/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, February 28, 2013

.

၁ ဒေါ်လာ ၁၀၀၀ ကျပ် ၀န်းကျင်သို့ ရောက်ရှိစေလိုကြသူများ


“နိုင်ငံ့ဝန်ထမ်းနှင့် အလုပ်သမားများ၏ တစ်ဦးချင်းဝင်ငွေကို နိုင်ငံခြားငွေဖြင့် ဖော်ပြရာမှာ အမြင်ကောင်းေ ကာင်း ကိန်းဂဏန်း များအောင် တစ်ဒေါ်လာငွေလဲနှုန်း ၈၅၀ ကျပ်ဝန်းကျင်မှာပဲ ထားနေတာလား။ ၉၅၀၊ ၁၀၀၀ ကျပ် ၀န်းကျင်ထားရှိမှ နိုင်ငံနဲ့ ပြည်သူအတွက် ကောင်းမှာကို သိလျက်နဲ့ မျက်ကွယ်ပြုနေတာလား” ဟု သူရ ဦးရွှေမန်းက ကျင်းပလျှက်ရှိ သော ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သည်။

ငွေလဲနှုန်းသည် ၉၅၀ နှင့် ၁၀၀၀ ကျပ်ဝန်းကျင်တွင် သင့်လျော်ပြီး ယင်းသို့ဖြစ်လာရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း လည်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ယမန်နှစ်က ပြုလုပ်သော အခမ်း အနား တစ်ခုတွင် ပြောကြားခဲ့ဖူးသည်ဟု 7 Day News ဂျာနယ်မှ ဖော်ပြချက်အရလည်း သိရသည်။

လုပ်ငန်းရှင်များမှလည်း ဒေါ်လာနှင့် ငွေလဲလှယ်ဈေးကို မြင့်စေချင်ကြသည်။ သို့မှသာ လယ်၊ယာ၊ စိုက်ပျိုး မွေးမြူရေး သမားများ၊ ၀င်ငွေကောင်းကောင်း ရမည်ဖြစ်ကြောင်းတို့ကို ပြောဆို ကြသည်။ ဖြစ်နိုင်ပါသည်။ ဒေါ်လာဈေးလည်း တက်စေချင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော့် အမျိုးတွေ အကုန် နိုင်ငံခြား ရောက် နေသည့်အတွက် ဖြစ်ပါသည်။ ကျွန်တော့်အမျိုး အားလုံး ဒေါ်လာ သုံးကြသည့် အတွက် ဖြစ်ပါသည်။

လွှတ်တော်နာယကကြီး၏ သားသမီးများသည် Red Link အပါ နိုင်ငံတကာနှင့် ယှဉ်သော စီးပွားရေးများ လုပ် နေသည့်အတွက် လည်း ဒေါ်လာဈေးကို တက်ပါက အကျိုးရှိနိုင်ပါသည်။ မီဒီယာများနှင့် ခရိုနီများ သည် လည်း ဒေါ်လာနှင့် ဆက်စပ်ပတ်သက်မှုများ ရှိနေသဖြင့် ဒေါ်လာဈေး ၁၀၀၀ မကလို့ ၂၀၀၀ ဖြစ် လျှင်ပင် ထပြီး ကခုန် မတတ် အကြိုက်တွေ့နိုင်ပါသည်။

သို့သော်… ဒေါ်လာ ၆၀၀ တန် ပစ္စည်းတစ်ခုကို လက်တွေ့ ခြစ်ခြုပ် စုဆောင်းပြီး ၀ယ်ရသည့် ကျွန်တော့် လို ပြည်သူ ကတော့ မကြိုက်ပါ။ ၁ဒေါ်လာ ၁ ကျပ်ဖြစ်လျှင် အကြိုက်ဆုံး ဖြစ်ပါသည်။ လောလောဆယ် ၈၀၀ ကျော်ဆိုသည့် အတွက်လည်း မကြိုက်သေးပါ။ သို့သော် ဒေါ်လာ ၆၀၀ တန် ပစ္စည်းကို ၁ ဒေါ်လာ ၁၀၀၀ ကျပ်ဖြင့် ဆိုပါက ၆ သိန်း ပေးဝယ်ရပြီး ၈၀၀ ကျပ်ဖြင့် ဆိုပါက ၄ သိန်း ၈သောင်းသာ ကျသင့်မည် ဖြစ် သည့် အတွက် ဒေါ်လာဈေးကျလေ ကျွန်တော်တို့ ပစ္စည်းမျိုးစုံကို များများသုံးနိုင်လေ။ သူများ ပန်းသီးဆို ကိုယ် ပန်းသီး၊ သူများ ဆိုနီဆို ကိုယ်လည်း ဆိုနီ နိုင်ပါသည်။ ဒေါ်လာဖြင့် တက်ရသော ကျောင်းများ၊ သင် တန်း များကို လည်း တက်နိုင်ပါသည်။ ဒေါ်လာနှင့် မြန်မာငွေ မကွာသဖြင့် နိုင်ငံခြားတွင် အလုပ်လုပ်လည်း သိပ် မထူး ဆိုကာ ပြည်တွင်းနေ ပညာရှင်များ ပိုပေါ် လာ နိုင်ပါသည်။

သို့ပါဆိုလျှင် ကြီးမြတ်လှစွာသော လွှတ်တော် ကိုယ်စားလှယ်ကြီးများ အဘယ်ကြောင့် ဒေါ်လာဈေးကို တိုးလိုပါ သနည်း။ ဥာဏ်မမှီသဖြင့် မေးခြင်းသာ ဖြစ်ပြီး မဝေဖန်ရဲသည့်အတွက် သတင်းများ ကိုသာ ဆက် ဖတ် ရပါအုံးမည်။ တစ်ဒေါ်လာ တစ်ထောင်ကျော် ခေတ် ပြန်ရောက်ပြီး ပြည်တွင်းတွင် လစာမတိုးပါက ပတ်စပို့စ်ရုံး တွင် ကျွန်တော် တန်းစီရသည့်အချိန်က ယခင်အတိုင်း ကြာနေအုံးမည်ဟုသာ…

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။