/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, February 20, 2013

.

ယခုနှစ် နွေရာသီ ဓာတ်အားပြတ်တောက်မှု ဆိုးရွားမည် မဟုတ်ဟု လျှပ်စစ်ဝန်ကြီး ကတိပြု

ယခုနှစ် နွေရာသီတွင် ဓာတ်အား ပြတ်တောက်မှု ယခင်နှစ်များကဲ့သို့ ဆိုးရွားမည် မဟုတ်ကြောင်း လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးက ယနေ့   ပြည်ထောင်စု လွှတ်တော် အစည်းအဝေး တွင် ကတိပြုပြောဆို လိုက်သည်။

လာမည့် နွေရာသီတွင် တနိုင်ငံလုံး အတိုင်းအ တာဖြင့် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၅၀၀ လျော့ကျ မည် ဖြစ်သော်လည်း ဓာတ်ငွေ့လျှပ်စစ်တာဘိုင်များ တပ်ဆင်ထား ခြင်းကြောင့် မဂ္ဂါဝပ် ၂၀၀ ခန့်သာ လျော့ကျမည် ဖြစ်ပြီး ယခင် နှစ်များကဲ့သို့ ဆိုးရွားသော မီးပြတ်တောက်မှုများ ဖြစ်ပေါ်မည် မဟုတ်ကြောင်း ၎င်းက ရှင်းပြသည်။

ဓာတ်အား ပြတ်တောက်မှု မဆိုးရွားဟု ဆိုသော်လည်း ၂၄ နာရီ မီးပေးမည်၊ မပေးမည်ကို တိကျသေချာစွာ ရှင်းလင်းသွားခြင်း မရှိပေ။

ဧရာဝတီ

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။