/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, February 28, 2013

.

မန္တလေး သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ် နှစ်ကုန်ပိုင်းတွင် ဆောက်မည်


အိန္ဒိယအစိုးရ၏ အကူအညီဖြင့် မြန်မာ သတင်း အချက်အလက်နှင့် နည်းပညာ တက္ကသိုလ် တခုကို မန္တလေးမြို့တွင် ယခုနှစ်ကုန်ပိုင်း၌ စတင်ဆောက် လုပ်မည်ဟု ဝန်ကြီးဌာနမှတဆင့် သိရသည်။ “မန္တလေးမြို့မှာ တည်ဆောက်မယ့် မြန်မာ သတင်း အချက်အလက်နှင့် နည်းပညာ တက္ကသိုလ် တခုကို အိန္ဒိယအစိုးရအကူအညီနဲ့ ၂၀၁၃ ခုနှစ်၊ ဒီဇင် ဘာလမှာ စတင် တည်ဆောက်နိုင်ဖို့ စီစဉ်နေပါပြီ” ဟု သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနမှ အရာရှိကြီး တဦးက ပြောသည်။

ယင်းတက္ကသိုလ်အတွက် ဆရာ များအပြင်၊ သင်ကြားမည့် ဘာသာရပ်များ၊ ဓါတ်ခွဲခန်းသုံး ပစ္စည်းများ၊ သင်ထောက်ကူပစ္စည်း များနှင့် ကျွမ်းကျင်ပညာရှင်များ၊ အခြား အခြေခံ အဆောက်အအုံများကို အိန္ဒိယအစိုးရက ကူညီ မည် ဖြစ်သည်။

“ဘွဲ့ကြိုနဲ့ ဘွဲ့လွန်ဆိုင်ရာ သင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးဖို့ ရှိပါတယ်။ တက္ကသိုလ်ရဲ့ အဓိက လုပ်ငန်းတွေကို အကောင်အထည်ဖေါ်ဖို့ Research Centre for e-commerce and e-Governance ဆက်သွယ်ရေးဌာန၊ Soft Skills Centre for Network Management အပြင် အခြား ဌာနတွေပါ ဖွဲ့စည်းသွားမှာပါ” ဟု ရန်ကုန် နည်းပညာတက္ကသိုလ်မှ ဒုတိယ ပါမောက္ခ တဦးက ပြောသည်။

အဆိုပါ တက္ကသိုလ်အတွက် လိုအပ်မည့် မြေနေရာနှင့် အဆောက်အဦကိုမူမြန်မာအစိုးရက တာဝန်ယူ မည် ဖြစ်ကြောင်း သိရသည်။

Credit : မဇ္ဈိမ

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။