/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, February 28, 2013

.

အပြန်အလှန်မေတ္တာထားနိုင်ကြရင် ကမ္ဘာကြီးက ငြိမ်းချမ်းပါတယ်ဟု သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ပြော

သာသနာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး သရေစည်သူ ဦးဆန်းဆင့်သည် ၂၀၁၃ခုနှစ် ၊ ဖေဖော်ဝါရီလ (၂၇)ရက်နေ့ ယနေ့ မနက်(၁၀း၀၀) နာရီက ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင်မြို့နယ်ရှိ YMCA အခန်းမတွင် ခရစ်ယာန်ဘာ သာရေးခေါင်းဆောင် များနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။ `ဘာသာမရွေး၊ အသားအရောင် မရွေး၊ အရပ်အနိမ့်အမြင့်မရွေးဆိုပြီး ခွဲခြားမထား သင့်ပါဘူး။ တစ်ယောက်နှင့်တစ်ယောက် အပြန် အလှန် မေတ္တာထားနိုင်ကြရင် ကမ္ဘာကြီးက ငြိမ်းချမ်းနေမှာပါ´ဟု သာသနာရေးဝန်ကြီး ဦးဆန်းဆင့်မှ အဆိုပါခရစ်ယာန်ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံစဉ်တွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ် ည်။ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်သည် ၂၇.၂.၂၁၁၃ မနက်ပိုင်း ၁၀နာရီတွင် ခရစ်ယာန် ဘာသာဝင်များနှင့်တွေ့ဆုံပြီး ယင်းနေ့နေလည် ၂း၀၀နာရီအချိန်တွင် အခြားသော ဟိန္ဒူနှင့် မူစလင် ဘာသာဝင်များကို သွားရောက်တွေ့ဆုံဖို့ရှိကြောင်း သိရှိရပါသည်။

Credit : Here

1 comment:

  1. မိုက်ကယ်ဂျက်ဆင်သာသေသွားတယ်

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။