ခိုင်ရေး ဖြစ်နိုင်သည်။ ဆူပူမှုများ ဖြစ်လာပါက ပါတီ ရပ် တည်မှု အတွက် အခြေအ နေ ပို၍ မကောင်းနိုင်။

ဖြစ်ပွားခဲ့သော ဖြစ်စဉ်များသည် ရဲတပ်ဖွဲ့ဝင်တို့နှင့် တိုက်ရိုက် သက်ဆိုင်မှု တစ်ခုမှ မရှိ။ ကျေးရွာပိုင်၊ ပုဂ္ဂ လိက ပိုင် လုပ်ငန်းများ၊ နိုင်ငံတော်ပိုင် လုပ်ငန်းများတွင် ဆူပူမှုများ ရှိသဖြင့် သွားရောက် ကာကွယ်ပေးခြင်း သာ ဖြစ် သည်။ တရားဥပဒေအရထက် ရဲတပ်ဖွဲ့ဝင်တို့မှာ ပို၍ လုပ်စရာ အကြောင်းမရှိ။ သာမန် ကာကွယ် တား ဆီးယုံ သာ ဆောင်ရွက်ကြသည်။ သို့သော် ထိုသူများကို တိုက်ခိုက်ရန် နောက်ကွယ်က မြှောက် ပင့်ပေး သူများ ပေါ်လာ ပြီဖြစ်သည်။ ကျောက်ပန်းတောင်းတွင် တစ်ကြိမ်၊ မအူပင်တွင် တစ်ကြိမ် တစ်လ အ တွင်း ရဲတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာ ရရှိမှု ၂ ကြိမ်ရှိလာပြီ ဖြစ်သည်။

တစ်ဖက်တွင်လည်း တိုင်းရင်းသား သွေးကွဲမှုများ၊ လူမျိုးစွဲ၊ ၀ါဒစွဲများ ပြင်းထန်စွာ ဖြစ်ပေါ်အောင် သွေးထိုး လျှက် ရှိသည်။ ကချင်မီဒီယာများမှ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြား ပေါ်တင် သွေးခွဲလျှက် ရှိသကဲ့သို့၊ သောင်းကျန်းသူ လက်ကိုင်တုတ် ပြည်တွင်း မီဒီယာများ မှလည်း ထပ် ဆင့်ဖော်ပြ လျှက် ရှိ သည်။ တိုင်းရင်းသားလူမျိုးစွဲ ပြင်းထန်သူ များ ပါဝင်သည့် မီဒီယာ၊ အစိုးရ မုန်းတီးရေး အခြေခံ သည့် မီဒီယာ အချို့ သည်ကား ဆူပူမှုများ ဖြစ်ပေါ်လာပါက တိုက်ရိုက် ပါဝင် ပတ်သက်မှုများ ရှိနေသည်ကို တွေ့ရသည်။

သေချာသည်ကား နယ်စပ်ဒေသများတွင် တည်ငြိမ်မှု မရှိ ကျီးလန့်စာစား အခြေအနေ ဖြစ်နေသည်။ ရန်ကုန် မြို့တော် အလယ်တွင် ပွဲစားများမှ ကားတရုံးရုံး၊ လူတစ်ရုံးရုံး လုပ်နေသည်။ ရန်ကုန် မြို့နယ် များ တွင် ကုလား- ဗမာ ပဋိပက္ခအချို့ အကြောင်းပြ လူစုမှုများ ဖြစ်ပေါ်နေသည်။ ရန်ကုန် မြို့စွန်များ တွင် မြေသိမ်း၊ယာ သိမ်း ဆန္ဒပြမှုဖြင့် အလုပ်သမား၊လယ်သမားများ စုနေသည်။ အန်အယ်လ်ဒီ အားကောင်းရာ မြို့နယ် များတွင် အစိုးရ ကို တိုက်ခိုက်မှုများ၊ ရဲနှင့် ဖြစ်ပွားသော ပဋိပက္ခများ ဆက် တိုက် ဖြစ်ပွားနေသည်။ မင်းကိုနိုင် တို့ အပါအ၀င် ကျောင်းသားများ စာပေဟောပြောပွဲ ပြုလုပ်ပြီး နေ့ည မပြတ် ဟောပြောမှုများဖြင့် လှုံ့ဆော်နေ သည်။

အခြေအနေ အရပ်ရပ်သည် စိုးရိမ်ဖွယ် အနေအထား တစ်ခုသို့ ဦးတည်နေသည့်နောက် တစ်နိုင်ငံလုံး အုံကြွမှု အတွက် အကွက်ချ ဖန်တီး သူများ ရှိနေလား ဆိုသည့် မေးခွန်း ဖြစ်လာရပါတော့သည်။

Credit : Here

3 comments:

  1. ဟား ဟား သူခိုးလူဟစ်တဲ့ ဆိုဒ်ကလေးပါလား။

    ReplyDelete
  2. အရမ်းတော်တဲ့ Reply ဘဲ...... ဒါပေမဲ့ သူခိုး လူဟစ်တာမဟုတ်ဘူးဟေ့.... ခွေးပါးစပ်က နတ်စကားထွက်သလိုပါ.... အချိန်တန်တော့ ဂိန် ဂိန် လို့ဘဲအော်ပြီး ချေးပုံဘဲပြေးဟပ်နေကျဆိုတော့... စိတ်ဓါတ်က ဘဝတူစိတ်ပေါက်နေတာပေါ့.....

    ReplyDelete
  3. ဟဲ .. ဟဲ ..ချီးစားပြီးရေးထားသလားအောက်မေ့ရတယ် .. ကောင်းလိုက်တဲ့ဦးနှောက် ခွေးချီးသုတ်ထားပေးဖို့ကောင်းတယ် .. ဟာ . .ဟ ..

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။