/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, February 27, 2013

.

နှစ်ပေါင်းများစွာ လုပ်သင့်သည်ကို မလုပ်သည့်အတွက်ဒီမိုကရေစီ အဆောက်အုံမခိုင်မာသေးခြင်းဖြစ်သည်ဟု ဒေါ်စုဆို


ယခင် နှစ်ပေါင်းများစွာကတည်းက တည်တံ့ ခိုင်မြဲ သည့် တိုင်းရင်းသား ပြည်ထောင်စုကြီးကို မ ထူထောင်ခဲ့သည့် အတွက် ယခုအချိန်တွင် တိုင်း ရင်းသားပြည်သူများ လိုချင်နေသော ဒီမိုကရေ စီ ပြည်ထောင်စု အဆောက် အအုံသည် မခိုင် မာသေးခြင်းဖြစ်ကြောင်း ယမန်နေ့က ဒေါ်အောင် ဆန်းစုကြည်က ပြောကြားလိုက်သည်။ ယခု ဒီမို ကရေစီ ဖော်ဆောင်နေသည့် အချိန်တွင် တိုင်းရင်း သားပြည်သူများအနေဖြင့် အစိုးရတစ်ခုတည်းတွင် တာဝန်ရှိသည်ဟု မယူဆဘဲ ဒီမိုကရေစိတ် ဓါတ်ဖြစ် သည့် ကိုယ့်ကိုကိုယ် အားကိုးရမည့် စိတ် ဓါတ်ဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြား သည်။

"အစိုးရကိုဘဲ အားကိုးတယ်ဆိုတာ ကျွန်မပြောချင်တာကတော့ ဒီမိုကရေစီစိတ်ဓါတ်မဟုတ်ပါဘူး။ ဒီမိုကရေစီ စိတ်ဓါတ်ဆိုတာ ပြည်သူလူထုက ကိုယ့်ကိုကိုယ်အားကိုးရမယ့် စိတ်ဓါတ်ဖြစ်ပါတယ်" ဟု ဒေါ်စု က ပြောကြားသည်။

ဆက်လက်ပြီး"ပြည်ထောင်စု ထူထောင်နိုင်ဖို့ဆိုတာဟာ ကျွန်မတို့ အားလုံးမှာတာဝန်ရှိသလို မနက်ဖြန်မနက်ခါမှ လုပ်ရမယ့် အလုပ်မဟုတ်ပါဘူး။ ဒီနေ့စပြီးလုပ်ရမှာကြောင့်လည်းမဟုတ်ဘူး။ တကယ်တော့နှစ်ပေါင်းများစွာ စပြီး လုပ်ခဲ့ရမှာပါ" ဟုဆိုသည်။

အဆိုပါကိစ္စများနှင့် ဆက်လျဉ်းပြီး မွန်အမျိုးသားနေ့ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌက "စစ်မှန် တဲ့ ပြည်ထောင်စု ဖြစ်ဖို့အတွက် အစိုးရအနေနဲ့လည်း တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ပေးသင့်ပါ တယ်" ဟုတိုက်တွန်းပြောဆိုသည်။

တိုင်းရင်းသားညီညွှတ်ရေး ရရန်အတွက် မှန်ကန်သောနည်းလမ်း၊ ဖြောင့်မတ်သော စိတ်ဓါတ်များဖြင့်သာ စစ်မှန်သည့် ပြည်ထောင်စုကို ထူထောင်နိုင်မည်ဖြစ်ကြောင်းနှင့် အခြေခံအားဖြင့် ရိုးသားသော စိတ်ဓါတ်ဖြင့် လုပ်ဆောင်ရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုခဲ့သည်။

Credit : The Myanma Age

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။