/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, February 20, 2013

.

အဖြစ်များနေသော မုဒိမ်းမှု လျော့ကျစေရေး လိင်စိတ်ကြွဆေးများအား အထူးစီမံချက်ချ ဖမ်းပြီ

ရန်ကုန်တိုင်းဒေသကြီးအတွင်း လိင်စိတ်ကြွဆေးများကို အထူးစီမံချက်ဖြင့် စစ်ဆေး အရေးယူနေ ကြောင်း တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

အဖြစ်များ လာသော မုဒိမ်းမှု များကို လျော့ကျလာစေရန် ရည် ရွယ်ပြီး အမျိုးသား ဆေးဝါးဥပဒေ ဖြင့် အရေး ယူမှုပြုလုပ် မည်ဟု တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ က ပြော သည်။ အထူးစီမံချက်အရ စတင်ပြု လုပ်ပြီး ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ရဲအုပ်တစ်ဦး ခေါင်းဆောင်သည့် အဖွဲ့တစ်ဖွဲ့က လမ်းမေ တာ် ၁၅ လမ်းရှိ ဆေးဆိုင် တစ်ဆိုင်သို့ ဝင်ရောက်ရှာဖွေရာ Roselyn Fun Joy တံဆိပ်နှင့် Roselyn Virginity Top တံဆိပ်လိင်စိတ်ကြွဆေးများ ကို သိမ်းဆည်းရမိခဲ့သည့်အတွက် အမျိုး သားဆေးဝါး ဥပဒေ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်စစ်ဆေးနေသည်ဟု ရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။

မုဒိမ်းမှုဖြစ်စဉ်အချို့တွင် လိင်စိတ် ကြွဆေးများအသုံးပြုမှုများရှိနေ သည် ကိုတွေ့ရှိရသည့်အတွက် ရဲတပ် ဖွဲ့ မှ ရှာဖွေဖမ်းဆီးနေခြင်းဖြစ်သည်ဟု သိရသည်။ တစ်နိုင်ငံလုံးတွင် ၂ဝ၁၂ ဒီဇင်ဘာလအတွင်း ဖြစ်ပွား ခဲ့ေ သာ မှုခင်းများအနက် လူသတ်မှုပြီးလျှင်မုဒိမ်းမှုမှာ အများဆုံးဖြစ်ခဲ့ပြီး အမျိုး သမီး ၆၂ ဦး အဓမ္မကျင့် ခံ ခဲ့ ရသည်။ ထို့အတူ ၂ဝ၁၃ ဇန်နဝါရီလတွင် လည်း အမျိုးသမီး ၅၂ ဦး အဓမ္မ ကျင့်ခံခဲ့ရ သည့်အထဲတွင် ရန် ကုန် တိုင်းဒေ သကြီး၌ အများဆုံးဖြစ်နေ ကြောင်း သိရသည်။

UNFPA မှ ဒေါက်တာနေဝင်းက ”ဒီဆေးတစ်မျိုးတည်းကိုပဲ ဖမ်းဆီး နေမယ်ဆိုရင် ခဏတဖြုတ်ပဲ အဆင် ပြေ မယ်။ ပညာပေးမှရမယ်”ဟု သုံးသပ်သည်။ လိင်စိတ်ကြွဆေးများ ဖမ်းဆီးမှု အပေါ် ၄င်း က ထောက်ခံခဲ့ သော် လည်း လူငယ်များ ရေရှည် သုံးစွဲမှု မရှိစေရန် စီစဉ်သင့်ကြောင်း ထောက်ပြသည်။

Popular Myanmar News Journal

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။