/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, February 27, 2013

.

အပြန်လမ်းတွင် ထောင်ထားသည့် မိုင်းများကိုကြည့်၍ တုန်ယင်ခဲ့သော နေမျိုးဇင်နှင့် အလွဲများ


ပထမဆုံး စလွဲသည်ကတော့ စစ်မြေပြင်ကို သွားခြင်းပင် ဖြစ်သည်။ နေ့စဉ်နှင့်အမျှ တိုက်ပွဲဖြစ် ပွားနိုင်သော နေ ရာ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် အပစ်ရပ်မှု အတည်မပြုသေးသည့် နေရာကို ခွင့်ပြုချက် မရဘဲ သွားခဲ့ သည် ။ အကြိမ်ကြိမ်တား၊ အကြိမ်ကြိမ်သွားခဲ့သည်။ စစ်သားဟောင်းဆိုသူက စစ်မြေပြင်ကို ဘယ်သူတွေ ဘယ် လိုသွား ခွင့်ရှိသည်ကို လုံးဝမသိ။ ခလရ ၁၉ ဖာပွန် တွင် နေစဉ်က ဆေးရုံတက်ခဲ့ခြင်းကြောင့် ဖြစ် မည် ထင်သည်။

မိုင်းနှင့် ပတ်သက်၍ ဗဟုသုတ သင်ခန်းစာ သူမသိ။ မိုင်းသင်ခန်းစာများတွင် ဖုံးကွယ်ပုံဖျက်မှု ကောင်းရ မည် ဟု ပါသည်။ သို့သော် နေမျိုးဇင် ဗွီဒီယို ရိုက်ကူးခဲ့သော မိုင်းသည်ကား လှပစွာဖြင့် ခြံစည်းရိုးတိုင်တွင် ချည် ထား သည်။ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ မိုင်းအစစ်မှန်း၊ အတုမှန်း မသိ။ နေပူလျှင် ပေါက်ကွဲမည်ကို ကြောက်ေ သာ ကြောင့် ၂ နာရီကျော် ကြာ စောင့်ပြီး ပြန်ခဲ့သည်။ ချောင်းက ရွံ့ထဲတွင်တော့ မိုင်းမထောင် တဲ့ ။ သင်တန်း များတွင် ညံ့ခဲ့သောကြောင့် မိုင်းအကြောင်း နားမလည်ဟုသာ မှတ်လိုက်သည်။

တိုက်မိုင်းကြိုးများကို ဓာတ်ပုံရိုက်ပြသည်။ တိုက်စရာ ဘာမှ မရှိ။ ခြေမဖြင့် ကလော်ပြီး တိုက်ရင်တိုက်၊ တုတ် ချောင်းဖြင့် ကလော်ပြီး တိုက်မှ ကွဲမည့် မိုင်းဖြစ်သည်။ သို့သော် ထို အလှဆင်ထားသည့် မိုင်းသည် ကား အစစ် ဟုတ်မဟုတ် နေမျိုးဇင် လုံးလုံးမသိ။ ကျွန်တော် ကျော်သည်။ခွသည်။ ကားကို လှမ်းမြင်ရသည်။

နေလဲပူ၊ ဗိုက်လဲဆာ၊ သောက်စရာ ရေလည်းမရှိဟု ညည်းတွားသည်။ သို့သော် ၄င်း၏ အနောက်တွင် ပျံ့ ကြဲေ နသော အအေးဗူးခွံများ၊ ပုံပါ ရေနှင့် အအေးများ ပြန်ထည့်နေသူက သက်သေပြခဲ့သည်။ သို့သော် သ နား စဖွယ်ပြောသည့်အတွက် သနားပေးလိုက်ပါသည်။

နေ့ဘက်မှာ အလွန်ပူပြီး ညဘက်တွင် အရမ်းချမ်းသည့် နေရာကို ရောက်နေပါသည်တဲ့။ ထိုနေရာတွင် လ ရှည်၊ နှစ်ရှည် ကျောပိုးအိတ် တစ်လုံးဖြင့် နေသော စစ်သားများ အကြောင်းကို သူမစဉ်းစား။ အနွေးထည်၊ ဆိုင် ကယ် ဖြင့် ကင်မရာကိုင်ပြီး လမ်းလျှောက်ကာ ဘ၀အကြောင်းများ ညည်းတွားသည်။ သနားစရာေ ကာင်း စွာ သနား ပေသည်။

စစ်မြေပြင်တွင် လုံခြုံရေး ယူထားသည့် နေရာသည် ကားလမ်းဖြစ်သည်။ လိုင်ဇာသို့ သွားသည့် ခွေးတစ် ကောင်၊ လူတစ်ယောက်မှ ခွင့်မပြု။ အသွားခွင့်တောင်း၊ အပြန်ခွင့်တောင်း၊ ခွင့်ပြုလျှင် အေးဆေး သွားရ မည်။ ထိုနေရာသည်ကား အမေ့အိမ် မဟုတ်။ စစ်မြေပြင်သာ ဖြစ်သည်။ ရန်သူလာနိုင်သော လမ်းကြောင်း၊ အ ချိန် မရွေး ယာဉ်ဖြင့် လှုပ်ရှားတိုက်ခိုက်နိုင်သော လမ်းကြောင်းအား ဖွင့်ထားမည် ဆိုပါက သေဖို့ကလွဲ အခြား မရှိ။

ထိုသို့ ပေါက်ကရပြော၍ ရှေ့နောက် မစဉ်းစားသောကြောင့် ၄င်းသည် အန်အယ်လ်ဒီ တွင်လည်း နေရာ မရ။ ကျောင်းသားေ ဟာင်းလည်း မဟုတ်။ စစ်တပ်နှင့် ရဲကို အပုပ်ချသည့် အရှု့ပ်ထုပ်သာ ဖြစ်နေရ ရှာတော့ သည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။