/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, February 20, 2013

.

အန်အယ်လ်ဒီ ညီလာခံ ကျင်းပရေး ကော်မရှင် ဥက္ကဌ အရိုက်ခံရ


၁၀-၂-၂၀၁၃ရက်နေ့ ည၁၀-၀၀နာရီကျော်ခန့်တွင် ရိုက်မှုဖြစ်ပွားခဲ့ပါသည်။

၂၇လမ်း၊ ၆၉ လမ်းထောင့် ယခင်ထွန်းလှ ဟိုတယ်၊ ယခုမြမန္တလာ ဟိုတယ်ရှေ့ တွင် ဆိုင်ကယ် စီးလာေ သာ "အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ် စိတ္တရမဟီ ရပ်ကွက် ညီလာခံ ကျင်းပရေးကော် မရှင်ဥက္ကဌဒေါက် တာေ ဇယျာနေဝင်း" အား အမည်မသိဆိုင်ကယ်သမား(၃)ယောက်မှ နောက်မှ ဝင်ရိုက်ခဲ့ပါသည်။

ဘေ့စ်ဘော ရိုက်တန် များဖြင့်ဆက်တိုက် ရိုက်ခဲ့ပါသည်။ဦးခေါင်းတွင်ပြင်းထန်စွာ ဒါန်ရာ ရရှိခဲ့ပြီး ခန္ဓာကိုယ် အနှံ့တွင်လည်း ဒါန်ရာရရှိခဲ့ပါသည်။ ၄င်းညတွင်ပဲ ရိုက်မှု(၇)မှု ဆက်တိုက်ဖြစ်ပွားခဲ့သည်ဟုကြားသိခဲ့ရ ပါသည်။

အမှုမှန်ပေါ်ပေါက်ရေး အတွက် သက်ဆိုင်ရာသို့တိုင်ကြား ထားပြီးလည်းဖြစ် ပါသည်။မန္တလေး မှာနောက် ထပ် ဒီလို ကိစ္စမျိုး ထပ်မဖြစ်ပေါ်ရေး အတွက် အားလုံး သတိဝရိယဖြင့် ပူးပေါင်းပါဝင် ကူညီကြဖို့ သတိပေး နှိုးဆော် အပ်ပါသည်။

http://www.oppositeyes.info/2013/02/blog-post_98.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။