/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, February 20, 2013

.

ဖရုံသီး အတွင်း ထည့်သွင်း သယ်ဆောင် လာသော ဘိန်းနှင့် စိတ်ကြွ ဆေးပြားများ ဖမ်းဆီး ရမိ

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ အမှတ်(၆) ရပ်ကွက်၌ ဖေဖော်ဝါရီ ၁၆ ရက် ည ၇ နာရီက ဖရုံသီးထဲ၌ ထည့်သွင်း သယ်ဆောင် လာသော ဘိန်းစိမ်းနှင့် စိတ်ကြွ ဆေးပြားများ ဖမ်းဆီး ရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကွတ်ခိုင် ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ ကွတ်ခိုင်မြို့ အမှတ်(၆) ရပ်ကွက် တာမိုးညဲသို့ သွားသည့် ကားလမ်းတွင် ယာဉ်များအား ရပ်တန့် ရှာဖွေ စစ်ဆေးရာ ယာဉ်မောင်း ထွန်းထွန်းနိုင် မောင်းနှင်သည့် ၆ က /------- ပေါ်တွင် လိုက်ပါလာ သည့် ဒေါ်တင်မေ ၄၈ နှစ် (ဘ)ဦးတွမ်အရှမ်း (ခ)အိုက်ကျီ အမှတ်(၃) ရပ်ကွက် ကျောက်မဲ မြို့နေသူ၏ ပလတ်စတစ် ဆွဲခြင်း အတွင်းရှိ ဖရုံသီးထဲ၌ ထည့်သွင်း သယ်ဆောင်လာသော ဘိန်းစိမ်း တစ်ကီလိုဂရမ် တစ်ထုပ်နှင့် စိတ်ကြွ ဆေးပြား ၁၉ဝ ပြားစီ ပါသော အထုပ် ၃ဝ(အလေးချိန် ၅၁၃ ဂရမ်) အား ရှာဖွေ သိမ်းဆည်း ရမိခဲ့သည်။

ထို့ကြောင့် မူးယစ် ဆေးဝါးများ သယ်ဆောင် လာသူ ဒေါ်တင်မေကို ကွတ်ခိုင် ရဲစခန်းမှ မယ(ပ) ၁၉/၁၃ မူး/စိတ် ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။