/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, February 20, 2013

.

ဘင်လာဒင်ပုံစံအတိုင်း ဆောင်ရွက် မည်ဆိုပါက ဘင်လာဒင်ကဲ့သို့ နိဂုံး ချုပ်သွားမည်ဟု အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေပြော

ဘင်လာဒင်ပုံစံအတိုင်း ဆောင်ရွက် မည်ဆိုပါက ဘင်လာဒင်ကဲ့သို့ပင် နိဂုံးချုပ်သွားမည်ဟု ကချင် ဘင်လာဒင်အမည်ဖြင့် အသက်အန္တရာယ် ချိမ်းခြောက်စာပေးပို့ခံရသူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက တုံ့ပြန်ပြောကြားလိုက်သည်။

ကချင်အရေး လွတ်တော် အတွင်းပြင်းပြင်း ထန်ထန်ဆွေးနွေး ခဲ့မှုနှင့်ပတ်သက်၍ ပြီးခဲ့ သည့် ဖေဖော်ဝါရီလ (၁၁) ရက် နေ့စွဲဖြင့် မြစ် ကြီးနားစာတိုက်မှ ခြိမ်းခြောက်စာကို ပေးပို့ ခဲ့ခြင်းဖြစ်ပြီး စာပေးပို့သူ၏အမည်ကို ကချင် ဘင်လာဒင်ဟု ရေးသားထားကာဦးလှဆွေအား ဆွေစဉ်မျိုးဆက်အထိ ရန်သူအဖြစ်သတ်မှတ်ကြောင်း အဆိုပါခြိမ်းခြောက်စာတွင် ရေးသားခဲ့ခြင်းဖြစ်သည်။

''ငြိမ်းချမ်းရေးရဖို့အတွက် ကျွန် တော်အသက်ပေးဖို့ ဝန်မလေးဘူး။ ကချင် ဘင်လာဒင်ဆိုပြီး အမည်ခံ ထားတဲ့ ဒီပုဂ္ဂိုလ်ဟာ အကြမ်းဖက်သမားစိတ်ဓာတ်ရှိတယ် ဆိုတာ ပေါ်လွင်တယ်။ ဒီလိုပုဂ္ဂိုလ်မျိုး ရဲ့ ပြောစကားကိုအရေးတယူလုပ်ပြီး တော့ဂရုစိုက်နေရင်အိပ်ရေးပျက်တယ် ''ဟု ၄င်းက ပြောသည်။

အဆိုပါ ခြိမ်းခြောက်စာထဲတွင် ''ခင်ဗျားနဲ့ ခင်ဗျားရဲ့သားစဉ်မြေးဆက် မျိုးဆက်အားလုံးကို ကျုပ် ကချင်အမျိုးသားတစ်ဦးနေနဲ့ ရာသက်ပန်ရန်သူအဖြစ် သတ်မှတ်လိုက်ပြီ။ တွေ့ရာသင်္ချိုင်းဓားမဆိုင်းဘဲ ကျုပ်ရဲ့သား စဉ်မြေးဆက်အတိုင်း ဆက်လက်ပြီး ရန်သူ အဖြစ် သတ်မှတ်ထားလိုက်တယ်''ဟု ပါရှိကြောင်း သိရသည်။

''ကျွန်တော်ကတော့ မှန်တဲ့အတိုင်း ဆက်သွားမှာပဲ။ ဘယ်နတ်ဘုရားမှ ကျွန် တော့်ကို မပြောင်းလဲနိုင်ဘူး။ ကျွန်တော် တို့ မကျေနပ်တဲ့ သူတွေကအများကြီး။ ခရိုနီ၊ အစိုးရ၊ တိုင်းဒေသကြီး၊ အာဏာ ပိုင်အဖွဲ့ အစည်းတွေကတော့ ကျွန်တော့် ကို မကျေနပ်ဘူး။ ကျွန်တော်ပြောလိုက်ရင် သူတို့ဌာနတွေက နည်းနည်းနာသွားတာ တွေရှိတယ်။ အခု ကချင်ဘင်လာဒင်က လည်း အခဲမကျေဘူး''ဟု ဦးလှဆွေက ပြောသည်။

Messenger News Journal

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။