/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, February 27, 2013

.

မန္တလေး - မြစ်ကြီးနား အိပ်စင် အထူးအမြန်ရထား ပြန်လည် ပြေးဆွဲမည်

ရထား ပို့ဆောင်ရေး ၀န်ကြီးဌာန ၊ မြန်မာ့ မီးရထား က ခရီးသွား ပြည်သူများ အဆင်ပြေ ချောမွေ့ စေရေး ရည်ရွယ်၍ မန္တလေး - မြစ်ကြီးနား အမှတ်(၃၃) အဆန် အထူးအမြန် ရထားကို ဖေဖော်ဝါရီ ၂၆ ရက်နေ့မှ စ၍ လည်းကောင်း ၊ မြစ်ကြီးနား - မန္တလေး အမှတ် (၃၄) အစုန် အထူးအမြန် ရထားကို ဖေဖော်ဝါရီ ၂၇ ရက်နေ့ တွင်လည်းကောင်း ရက်ခြား ပြန်လည် ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။

အမှတ်(၃၃) အဆန်ရထား သည် မန္တလေး မှ မြစ်ကြီးနားသို့ အပတ်စဉ် အင်္ဂါ ၊ ကြာသပတေး နှင့် စနေနေ့ များတွင် ညနေ ၅ နာရီ ၅၅ မိနစ်တွင် ထွက်ခွာပြီး အမှတ်(၃၄) အစုန် ရထားသည် မြစ်ကြီးနားမှ အပတ်စဉ် တနင်္ဂနွေ ၊ ဗုဒ္ဓဟူး နှင့် သောကြာနေ့ များတွင် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်တွင် ထွက်ခွာ ပေးမည် ဖြစ်ကြောင်း နှင့် လမ်းခရီးတွင် ရွှေဘို ၊ ကောလင်း ၊ မိုးညှင်း ၊ ဟိုပင် ၊ မိုးကောင်း ဘူများများတွင် ရပ်တန့်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။