/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, February 20, 2013

.

ပျဉ်းမနား မြို့၌ စကိတ် ကွင်းသစ်ကြီး ဖွင့်လှစ်


နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့ ဗိုလ်ချုပ်လမ်း မြို့ဦး အောင်ချမ်းသာ ရပ်ရှိ နေပြည်တော် ဝင်းစားသောက်ဆိုင် အတွင်း၌ ပျဉ်းမနား မြို့တွင် ဧရိယာ အကြီးမား ဆုံးသော နေပြည်တော် စကိတ် ကွင်းသစ် ကြီးကို ဖေဖော်ဝါရီ ၁၆ ရက်က စတင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

နေပြည်တော် စကိတ် ကွင်းကြီးသည် ပေ ၁၃ဝ ပတ်လည် အကျယ်အဝန်း ရှိပြီး ပျဉ်းမနား မြို့ပေါ်ရှိ စကိတ်ကွင်း များထဲတွင် ဧရိယာ အကျယ်ပြန့်ဆုံး ကွင်းကြီးဖြစ်ကြောင်း၊ ၎င်းစကိတ် ကွင်းအတွက် စကိတ်စီး ဖိနပ်များကို တရုတ်ပြည်ထိ သွားရောက် ဝယ်ယူထားခြင်း ဖြစ်ကာ လေးဘီးတန်း၊ စတန်းဒက် စသဖြင့် အဆင့်မြင့် စကိတ်စီး ဖိနပ်ပေါင်း အရန် ၅ဝဝ နီးပါးခန့် ရှိကြောင်း၊ ယခုမှ စတင် စကိတ် စီးကြမည့် လူငယ်လူရွယ် များအတွက် ဒူးကာနှင့် ဦးထုပ်များ အပြင် ဝါရင့် စကိတ် နည်းပြများ ထားရှိကြောင်း၊ စကိတ်စီးလာ လူငယ်လူရွယ် များအတွက် ပျော်ပွဲရွှင်ပွဲ များပါ ဖန်တီးပေးမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် နေပြည်တော် စကိတ် ကွင်းတွင် ပျဉ်းမနား မြို့ပေါ်၌ နာမည်ရ ထင်ရှားသော တရုတ် အစားအစာ အပါအဝင် ဒေသထွက် ဟင်းလျာများ စုံလင်သည့် စားသောက်ဆိုင်ကြီး ရှိသဖြင့် မိသားစု အလိုက် အပန်းဖြေ စားသောက်ရင်း စကိတ် လာရောက် စီးနင်း နိုင်ကြကြောင်း၊ အတွင်းအပြင် ဧရိယာ ကျယ်ဝန်းသဖြင့် စကိတ်စီးလာ လူငယ်လူရွယ် များ၏ စက်ဘီး၊ ဆိုင်ကယ်၊ ကားများကို လုံခြုံစွာ ထားရှိ နိုင်ကြောင်းနှင့် ပျဉ်းမနား မြို့ပေါ်ရှိ လူငယ်လူရွယ် များအတွက် အားကစားနှင့် ကျန်းမာရေး အထောက်အကူ ပြုရန် ရည်ရွယ်ကာ ဆောက်လုပ်ထားခြင်း ဖြစ်ကြောင်း နေပြည်တော် စကိတ်ကွင်း ပိုင်ရှင် ဦးစိုးတင့် ထံမှ သိရသည်။

Myawady News

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။