/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, February 27, 2013

.

မြ၀တီမြို့ တွင် KNU/ KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ (ဗိုလ် ထိန်မောင်) အဖွဲ့ မှတပ်ဖွဲ့ဝင်တစ်ဦး M-16 သေနတ် ကျည်ပေါက်ထွက်မှုကြောင့် ၁၀ တန်းကျောင်းသား တစ်ဦးထိမှန်ဒဏ်ရာရ


၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် (၅)နာရီ အချိန်ခန့်က ကရင်ပြည်နယ် မြ၀တီမြို့ အမှတ်(၄) ရပ်ကွက်၊ ပြည်သာယာလမ်း၊ လမ်းသွယ်(၄) ရှိဦးငို+ ဒေါ်ခင်မေ တို့၏ နေအိမ်တွင်KNU/ KNLA (၇၀၉) တပ် ရင်း မှ တပ်သား နှုတ်နီ သည် ၄င်းကိုင်ဆောင်သော M - 16 အမျိုးအစား သေနတ်မှ မတော်တဆ ကျည်ပေါက် ထွက်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သေနတ်ကျည် မတော်တဆ ပေါက်ထွက်မှုကြောင့် အနီးနားရှိ (၁၀)တန်းကျောင်းသား တစ်ဦး ၀မ်း ဗိုက် တွင် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာ ရရှိထားသော (၁၀)တန်း ကျောင်းသား ငယ် သည် မြ၀တီမြို့ အမှတ်(၃)ရပ်ကွက်၊ လဂွန်းအိမ်လမ်းတွင်နေထိုင်သူဖြစ်ပြီး သေနတ် ဒဏ်ရာကြောင့် မြဝတီ ဆေး ရုံသို့ ပို့ဆောင် ခဲ့သော်လည်း ထိခိုက်ဒဏ်ရာ ရမှု စိုးရိမ်ရသည့် အခြေ အနေ တွင် ရှိသောကြောင့် မြ၀တီမြို့ မှ “ စေတနာ ” နာရေး ကူညီမှု အသင်းပိုင်လူနာတင်ယာဉ်ဖြင့် နံနက်(၈) နာရီတွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ ဆေးရုံသို့ ပို့ဆောင် ခဲ့ရသည်။

KNU/ KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ (ဗိုလ် ထိန်မောင်) အဖွဲ့သည် KNU အဖွဲ့ထံမှ (၂၀၀၇) ခုနှစ်တွင် ခွဲထွက် ခဲ့ပြီး ယခင် အစိုးရဟောင်းနှင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးသောအဖွဲ့တစ်ဖွဲ့ဖြစ်ပြီး၊ ယခု အစိုးရ သစ် လက်ထက် ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလတွင် ပြည်နယ်အဆင့်( ၁ ) ကြိမ်ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေး လက် မှတ် ရေးထိုးထားသော ငြိမ်းချမ်းရေး အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။ တပ်ဖွဲ့ဝင်အင်အား ၅၀၀ ကျော်ခန့်ရှိပြီး ကရင်ပြည်နယ် ထို့ကော်ကိုး၊ မဲလဒေသတွင် အခြေချ၍ ထိုင်းနိုင်ငံမှေ မှာင်ခိုပစ္စည်းများအား အကောက် ကောက် ခံခြင်း၊ လိုင်စင်မဲ့ကားများအား တင်သွင်းခြင်း၊ သစ်ခိုး ထုတ်ခြင်း စသည့် လုပ်ငန်းများ လုပ်ကိုင်ေ နေ သာ အဖွဲ့တစ်ဖွဲ့ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လ ၂၀ ရက်နေ့တွင်လည်း ၄င်း အဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိ စောဝင်းမြင့် ဦးေ ဆာင်ေ သာ အဖွဲ့ဝင် ၁၈ ဦးသည် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် တွင် မင်းမဲ့စရိုက် ဆန် ဆန်ဖြင့် ခွင့်ပြုချက်မရဘဲ လက်နက် ခဲယမ်းများအားယူဆောင်လာပြီး တာဝန် ထမ်းဆောင်နေသော ပြည် သူ့ ဝန်ထမ်းနှစ်ဦးအား ပြန်ပေးဆွဲ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သော ဖြစ်စဉ်ဖြစ် ပွားခဲ့ကြောင်း သိရှိရ သည်။

သန်းနိုင်
Myanmar Online News

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။