/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, February 27, 2013

.

(၆၆)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား ကျင်းပ


မွန်ပြည်နယ် ၊ ပေါင်မြို့ မြို့မ အားကစား ကွင်း၌ ဖေဖော်ဝါရီ ၂၆ ရက်နေ့ နံနက် ၇ နာရီ အချိန်က (၆၆) ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနား သို့ မွန်အမျိုးသားနေ့ ကျင်းပရေး ကော်မတီ (ဗဟို) ဥက္ကဋ္ဌ နိုင်တင်အောင် ၊ သဘာပတိ နိုင်ကျော်ညွန့် နှင့် မွန်တိုင်းရင်းသား များ ၊ ဖိတ်ကြား ထားသော တိုင်းရင်းသား လူမျိုးများ စုစုပေါင်း ၃၀၀၀ ကျော် တက်ရောက် ကြကြောင်း သိရသည်။

ရှေးဦးစွာ (၆၆) ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား စင်မြင့်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး မွန်အမျိုးသား အလံအား အမျိုးသား သီချင်းဆို၍ လွှင့်ထူ ပြီးနောက် ပြည်ထောင်စု မြန်မာ နိုင်ငံတော် အလံအား အလေးပြု ကြသည်။ ဆက်လက်၍ မွန်အမျိုးသား အလံအား အလေးပြုပြီး ကျဆုံး လေပြီးသော အာဇာနည် ခေါင်းဆောင် မျာအား အလေးပြု ကြသည်။


ယင်းနောက် သဘာပတိ နိုင်ကျော်ညွန့် မှ အဖွင့် နှုတ်ခွန်းဆက် စကား ပြောကြားပြီး မွန်အမျိုးသားနေ့ ကျင်းပရေး ကော်မတီ (ဗဟို) ဥက္ကဋ္ဌ နိုင်တင်အောင် မှ မိန့်ခွန်း ပြောကြားကာ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးကျင်ဖေ မှ အမှာစကား ပြောကြားပြီး နောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ် မြေစိုက် ပိုစတာ စတမ်းအား ဖတ်ကြားသည်။ ဆက်လက်၍ မွန်စာပေ ဆိုင်ရာ စာတမ်းအား ဖတ်ကြားခြင်း ၊ အဖွဲ့အစည်း အသီးသီး မှ ပေးပို့သော သ၀ဏ်လွှာ များကို တာဝန်ရှိ သူများက ဖတ်ကြားခြင်း ပြီးနောက် ထိုင်းနိုင်ငံရောက် မွန်တိုင်းရင်းသား ကိုယ်စားလှယ် တစ်ဦးမှ ကျေးဇူးတင် စကား ပြောကြားခဲ့သည်။ ဆက်လက်၍ မွန်အမျိုးသားနေ့ အထိမ်းအမှတ် ရခိုင် ၊ ပအိုဝ့် ၊ ကရင် ၊ ရှမ်း ၊ ကယန်း ပါတီနှင့် ကွန်ယက်များမှ ငြိမ်းချမ်းရေး ဂျိုးဖြူ မီးပုံးပျံ လွှတ်တင်ကာ (၆၆) ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား ကို အောင်မြင်စွာ ရုပ်သိမ်း ခဲ့ကြောင်း သိရှိရသည်။



Credit : Here


No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။