/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, February 27, 2013

.

မအူပင်မြို့နယ်၊ မလက်တိုကျေးရွာတွင် ဒေသခံလယ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခဖြစ် ပွားခဲ့ သဖြင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းခဲ့


ပုဒ်မ ၁၄၄ ကို နားမလည်၊ ရှင်းပြမည့်သူမရှိဘဲ တရုတ်စာ၊ အင်္ဂလိပ်စာများကို ကိုင်၍ ဒုက္ခရောက်ခဲ့ကြသည့် မြန်မာပြည်တွင်းမှ ဆူပူသူတို့၏ အသုံးချခံများ
=============

မအူပင်မြို့နယ်၊ မလက်တိုကျေးရွာတွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ဒေသခံ လယ်သမား များနှ င့် ရဲတပ်ဖွဲ့ဝင်များအကြား သိမ်းယူခံခဲ့ရသော လယ်မြေများနှင့် ပတ်သက်၍ ပဋိပက္ခဖြစ်ပွားခဲ့သဖြင့် ပုဒ် မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ကနဦးရရှိသော သတင်း များ အရ သိရှိရသည်။

ဖြစ်စဉ်မှာ မလက်တိုကျေးရွာအတွင်း သိမ်းယူခံထားရသော လယ်မြေများ ပြန်လည်ရရှိရေးနှင့် လက်ရှိလုပ် ကိုင်နေေ သာ လယ်များအတွက် ရေအလုံလောက်စွာ ရရှိရေးအတွက် ဒေသခံလယ်သမားများက လွန်ခဲ့ သည့် ၇ ရက်ခန့်ကတည်းက တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။ အခင်းဖြစ်ပွားရာနေရာသို့ ရန်ကုန်မှ ရဲတပ်ဖွဲ့ အင်အား ၂၀၀ ခန့်နှင့် မအူပင်မှ ရဲတပ်ဖွဲ့အင်အား ၁၀၀ ခန့် လာရောက် စောင့်ကြပ်လျက်ရှိပြီး ဖေဖော် ၀ါရီလ ၂၆ ရက်နေ့တွင် လာရောက်ထိန်းသိမ်းလျက်ရှိသော ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံ လယ်သ မားများအကြား ပဋိပက္ခများ ပိုမိုပြင်းထန်လာခဲ့သဖြင့် မွန်းလွဲ ၁ နာရီချိန်မှစ၍ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရကာ ညနေ ၆ နာရီအချိန်တွင် သေနတ်များဖြင့် ပစ်ခတ်နှိမ်နင်းခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သဖြင့် ရဲတပ်ဖွဲ့အင်အား ၂၀ ကျော်နှင့် ဒေသခံ ရွာသူရွာသား ၇ ဦးခန့် ဒဏ်ရာ ရ ရှိခဲ့ပြီး မအူပင်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။ ''ဆေးရုံကို လူနာ တင် ယာဉ်တွေနဲ့လာတာ ၇ ခေါက်လောက်ရှိပါပြီ၊ ဒေသခံ အမျိုးသမီးနှစ်ဦးကတော့ ဒဏ်ရာပြင်း ထန်တယ် လို့ ပြောပါတယ်။ တစ်ဦးက ကျည်ဆံဖောက်ဝင်သွားတယ်လို့ သိရတယ်။ ရဲတပ်ဖွဲ့ဝင် နှစ်ဦးကိုလည်း အေ ရးေ ပၚ အခန်းမှာ ကုသနေတယ်လို့ သိရပါတယ်'' ဟု ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ မအူပင်မြို့ နယ်၊မ လက်တိုကျေးရွာအုပ်စုအတွင်းရှိ ပလောင်ကျေးရွာမှ ရွာခံလူတစ်ဦးက ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။