/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, February 27, 2013

.

NLD တွင် ဦးတင်ဦး၊ ဦးဝင်းတင် စသော အိုမင်းနေသူအများအပြာရှိသော်လည်း မည်သူ့ကိုမှ နှစ်ဦးချင်းတွေ့ဆုံစဉ် ဒေါ်စုမှထိုင်ကန်တော့ခြင်းမရှိပဲ ဒက်စမွန်မဲတူး ကို မှ ထိုင်ကန်တော့ကာ ဖက်နမ်းမှုအတွက် ဝေဖန်မှုများ ဆူညံနေ

NLD တွင် ဦးတင်ဦး၊ ဦးဝင်းတင် စသော အိုမင်းနေသူအများ အပြားရှိသော်လည်း မည်သူ့ ကိုမှ နှစ်ဦးချင်းတွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည် မှ ထိုင်ကန်တော့ခြင်း မရှိပဲ ဒက်စမွန်တူးတူး ကို မှ ထိုင်ကန်တော့ကာ ဖက်နမ်းမှုအတွက် ဝေဖန်မှုများ ဆူညံနေကြောင်း သတင်းရရှိသည်။


ဒက်စ်မွန်တူးတူးသည်ဖေဖော်ဝါရီ ၂၅ ရက်နေ့က ရန်ကုန်မြို့သို့ရောက်ရှိခဲ့ပြီး ၂၆ ရက်နေ့ တွင် ဒေါ်အောင်ဆန်းစုကြည်အိမ်သို့ သွားရောက်ခဲ့စဉ် ဒေါ်အောင်ဆန်းစုကြည်မှ အားရဝမ်းသာ ဖက်နမ်းခြင်း၊ ဒူးထောက်ကန်တော့ခြင်း တို့ ပြုလုပ်ခဲ့သည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူများက မိမိထက်အသက်ကြီးသဖြင့် ဒူးထောက်ကန်တော့ခြင်း ဖြစ်ကြောင်း၊ ဘုန်းကြီးဖြစ်သဖြင့် ဖက်နမ်းတာဖြစ်ကြောင်း ဖြေရှင်းမှုများရှိခဲ့သည်။

NLD ပါတီသည် မြန်မာနိုင်ငံတွင် အသက်အကြီးဆုံး ပုဂ္ဂိုလ်အများဆုံး ပါတီဖြစ်သော်လည်း ထို သက်ကြီး ပုဂ္ဂိုလ်များနှင့် တစ်ဦးချင်း တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်မှ ဒူးထောက်ကန်တော့ခြင်းမရှိခဲ့သလို ဦးစားပေးနေရာပေးခြင်းမရှိပဲ အကောင်းဆုံးထိုင်ခုံတွင် ဝင်ထိုင်ခြင်း၊ အကောင်းဆုံးကားပေါ် တက်စီးခြင်း များရှိသဖြင့် သက်ကျားအိုများမှ ဘေးနားကပ်ထိုင်ကာ ကြုံရာကားနှင့် လိုက်နေရကြောင်း သိရသည်။

အာဖရိက ယဉ်ကျေးမှုအရ ဖတ်နမ်းခြင်း၊ ဒူးထောက် လက်အုပ်ချီခြင်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်လုပ် အကောင်းပြောသူများက ကာကွယ်ပြောဆိုနေကြသော်လည်း အာဖရိကတိုက်သားများသည် ဘုန်းကြီးအား ဒူးထောက်လက်အုပ်ချီကန်တော့ခြင်း မရှိသလို၊ အာဖရိက အမျိုးသမီးများကလည်း ဖုန်းကြီး ကို ဖတ်မနမ်းကြကြောင်း သိရသည်။

ပြည်ပခရီးစဉ်များတွင် ဗုဒ္ဓဘာသာဘုန်းကြီး တလိုင်းလားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့သော် လည်း ဒေါ်အောင်ဆန်းစုကြည်မှ လုံးဝ ဒူးထောက် လက်အုပ်ချီကန်တော့ခြင်း မရှိခဲ့ခြေ။

မြန်မာအမျိုးသမီးတစ်ဦး၏ ထူးထူးခြားခြား ဖက်နမ်းခြင်းနှင့် ဒူးထောက်ကန်တော့ခြင်းကို ပထမဆုံး ခံရသူ ဒက်စမွန်တူးတူးသည် ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့ အမေရိကန်စင်တာ၌ ဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်းသတင်းရရှိသည်။

www.MyanmarExpress.net

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။