/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, February 28, 2013

.

သူတောင်းစား ထမင်းဝသောအခါ


ဦးနေမျိုးဇင် (မြန်မာလူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်အဖွဲ့ခေါင်းဆောင်၊ စစ်အရာရှိဟောင်း) ဇန်န၀ါရီလ ၃၀ ရက်နေ့မှာ နေမျိုးဇင်ရဲ့ အရေးကောင်း အတွေးကောင်းအပြောကောင်းတာလေးတွေ ဖတ်လိုက်ရလို့ အားကျမိလို့ပါဗျာ။

ပွင့်လင်းမြင်သာလာတဲ့ခေတ်ကြီးမှာ နိုင်ငံရေး၊ လူ့အခွင့်အရေး၊ လူသားချင်းစာနာထောက်ထားရေးတွေ လုပ်နေတဲ့သူတွေ တော်တော်များများက သူတို့ရဲ့ဘ၀အတွေ့အကြုံ ၊ ခံစားချက်ပေးဆပ်မှုတွေနဲ့ ရင်းနှီးပြီး တော့မှ ရလာတဲ့ ဘ၀အသိတွေနဲ့ လုပ်ကိုင်နေကြတာဆိုတော့ နေမျိုးဇင်က အသက် ဘယ်လောက်ရှိပြီး ဘယ်လို ဘ၀မျိုးတွေ၊ ဘယ်လိုအတွေ့အကြုံတွေရပြီးပြီးလဲ ဘာကြောင့် စစ်အရာရှိဟောင်းဖြစ်ခဲ့ရတာလဲ၊ ပရိတ် သတ်တွေအထင်ကြီးအောင် ရှင်းပြပေးစေလိုပါတယ်။

အနှီ ပုဂ္ဂိုလ် နေမျိုးဇင်သည် တစ်ဖက်သက် ဘက်လိုက်ရေးသားထားသော သတင်းများကို ဖတ်ပြီး သကာလ၊ လိုင်ဇာကို နာရီပိုင်းလောက်ဖြတ်သွားဘူးတာလောက်နဲ့ “ ရန်လိုမှုနဲ့ လက်ဦးမှု” ၊ “ ဟိုဘက်တပ်က ၀ါးထင်းနဲ့ထမင်းချက်လို့ ၀ါးကွဲရင် သေနတ်နဲ့ပစ်တယ် ” ၊ “ တစ်ဖက် သတ် မဖြစ်ချင်ရင် သတင်းမီဒီယာတွေကို ရှေ့တန်းစခန်းတွေကို ခေါ်ပါ ၊ ဘယ်လောက်ထိအင်အားကို ဘယ်လို ချထားပါတယ်၊ ဘယ်လိုရည်မှန်းချက်နဲ့ ဘယ်လိုအကာအကွယ်လုပ်ထားပါတယ် ” ၊ “ KIA နှစ်ပေါင်းများစွာ ထိန်းချုပ်ထားတဲ့နေရာတွေကို အတင်းဝင်သိမ်းတာ ” ဆိုတဲ့အသုံးအနှုန်းတွေဟာ သိပ်အပေါစားဆန်လွန်း ပါတယ်၊ ဒီမယ်မောင်ရင် မင်း ကချင်ပြည်နယ်မှာ ဘယ်လောက်တာဝန်ထမ်းဆောင်ဘူးလဲ ? ၊ ကချင်ပြည်နယ်ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတွေ ဘယ်လိုနေထိုင် ဘယ်လိုလုပ်ကိုင်ဆောင် ရွက်ခဲ့သလဲဆိုတာ မသိရင် မောင်ရင်နဲ့ တစ်ပတ်စဉ်တည်း သူငယ်ချင်းတွေကိုကြုံကြိုက်ခဲ့ ရင် မေးကြည့်လိုက်ပါ ….

“ ခြေရာမတွေ့၊ လက်ရာများသာတွေ့၊ ရန်သူကင်းမြှီးကောက်ထောင်သွားသည်ဟု ယူဆရ ” ဆိုတဲ့ သုံးသပ် ချက်အဆင့်လောက်နဲ့ သခင်အားရအောင် ဟောင်ပြနေတာ ရှက်ဖို့ကောင်းပါတယ်၊ KIA က တံတားတွေမိုင်းခွဲ တာ၊ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားဝန်ထမ်းတွေကိုသတ်တာ၊ အရွယ်မရောက် သူရော/ အရွယ်ရောက်သူ ကော အဓမ္မဖမ်းဆီးလူသစ်စုတာ၊ ဖားကန့်နဲ့တခြားမြို့ပေါ်တွေမှာ ဆက်ကြေးတောင်းတာ၊ မပေးရင် ယာဉ် / ယန္တရားတွေ မီးရှို့တာ ဘာရည်ရွယ် ချက်တွေနဲ့လုပ်နေ သလဲလို့ မောင်ရင် နေမျိုးဇင်က KIA ကိုမေးရဲပါသလား? ကြုံရင်မေးကြည့်လိုက်ပါ၊ မေးရဲရင်ပေါ့ဗျာ ..ပွင့်လင်း မြင်သာမှုရှိသွားအောင်လို့ပါ …..

တစ်ကယ်ပါ မောင်ရင်ကိုတွေ့လိုက်တော့ ကျုပ်ငယ်ငယ်တုန်းက ဦးလေးတစ်ယောက်ပြောပြတဲ့ ပုံပြင်လေး ကို သတိရမိသွားတယ်၊ ဖြစ်ပုံကဒီလိုဗျ ရပ်ကွက်တစ်ခုက အိမ်တစ်အိမ်မှာ အပျိုကြီး ညီအမနှစ်ယောက်နေ သတဲ့ တစ်နေ့မှာ သူတောင်းစားတစ်ယောက်က ထမင်းကျန်၊ဟင်းကျန်လေးတွေလာတောင်းစားတာပေါ့ အပျိုကြီးညီအမက သဘောကလဲကောင်း သနာလဲသနားတက်လေတော့ သူတို့စားပြီးသားထမင်း ဟင်းတွေကို ပေးတာပေါ့၊ အဲဒီမှာတင် သူတောင်းစားက အပျိုကြီးတွေ သဘောကောင်းတာကို အခွင့်ကောင်းယူလေပြီးသကာလ ကျွေးထားတဲ့ ထမင်းကိုမြန်မြန်စားပြီး၊ အပျိုကြီးတွေ အိမ်ရှေ့က မပြန်သေးဘူးတဲ့ အပျိုးကြီးတွေကို မျက်စောင်းထိုးလာတာပေါ့ဗျာ၊ ပါစပ်ကလဲ တစ်ဖွဖွရွတ်နေလေရဲ့ ဘာတဲ့ “ ထမင်းတော့ စားပြီးပြီ…ဟင်း..ဟင်း ..ထမင်းတော့ စားပြီးပြီ ” ဟုအကြိမ်ကြိမ် ရွတ်လိုက် အပျိုကြီးတွေနေတဲ့ အိမ်ထဲကိုကြည့်လိုက်လုပ်လေတော့ အပျိုကြီးနှစ်ယောက်ခမျှာ မိန်းမသားတွေ ဆိုတော့ အားကိုးမဲ့တာပေါ့ ဒါနဲ့ အပျိုကြီးတွေကအိမ်တံခါးပိတ်ထားရတာပေါ့ဗျာ၊ နောက်နေ့တွေ သူတောင်းစားလာရင် ထမင်းမကျွေးတော့ပဲ ရပ်ကွက်ကလူကြီးတွေကို အသိပေးပြီး သူတောင်းစား ကိုမောင်း ထုတ်ကြတာပေါ့၊ ငယ်တုန်းကတော့ ဒီပုံပြင်ကို သာမန်ရယ်စရာ ပုံပြင်တစ်ပုဒ်လို့စိတ်ထဲ သက်မှတ်ခဲ့ပေမဲ့ ခုချိန်ခေါင်းထဲ အတွေးတစ်ခုဝင်လာတာကတော့ .. အော် .. သူတောင်းစားဆိုတာ ထမင်းစားလို့ ၀သွားတဲ့ အခါ ထမင်းရှင်ကို ယုတ်မာကောက်ကျစ်ဖို့အတွက် ၀န်မလေးပါလားဆိုတာ သိလိုက်ရတယ်။ ထမင်းဝသွားသော သူတောင်းစားများ ခင်ဗျာ … မိမိမူရင်းလုပ်ငန်းဖြစ်သော တောင်းရမ်း စာသောက်ခြင်းဖြင့် သူတောင်းစား ဂုဏ်ကိုထိန်းသိမ်းပါလို့ စေတနာ ဘရပွနဲ့ အကြံပေးလိုက်ချင်ပါတယ် ခင်ဗျာ။

အနန္တသူရိယမောင်ကီး
ဟုတ်ကဲ့ .. ကျွန်တော် .. မောင်ကီးပါ။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။