/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, February 28, 2013

.

ရွှေဂုံတိုင် ခုံးကျော်တံတားကြီးကို လာမည့် နိုဝင်ဘာလတွင် အပြီး ဆောက်လုပ် သွားမည်ဟု စီမံကိန်း တာဝန်ရှိသူ ပြောကြား

ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ ညွှန်ကြားချက် စီမံကိန်းအရ ရန်ကုန်မြို့တော်စည် ပင်သာယာေ ရး ကော်မတီမှ ကြီးကြပ်ပြီး Capital Development ကုမ္ပဏီ လီမိတက်မှ တာဝန်ယူဆောင်ရွက် လျက်ရှိသော ရွှေဂုံတိုင် ခုံးကျော် တံတားကြီးအား လာမည့် နိုဝင်ဘာလအတွင်း အပြီး ဆောက်လုပ် သွားမည်ဖြစ်ကြောင်း ရွှေဂုံတိုင် ခုံးကျော်တံတား တည်ဆောက်ရေး စီမံကိန်းမှ ဒါရိုက်တာ ဦးေ အးသော် က ဖေဖော်ဝါရီ ၂၅ ရက်တွင် မြန်မာ အင်ဒီပဲန်ဒင့် သို့ ပြောကြားခဲ့သည်။

ရွှေဂုံတိုင် ခုံးကျော် တံတားကြီးကို ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်တွင် ပန္နက်တည်ခဲ့ပြီး ဂျပန်နိုင်ငံရှိ JFE Engineering Corporation ပညာရှင် အဖွဲ့မှ ဒီဇိုင်းပုံစုံထုတ်ရေးဆွဲကာ ယာဉ်သွားလမ်းအနေဖြင့် ၄ လမ်းသွား စနစ်ဖြင့် တည်ဆောက် သွားမည် ဖြစ်ရာ ဖောင်ဒေးရှင်းအမျိုးအစားမှာ သံကူ ကွန်ကရစ် လွန်တူး ဘိုးပိုင်ဖြစ်ပြီး ၁.၅ မီတာ အချင်းရှိကြောင်း၊ တံတား အမျိုးအစားမှာ သံကူ ကွန်ကရစ်တံတား ဖြစ်ပြီး တံတားယက်မကို Stell Box Girder ဖြင့် အသုံးပြုထားကြောင်း၊ ယာဉ်သွားလမ်း အကျယ်မှာ စုစုပေါင်း ၁၄.၂ဝ မီတာ(၄၅.၅၉ ပေ)ဖြစ်ပြီး တံတား အရှည်မှာ ပင်မတံတား ၄၈၁ မီတာ၊ ချဉ်းကပ်လမ်းအရှည် ၁၄၆.၇၅ မီတာအနက်မှ တောင်ဖက်ခြမ်း ချဉ်းကပ်လမ်း အရှည် ၉ဝ.၇ မီတာ၊ မြောက်ဖက်ခြမ်း ချဉ်းကပ် လမ်းအရှည် ၅၆.ဝ၅ မီတာ စုစုပေါင်း ၆၂၇.၇၅ မီတာ(၂ဝ၅၉.၅၅ ပေ)ရှိ ကြောင်း ဒါရိုက်တာ ဦးအေးသော်က ဆိုသည်။ တံတားတစ်စင်း၏ ဖွဲ့စည်း တည်ဆောက် ထားပုံတို့မှာ ခန်းဖွင့်အကျယ် အနေဖြင့် ၃ဝ မီတာ ၂ ခန်း၊ ၄၂ မီတာ ၁ ခန်း၊ ၄၆ မီတာ ၁ ခန်း၊ ၄ဝ မီတာ ၁ ခန်း၊ ၄၃ မီတာ ၅ ခန်း၊ ၄၄ မီတာ ၁ ခန်း စုစုပေါင်း ၁၂ ခန်းရှိပြီး တံတားကင်းလွတ်အမြင့်ဆုံး ယာဉ်ခံ နိုင်ဝန်မှာ ၆ဝ တန်ဖြစ်ကြောင်း နှင့် အများဆုံး မောင်းနှင်နိုင်သည့် မိုင်နှုန်းမှာ တစ်နာရီလျှင် ၅ဝ ကီလိုမီတာ သာ မောင်းနှင်ရမည် ဟု သတ်မှတ်ထားကြောင်း ယင်းက ဆက်လက်ပြောကြားခဲ့သည်။

ယင်းစီမံကိန်းအတွက် တံတား ပုံစံ စတင်ထုတ်စဉ်အခါက တံတား အရှည် ၄၂ မီတာရှိရာ ချဉ်းကပ်လမ်း အရှည် မြောက်ဖက်ခြမ်းမှာ ၅၆.ဝ၅ မီတာဖြစ်ပြီး ချဉ်းကပ်လမ်း အရှည် တောင်ဖက်ခြမ်းတွင် ၁၅ဝ.၇ မီတာ ရှိသော် လည်း တောင်ဖက်ခြမ်း၌ရှိ နေသည့် ၄၂ လက်မခန့်ရေပိုက်ကြီး ကြောင့် တောင်ဖက်ခြမ်းချဉ်းကပ် လမ်းကို အနည်းငယ်ခန့် ဒီဇိုင်းပြန် ဆွဲခဲ့ရကြောင်း၊ ““ဒီဇိုင်းပြန်ဆွဲတဲ့အခါ မှာ မြောက်ဖက်ခြမ်းကတော့ မပြောင်း ပါဘူး။ တောင်ဖက်ခြမ်းကိုတော့ နည်းနည်းပြောင်း လိုက်ရတယ်။ ရေ ပိုက်ကြီးကို မရွှေ့မပြောင်းပဲ တံတားကြီး ဆောက်နိုင်ဖို့ ချဉ်းကပ်လမ်းပိုင်း မှာရှိတဲ့ ရေပိုက်ကို ကျော်ခွပြီးတော့ ပုံစံထုတ်ရတယ်။ အဲဒီပုံစံ ထုတ်တာ လည်း ပြီးခဲ့တဲ့ဇန်နဝါရီလကမှ အတည် ဖြစ်ပါတယ်။ တံတားအရှည်က ဘယ်လိုဖြစ်သွားမ လဲဆိုတော့ ၃ဝ မီတာခန်းပွင့် ၂ ခုတိုးလာတဲ့အတွက် စုစုပေါင်း ပင်မတံတားအရှည်က ၄၈၁ မီတာဖြစ်သွားတယ်။ မြောက်ဖက်ခြမ်း ချဉ်းကပ်လမ်း အရှည်ကတော့ ၅၆.ဝ၅ မီတာပဲ မပြောင်းလဲ ဘူး။ တောင်ဖက်ခြမ်းမှာတော့ ၉ဝ.၇ မီတာ ပြောင်းသွားတယ်” ဟု အဆိုပါ စီမံကိန်းနှင့်ပတ်သက်ပြီး ဒါရိုက်တာ ဦးအေးသော်က ထပ်မံပြောကြား ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် တံတားဆောက်လုပ်ခြင်း နှင့်ပတ်သက်၍ ဖြည့်စွက်ပြောကြား ခဲ့ရာ၌ အဆိုပါ ခုံးကျော်တံတားကြီး ၏ တည်ဆောက်ပုံ ဒီဇိုင်းကို ဂျပန်နိုင်ငံရှိ ဒီဇိုင်းပညာရှင် များက ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ထိုဒီဇိုင်းကဲ့သို့ လုပ်ငန်းအပ်နှံ ဆောင်ရွက်သွားမည် ဖြစ်သည်အတွက် ယင်းတို့၏ ကြီးကြပ်မှု ဒီဇိုင်းကို ယူကာ လမ်းတံတား ပိုင်းဆိုင်ရာ မြန်မာ အင်ဂျင်နီယာများနှင့် မြန်မာကျွမ်းကျင် လုပ်သားများဖြင့် ဆောက်လု ပ်နေပြီဖြ စ်ကြောင်း၊ ဆောက်လုပ်ဆဲ ကာလ တွင် ယင်းစီမံကိန်းနှင့် ပတ်သက်၍ ဂျပန်ပညာရှင် များမှ လုပ်ငန်းခွင် သို့ သွားရောက် စစ်ဆေးလျက်ရှိကြောင်း ဒါရိုက်တာ ဦးအေးသော်က “လုပ်ငန်းစလုပ်တယ်ဆိုတာကလည်း ဘိုးပိုင်တူးတယ်ဆိုရင် မြေကြီးထဲကနေ စပြီးတော့ လုပ်ရတယ်။ ဘိုးပိုင် တူးတဲ့အခါမှာလည်း ဘိုးပိုင်ရဲ့အနက် မှန်မမှန်ဆိုတာ ကြည့်ရတယ်။ နောက် တစ်ခါ ကျတော့ ဘိုးပိုင်ရဲ့ depth နဲ့ alignment တွေကို Vertically အရ Straight ဖြစ် မဖြစ် ဆိုတာတွေ Check လုပ်တယ်။ ပြီးတော့မှ ချည်ထားတဲ့ သံခြင်းကြီးတွေကိုထည့်ပြီး ကွန်ကရစ်လောင်းရတယ်။ အဲဒီလို ကွန်ကရစ် လောင်းတဲ့ အခါမှာလည်း ဘိလပ်မြေ က ဘယ်လောက်ပါရမယ်။ ကျောက်စရစ်က ဘယ်လောက် ပါရမယ်။ သဲက ဘယ်လောက် ပါရမယ် စသဖြင့် သတ်မှတ်ထား တာတွေ ရှိတယ်။ အဲဒါတွေ မှန်မမှန်ကို လိုက်ပြီး Check လုပ်ပေးရတယ်” ဟု လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ယခုကဲ့သို့ဆိုသည်။

ဆက်လက်ပြီး ဒါရိုက်တာ ဦးအေးသော်က “အခု ပြီးစီးသွားတဲ့ ဘိုးပိုင်တွေမှာဆိုရင် အားလုံးက သတ်မှတ် ထားတဲ့ Grade အပြည့်နဲ့ တကယ်ကို သတ်မှတ်ထားတဲ့ စံချိန် စံညွှန်းနဲ့ညီတဲ့ ဘိုးပိုင်တွေဖြစ်လာပါပြီ။ ဘိုးပိုင်တွေ အားလုံးအချင်း ၁.၅ မီတာ ရှိတယ်။ ဘိုးပိုင်စုစုပေါင်း ၆၅ လုံး လုပ်ရမယ်။ အထဲမှာ ဒီနေ့ဆိုရင် ၆ဝ ထိပြီးနေပြီ။ ရာခိုင်နှုန်းနဲ့ဆိုရင် ၉၂ ရာခိုင်နှုန်းလောက်တောင်ပြီးနေပါပြီ။ ဘာပဲကျန်လဲဆိုတော့ ဒီရေပိုက်ကြီးနဲ့ ထိစပ်တဲ့ အပိုင်းမှာ ရှိတဲ့ ၅ လုံးပဲ ကျန်တာပါ။ မြောက်ဖက်ခြမ်းမှာ ကျတော့ ၁ မီတာ အချင်းရှိတဲ့ ဘိုး ပိုင် ၉ လုံးရှိတယ်။ တောင်ဖက်ခြမ်း မှာကျတော့ ၁ မီတာ အချင်းရှိတဲ့ ဘိုးပိုင် ၂၈ လုံး စုစုပေါင်း ၃၇ လုံး လုပ်ရမယ်။ အခုအဲဒီအပိုင်းတွေတောင် ရောက်နေပါပြီ။ ၁၁ လနဲ့ပြီးအောင် ဆောက် ရမယ်ဆိုတာကျွန်တော်တို့ရဲ့ target ပါ။ လူကြီးတွေက ကျွန်တော်တို့ကို ဘယ်နေ့ပြီးအောင်ဆောက် လို့ ပြောမထားပါဘူး။ ကျွန်တော်တို့ အခု ဆောက်နေတာ ၂ လခွဲလောက်ရှိပါ ပြီ။ နိုဝင်ဘာလမှာ အပြီးဆောက်သွားမှာပါ” ဟု အဆိုပါ စီမံကိန်းနှင့် ပတ် သက်၍ မြန်မာအင်ဒီပဲန်ဒင့်သို့ ပြော ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ လုပ်ငန်းခွင်နှင့်ပတ် သက်၍ ပတ်ဝန်းကျင်၌ အနှောက်အယှက် မဖြစ်စေရန် လုပ်ငန်းခွင်တွင် လုပ်ဆောင် ပုံ နည်းလမ်းများကိုလည်း “ကျွန်တော်တို့ လုပ်ငန်းခွင့်နဲ့ ပတ်သက်လို့ ဘာတွေ သတင်းထွက်လဲ ဆိုရင် ဘိုးပိုင်တွေ တူးနေတယ်။ တူးနေတဲ့အတွက် အိပ်မရဘူး ဆိုတာမျိုး အနီးအနား ပတ်ဝန်းကျင်က ပြောပြ တာပေါ့နော်။ ဘိုးပိုင်တူးတဲ့ စက်ရဲ့ အသံက သာမန် ၁ဝ ဘီးကားကြီး တွေရဲ့ အသံလောက်ပဲရှိတယ်။ ဒါပေမယ့် ဘယ်နေရာမှာ အသံထွက်လဲ ဆိုရင် ကတ္တရာလမ်းကြီးကို အပေါက်ဖောက်ရတယ်။ နှစ်ရှည်လများ အထပ်ထပ် လုပ်ထားတဲ့အတွက် ကတ္တရာလမ်းရဲ့ အထူက ၉ လက်မ၊ ၁ဝ လက်မလောက်ရှိတယ်။ အဲဒီထဲမှာမှ အမာခံ ကျောက်တွေက ၆ လက်မမှ ၉ လက်မ လောက်ရှိတာတွေကို လွန်သွားတစ်ခုနဲ့ ဖောက်ရတဲ့အတွက် အသံမြည်တာတွေ ရှိတယ်။ အဲဒီအပိုင်းတွေကို နေ့ပိုင်းမှာ ဖောက်ထားပါတယ်။ ညပိုင်းမှာကျတော့ ဖောက် ပြီးသား မြေကြီးတွေကို ကျုံးထည့် ရတယ်။ ပတ်ဝန်းကျင်မှာလည်း ဆူပူနှောက်ယှက်မှု မရှိအောင် ဂရုစိုက်ပြီး လုပ်ရပါတယ်” ဟု ဒါရိုက်တာ ဦးအေးသော်က ထပ်မံပြောသည်။

ခုံးကျော်တံတား တည်ဆောက်နေစဉ် အတွင်း၌ ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်စေရန် လုပ်ငန်းခွင်အတွက် မလွှဲမရှောင်သာ ယူရမည့် အကျယ်အဝန်း အတိုင်းအတာကိုသာ ယူထားကြောင်း၊ ဘိုးပိုင်တူးစက်များ၊ ကရိန်းကားများ၊ မြေတူးစက် များအပြင် ကျန် ရှိသည့် ဆက်စပ်ပစ္စည်းများ များပြား စွာ အသုံးချရသော် လည်း လုပ်ငန်းခွင် အတွက် နေရာကို အတတ်နိုင်ဆုံး ချုံ့ပြီး ယူထားပေမယ့် တချို့ကြတော့ ဒီလုပ်ငန်းလုပ်လို့ လမ်းပိတ်တယ်။ လိုအပ်တာ ထက်တောင် ပိုပြီးတော့ ယူထားတယ်လို့ မြင်ကြ တာတွေလည်း ရှိတယ်။ လုပ်ငန်းခွင် အတွင်း ချောင်ချောင်ချိချိ ဆိုရင် ဘိုးပိုင်တူးတဲ့ အခါမှာ ကြိုက်သလို လှည့်ပြီး တူးလို့ရတယ်။ အခုနေရာ ကန့်သတ်ချက်ရှိတဲ့ အခါကျတော့ ဒီနေရာမှာပဲ တူးပြီး ဒီနေရာမှာပဲ ပုံ၊ ပြီးမှ ဒီမြေကြီးရွှေ့ ပြီးမှ နောက်တစ်ကျင်း ဆက်တူးရတာ ဆိုတော့ စက်စွမ်းအား အပြည့်မလုပ်နိုင်ပါဘူး။ စက်စွမ်းအား အပြည့်နဲ့သာ လုပ်ကြကြေး၊ လုပ်နိုင်တဲ့ မြေအနေအထား ရမယ်ဆိုရင် ပိုပြီးတော့ မြန်မြန် ဆန်ဆန် ပြီးပါတယ်။ ကျွန်တော် တို့က နေ့ပိုင်းမှာ လုပ်တယ်ဆိုရင် ယာဉ်ကြောပိတ်တယ်။ ပိုပြီးတော့ ဆိုးပါတယ်။ အဲဒီအတွက် အတတ်နိုင်ဆုံး ယာဉ်ကြောရှင်းတဲ့ အချိန် ညပိုင်းမှာ လုပ်တယ်” ဟု ဆိုသည်။

ရွှေဂုံတိုင် ခုံးကျော်တံတားစီမံကိန်း အတွက် ဘတ်ဂျက်အနေဖြင့် ၁၇ ဘီလျံ ကုန်ကျမည်ဟု ခန့်မှန်း ထားကြောင်း ၊ နိုင်ငံ တကာ စံနှုန်းနှင့် ကိုက်ညီပြီးရေရှည် တည်တံ့ခိုင်မြဲသည့် တံတားတစ်စင်းဖြစ်ပေါ်စေ ရန် ဆောက်လုပ်မည့် နည်းပညာပိုင်း ဆိုင်ရာ ပစ္စည်း များကို ဂျပန်နိုင်ငံရှိ JFE ကုမ္ပဏီမှ တိုက်ရိုက်မှာယူကာ အရည်အသွေး အာမခံစံနှုန်းမှာ တစ်ရာ,ရာခိုင်နှုန်းဖြစ်ကြောင်း၊ ထိုပြင်လာမည့် နိုဝင် ဘာလ၌အပြီး ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Credit : Myanmar Independent News Journal

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။